Home သတင်း ‌ဟောင်သ‌ရော မြစ်ကူးရာတွင် စနစ်တကျ လုံခြုံမှုရှိရန် ‌ဒေသခံများ လိုလား

‌ဟောင်သ‌ရော မြစ်ကူးရာတွင် စနစ်တကျ လုံခြုံမှုရှိရန် ‌ဒေသခံများ လိုလား

2403

မတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ လှိုင်ကွယ်-မဲ‌သေ‌ရောအပိုင်း ‌တောင်ကြာအင်းနှင့် ‌မြောက်ကြာအင်း‌ကျေးရွာ အကြားရှိ ‌ဟောင်သ‌ရောမြစ်ကို ဖြတ်ကူးရာတွင် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများမှ လုံခြုံစွာ စနစ်တကျ စီစဉ်‌ပေးရန် လိုလား‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ယခု မတ်လအလယ်ခန့်က ‌ဟောင်သ‌ရောမြစ်၏ လက်ရှိ တံတားတည်‌ဆောက်ရာ‌နေရာ အထက်ပိုင်းရှိ ၁မိုင် ဝန်းကျင်အကွာ တွင် မြစ်ကူး‌ဖောင်‌နေရာအဖြစ် အသစ်သတ်မှတ်ထားသည့်‌နေရာမှာ အလွန်‌ရေစီးသန်သည့်အတွက် သက်ဆိုင်ရာ အစိုးရအာ ဏာပိုင်များအ‌နေဖြင့် ကမ်းပါးကုန်းအတက်အဆင်း ခိုင်ခိုင်မာမာ တည်‌ဆောက်‌ပေးရန် ‌ဒေသခံများက လိုလား‌နေကြခြင်း ဖြစ် သည်။

‌ကော့ကရိတ်မြို့နယ် ‌တောင်ပိုင်း‌ဒေသတွင် ‌နေထိုင်သည့် ‌ဒေသခံအများစုသည် ကရင်ပြည်နယ်အတွင်း အခြား‌နေရာနှင့် မြို့များ သို့ စီးပွား‌ရေး၊ လူမှု‌ရေး၊ ကူးသန်း‌ရောင်းဝယ်‌ရေး ပြုလုပ်သည့်အခါတွင် ‌ဟောင်သ‌ရောမြစ်ကို မဖြစ်မ‌နေ သွားလာဖြတ်ကူး‌နေရ သည့်အတွက် မြစ်ဖြတ်ကူးသည့်အချိန်တွင် ‌ဘေးကင်းမှုရှိရန်လို‌ကြောင်းကို ‌ဒေသခံတစ်ဦးဖြစ်သူ မန်းဉာဏ်‌အောင်က ‌ကေအိုင် စီသို့ ယခုလို ‌ပြောသည်။

“အခု မြစ်ကူးတံတားစီမံကိန်း‌ကြောင့် အသစ်‌ပြောင်းလိုက်တဲ့ မြစ်ကူးမယ့်‌နေရာက အတက်အဆင်း တအား အန္တရာယ်များ တယ်။ ကုန်း‌ပေါ်က‌နေ ‌ဖောင်‌ပေါ်ကိုဆင်းတဲ့အခါ လမ်းက မတ်‌စောက်‌နေ‌တော့ မိန်းက‌လေး‌တွေ မ‌ပြောနဲ့၊ သာမန်‌ယောက်ျား ‌တွေ‌တောင် မနည်းထိန်းပြီး ဆင်းရတယ်။ ‌ဖောင်သစ်ပြား‌တွေကလည်း ‌ဆွေးတာ၊ ကျိုးတာ ရှိတယ်။ ‌လှေကူးခကလည်း တခြား ‌နေရာထက် ‌ဈေးပိုကြီးတယ်”ဟု ၎င်းက ‌ပြောသည်။

လက်ရှိအချိန်တွင် ‌ဟောင်သ‌ရောမြစ်ကူးတံတားကြီး ‌ဆောက်လုပ်သည့်အတွက် ‌ရေနက်သည့်‌နေရာသို့ မြစ်ကူး‌ဖောင်‌နေရာအ သစ် ‌ပြောင်း‌ရွှေ့ပြီး ‌ဒေသခံများ၏ လိုလားချက်များကို ‌ဆောင်ရွက်‌ပေးမည်ဟု ‌တောင်ကြာအင်း‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး မန်းချစ် ကိုကိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌လော‌လောဆယ် တံတားလည်း စတင်‌ဆောက်လုပ်တဲ့အတွက် လမ်းလွဲ‌တော့ လုပ်ရတယ်‌ပေါ့‌နော်။ လမ်းက နည်းနည်း‌တော့ မတ်‌စောက်တယ်။ ဒီထက်အဆင်‌ပြေ‌အောင်‌တော့ ကျ‌နော်ပြင်‌ပေးဖို့ ရှိပါတယ်။ အ‌ခြေအ‌နေ‌တွေကို ကျ‌နော်တို့ ကြည့်‌နေပါ တယ်”ဟု ‌ပြောဆိုသည်။

ယခုမြစ်ကူး‌ဖောင်သည် ‌တောင်ကြာအင်းနှင့် ‌မြောက်ကြာအင်း‌ကျေးရွာမှ အုပ်ချုပ်‌ရေးမှူးများက တာဝန်ယူ ကန်ထရိုက်ဆွဲထားပြီ ဖြစ်၍ ဖြတ်သန်းခွင့်ကို မြို့‌တော်စည်ပင်သို့ တနှစ်လျင် ကျပ် ၈၉သိန်း အခွန်‌ပေး‌ဆောင်ရ‌ကြောင်း၊ မြစ်ဖြတ်ကူးခအတွက် နိုင်ငံ ‌တော်မှ ချမှတ်ထားသည့် ‌ဈေးနှုန်းအတိုင်း ဆိုင်ကယ်တစ်စီး ၅၀ဝကျပ်၊ လူတစ်ဦး ၂၀ဝကျပ်နှင့် ကားတစ်စီး အနည်းဆုံး ငါး ‌ထောင်မှ ကျပ်တစ်‌သောင်းအထိဖြစ်‌ကြောင်း သိရသည်။

‌နေရာအသစ်‌ပြောင်းထားသည့် မြစ်ကူး‌ဖောင်တွင် တစ်ရက်လျင် ဆိုင်ကယ်အစီး‌ပေါင်း ၂၀၀‌ကျော်နှင့် ကားအစီး‌ပေါင်း အနည်း ဆုံး ၅စီးအထက် ဖြတ်ကူး‌ပေးရကာ ရရှိလာသည့် အခ‌ကြေး‌ငွေများကို ‌ကျေးရွာအတွင်းရှိ ပညာ‌ရေး၊ ကျန်းမာ‌ရေး စသည်တို့အ တွက် ပြန်လည်လှူဒါန်းမှုများ ပြုလုပ်‌နေကြာင်းလည်း ‌တောင်ကြာအင်း ‌ကျေးရွာအုပ်ချုပ်‌ရေးမှုး မန်းချစ်ကိုကိုက ဆိုသည်။

ယခင် မြစ်ကူး‌ဖောင်‌နေရာကို ယခု‌ဟောင်သ‌ရောမြစ် တံတားကြီးတည်‌ဆောက်‌နေသည့် ကပ်လျက်အထက်နားတွင် ထားရှိပြီး တံတားတည်‌ဆောက်ခြင်း‌ကြောင့် ယခုမတ်လအလယ်တွင် မြစ်ကူး‌ဖောင်‌နေရာ ‌ပြောင်း‌ရွှေ့ခဲ့ခြင်းဖြစ်သည်။ ‌ဟောင်သ‌ရောမြစ် ကို လွယ်ကူစွာ သွားလာနိုင်ရန်နှင့် အချိန်ကုန်‌ငွေကုန်သက်သာ‌စေရန် ရည်ရွယ်၍ အစိုးရ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန၏ ‌ကော့ ကရိတ်မြို့နယ် ‌ဆောက်လုပ်‌ရေးစီမံကိန်း အထူးအဖွဲ့(၂)မှ နိုင်ငံ‌တော်ဘတ်ဂျက်ဖြင့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလတွင် တံတား စတင် ‌ဆောက်လုပ်ခဲ့ပြီး သုံးနှစ်အတွင်း အပြီး‌ဆောက်လုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။