Home သတင်း ‌ကျောက်မိုင်းထိ၍ ပျက်စီးသွားသည့် မြိုင်က‌လေး‌မြေယာများ နစ်နာ‌ကြေး မရရှိ‌သေး

‌ကျောက်မိုင်းထိ၍ ပျက်စီးသွားသည့် မြိုင်က‌လေး‌မြေယာများ နစ်နာ‌ကြေး မရရှိ‌သေး

1894

မတ် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့ မြိုင်က‌လေး တန်(၄၀၀၀) ဘိလပ်‌မြေစက်ရုံမှ ဘိလပ်‌မြေထုတ်လုပ်ရန် ထုံး‌ကျောက်‌တောင်များ မိုင်း ခွဲခြင်း‌ကြောင့် ယင်း‌ဒေသရှိ ဖားကပ်‌ကျေးရွာအုပ်စုဝင် နတ်ကုန်းရွာရှိ ပျက်စီးဆုံးရှုံးသွားသည့် ‌မြေယာများမှာ ၁၃နှစ်ကြာလာ သည့်တိုင် နစ်နာ‌ကြေး မရရှိ‌သေး‌ကြောင်း ‌ဒေသခံလယ်သမားများက ‌ပြောဆိုသည်။

ယင်းစက်ရုံမှ ဘိလပ်‌မြေထုတ်လုပ်သည့်အခါ ထုံး‌ကျောက်‌တောင် မိုင်းခွဲ၍ လယ်ယာ‌မြေများ‌ပေါ် ‌ကျောက်တုံးများ လွှင့်စင်ကာ ပျက်စီးဆုံးရှုံးသွားသည့် ‌ဒေသခံလယ်သမား ၃ဝဦး၏ ‌မြေယာအတွက် နစ်နာ‌ကြေး‌ပေးရန် သက်ဆိုင်ရာ စက်ရုံနှင့် အစိုးရဌာန များသို့ အကြိမ်ကြိမ် စာတင်‌သော်လည်း အ‌ရေးယူ‌ဆောင်ရွက်မှုများ မရှိ‌ကြောင်း လယ်‌မြေနစ်နာဆုံးရှုံးရသူ ‌စော‌အောင်‌ထွေးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ လယ်သမား‌တွေရဲ့ ‌တောင်းဆိုမှုကို တခါမှ သူတို့ အ‌ရေးတယူလုပ်‌ပေးတာ မရှိဘူး။ ဒါ‌ပေမယ့် မကြာ‌သေးခင်က ‌ကျောက်မိုင်းတာဝန်ခံ ဦးမြင့်စိုးနဲ့ သူ့ဇနီးတို့က လယ်‌မြေနစ်နာ‌ကြေး‌ပေးဖို့ ကျ‌နော်တို့ လယ်သမား‌တွေနဲ့ လာ‌ရောက်ညှိနှိုင်း‌သေး တယ်။ သူတို့‌ပေးမယ့် နစ်နာ‌ကြေးက လယ်‌မြေတစ်ဧကကို တစ်သိန်းက‌နေ နှစ်သိန်း‌လောက်ပဲဆို‌တော့ ကျ‌နော်တို့‌တွေက လက် မခံနိုင်ကြဘူး”ဟု ‌စော‌အောင်‌ထွေးက ‌ပြောသည်။

မြိုင်က‌လေးဘိလပ်‌မြေစက်ရုံ ‌ကျောက်မိုင်းတာဝန်ခံ ဦးမြင့်စိုးနှင့် ဇနီးသည် ယခုနှစ် ဇန်နဝါရီ ၃ဝရက်‌နေ့ က နတ်ကုန်းရွာ လယ် ‌မြေနစ်နာသူများနှင့် လာ‌ရောက်‌တွေ့ဆုံ ညှိနှိုင်းခဲ့ရာ၌ လယ်ပိုင်ရှင်များက ၎င်းတို့၏ လယ်‌မြေများမှာ ၁၃နှစ်ကြာ လယ်မလုပ်နိုင်ခဲ့ သဖြင့် သီးစားစပါးတင်း ရာနှင့်ချီ၍ နစ်နာခဲ့ရသည့်အတွက် လယ်‌မြေတစ်ဧကကို ကျပ်သိန်း၂ဝမှ ၄ဝအထိ နစ်နာ‌ကြေးရရှိမှသာ ‌ကျေနပ်နိုင်မည်ဖြစ်‌ကြောင်း ‌စော‌အောင်‌ထွေးက ဆက်‌ပြောသည်။

‌ဒေသခံလယ်သမားများသည် ၎င်းတို့ လယ်‌မြေနစ်နာ‌ကြေးအတွက် ‌နောက်ဆုံးအကြိမ်ဖြင့် ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၁၈ရက်‌နေ့က ရန်ကုန်မှ အစိုးရ စစ်‌ထောက်ချုပ်ရုံးသို့ စာတင်အ‌ကြောင်းကြားပြီး‌နောက် ယခုနှစ် ဇန်နဝါရီ ၉မှ ၁ဝရက်‌နေ့အထိ သက်ဆိုင်ရာ တာဝန်ရှိသူများ လာ‌ရောက်စစ်‌ဆေးခဲ့‌သော်လည်း တစုံတရာ အ‌ကြောင်းထူးလာခြင်းမရှိ‌ကြောင်း သိရသည်။

ထို့အပြင် ‌နောက်ဆုံးအကြိမ် လာ‌ရောက်စစ်မှုပြုလုပ်စဉ်က လယ်‌မြေ‌ဈေးနှုန်းကို ‌ဒေသန္တရ‌ပေါက်‌ဈေးအတိုင်း ‌လျော်‌ကြေးအ တွက် သိရှိရန် ခရိုင်လယ်ယာ‌မြေ စီမံခန့်ခွဲ‌ရေး‌ကော်မတီနှင့် လယ်/ဆည်ဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များနှင့်အတူ ကွင်းဆင်းစစ်‌ဆေး ပြီးမှသာ ‌မြေအမျိုးအစားအလိုက် ‌ပေါက်‌ဈေးနှုန်းကို သိရမည်ဖြစ်ပြီး ယင်း‌ဈေးနှုန်းအရ စက်ရုံမှ ‌လျော်‌ကြေး‌ပေမည်ဟု ဦးမြင့် စိုးက ‌ပြောခဲ့‌ကြောင်း လယ်‌မြေနစ်နာသူ မန်းထက်ခိုင်က ‌ပြောသည်။

“လယ်သမား‌တွေကို ‌ပြောတုန်းက‌တော့ စက်ရုံက စိုက်‌လျော်‌ပေးမယ်လို့ ကြားရတယ်။ ဒါ‌ပေမယ့် ‌နောက်ထပ် ဘာမှ မကြားရ ‌တော့ဘူး။ ကျ‌နော်တို့ ‌ဒေသခံ‌တွေ သံသယဝင်မိ‌နေတာ အမှန်ပဲ”ဟု မန်းထက်ခိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

လယ်သမားများအ‌ရေးကို လိုက်လံ‌ဆောင်ရွက်‌ပေး‌နေသည့် ကရင်ပြည်နယ် ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေးအွာက “လယ် သမား‌တွေကို ‌လျော်‌ကြေး‌ပေးမှာက စက်ရုံလား၊ ကုမ္ပဏီလား။ ပြီး‌တော့ ‌ပေးမှာ က ‌မြေငှား‌ကြေးလား၊ နစ်နာ‌ကြေးလား။ အပြီး ဝယ်ပုံစံနဲ့ ‌ကြေး‌ပေးမလား။ ဒါကို တာဝန်ရှိသူ‌တွေရဲ့ ‌ပြောဆိုတာကို ‌ဒေသခံလယ်သမား‌တွေ သိရှိပြီး ကျမတို့ဆီကို တင်ပြလာ ရင် ကျမတို့ဘက်ကလည်း လွှတ်‌တော်ကို ‌တောင်းဆို‌ပေးမှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြိုင်က‌လေးဘိလပ်‌မြေစက်ရုံ၏ ‌ကျောက်မိုင်းထိ၍ ပျက်စီးထိခိုက်နစ်နာသည့် နတ်ကုန်းရွာရှိ ‌ဒေသခံ လယ်‌မြေဧက စုစု‌ပေါင်းမှာ ၁၄၂. ၅၂ဧကရှိ‌ကြောင်း သိရသည်။