Home သတင်း ပြည်တွင်းငြိမ်းချမ်း‌ရေးသာတူညီမျှမှု အ‌ခြေခံပြီး လုပ်‌ဆောင်ရန် ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ‌တောင်းဆို

ပြည်တွင်းငြိမ်းချမ်း‌ရေးသာတူညီမျှမှု အ‌ခြေခံပြီး လုပ်‌ဆောင်ရန် ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ‌တောင်းဆို

1555

မတ်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

လက်ရှိ အစိုးရနှင့် တိုင်းရင်းသား‌တော်လှန်‌ရေးလက်နက်ကိုင်အဖွဲ့များအကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း ‌ရေးဖြစ်စဉ်တွင် ရိုးသားမှု၊ ကတိတည်မှု၊ သာတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အ‌ခြေခံပြီး လုပ်‌ဆောင်ကြရန် ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များက ယ‌နေ့ ‌ကြေညာချက်တစ်‌စောင်ထုတ်ပြန်ကာ ‌တောင်းဆိုလိုက်သည်။

ကရင်ပြည်နယ်၊ ဖားအံမြို့ သု‌မေဓာရာမ‌ကျောင်းတိုက်၌ မတ်လ ၁၁ မှ ၁၂ ရက်‌နေ့အထိ ကျင်းပသည့် ကရင်တိုင်းရင်းသား ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ ငြိမ်းချမ်း‌ရေးဆိုင်ရာ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်လာ သည့် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များက ‌ဆွေး‌နွေးပွဲအပြီး ထိုသို့ ထုတ်ပြန်‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

‌ဆွေး‌နွေးပွဲနာယကဖြစ်သူ သု‌မေတ္တာရာမ ကြား‌တောရ ‌ကျောင်းထိုင်ဆရာ‌တော် အရှင်စန္ဒာဝရက “ပြည်တွင်း ပဋိပက္ခက မညီမျှလို့ ဖြစ်ရတာ၊ အပြန်အလှန်အမှီအခို ပြုမယ်ဆိုရင် ပဋိပက္ခဆိုတာဖြစ်ပွားတာ မဟုတ်ဘူး။ ဒီ‌တော့ ငြိမ်းချမ်း‌ရေးရဖို့က တူညီမျှမှုနဲ့ တရားမျှတမှုအ‌ပေါ် စစ်မှန်တဲ့ ‌စေတနာကို အ‌ခြေခံပြီး‌တော့ လုပ်‌ဆောင် သွားမှ ရမယ်။ ဒါ‌ကြောင့် ဒီလို ‌တောင်းဆိုတာပါ”ဟု ‌ကေအိုင်စီသို့ မြွတ်ကြားသည်။

နှစ်ရက်ကြာပြုလုပ်သည့် ယင်း‌ဆွေး‌နွေးပွဲတွင် ကရင်အမျိုးသား အဖွဲ့အစည်း‌ပေါင်းစုံပါဝင်‌သော ကရင်အမျိုးသား စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC)မှ ဦး‌ဆောင်ပြီး ကရင်ဗုဒ္ဒဘာသာဆရာ‌တော် ၃၃ ပါး၊ ခရစ်ယာန်ဘာသာ ဆရာ‌တော် ၄ဝ ဦးနှင့် လူပုဂ္ဂိုလ် ၂၇ ဦး တက်‌ရောက် ‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သူ သိက္ခာ‌တော်ရ ဆရာ‌တော် ‌စောမက်သယူး‌အေးက ကရင်အမျိုးသားငြိမ်းချမ်း‌ရေး နှင့် အနာဂါတ်လှပ‌ရေးအတွက် သာသနာ့‌ခေါင်း‌ဆောင်များအ‌နေဖြင့် ဘာသာတရားအဆုံးအမအတိုင်း ကျင့်ကြံ လိုက်နာပြီး အစွန်း‌ရောက်ဝါဒများ ‌ရှောင်ရှား‌ပြောဆို၍ တစ်ခုတည်း‌သော ကရင်အမျိုးသား အလံတိုင်‌အောက်၌ ကရင်အမျိုးသား‌ရေးကို ဦးတည်လုပ်‌ဆောင်သွားရမည်ဖြစ်‌ကြောင်း ‌ဆွေး‌နွေးပွဲတွင် ‌ပြောဆိုခဲ့သည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲအပြီး ထုတ်ပြန်ထားချက်၌ ဘာသာတိုင်း အ‌ခြေခံတရားသည် “ငြိမ်းချမ်း‌ရေး” ဖြစ်သဖြင့် အစိုးရနှင့် ကရင်လက်နက်ကိုင်အဖွဲ့များအကြား ‌ဖော်‌ဆောင်သည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အပြည့်အဝ‌ထောက်ခံ ‌ကြောင်း၊ ပဋိပက္ခ‌ပြေလည်ရုံဖြင့် မလုံ‌လောက်ဘဲ ကရင်လူထုတစ်ရပ်လုံးလှုံခြုံမှု အာမခံချက်နှင့် တရားမျှတရရှိ ‌ရေးအတွက် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များအားလုံး တာဝန်ရှိ‌ကြောင်း၊ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်စဉ် ရွာပုန်းရွာ ‌ရှောင်များကို ‌ဖေးမကူညီရန်နှင့် လူထုအား အသိပညာ‌ပေးများ လုပ်‌ဆောင်သွားရန် အပါအဝင် အချက် ၈ ချက် ‌ဖော်ပြထားသည်။
KUPC မှ ဦး‌ဆောင်၍ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည့်အနက် ယခုတစ်ချိန်သည့် ဘာသာ‌ရေး‌ခေါင်း‌ဆောင်အများဆုံး ပါဝင်‌ဆွေး‌နွေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ မတ်လ ၂၉-၃ဝရက်‌နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ကရင်‌ရေးရာအစည်းအ‌ဝေးတွင် ‌ကော်မတီဝင် ၃၇ဖြင့် KUPC ကို စတင်ဖွဲ့စည်းခဲ့သည်။ ထို့‌နောက် ၂၀၁၃ခုနှစ် ‌မေလ ၁၈-၁၉ရက်‌နေ့တွင် ရန်ကုန်မြို့ ‌ရွှေသံလွင်ကွန်ဒို (Hope International) သင်တန်းခန်းမ၌ အဖွဲ့ဝင် ၅၄ဦးဖြင့် ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။