Home သတင်း အ‌မေရိကန် အမီဂိုးစ်‌တေးဂီတအဖွဲ့နှင့် တိုင်းရင်းသားဂီတအဖွဲ့များ ပူးတွဲ၍ ‌ဖျော်‌ဖြေမှုပြုလုပ်

အ‌မေရိကန် အမီဂိုးစ်‌တေးဂီတအဖွဲ့နှင့် တိုင်းရင်းသားဂီတအဖွဲ့များ ပူးတွဲ၍ ‌ဖျော်‌ဖြေမှုပြုလုပ်

1276

မတ် ၃ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

အ‌မေရိကန် တိုင်းရင်းရိုးရာအမီဂိုးစ်(The Amigos) ‌ကျေးလက်ဂီတအဖွဲ့နှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားရိုးရာဂီတ အဖွဲ့တို့ ပူး‌ပေါင်း‌ဖျော်‌ဖြေသည့် ဂီတပွဲတစ်ရပ်ကို ရန်ကုန်တိုင်း၊ ‌ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းမ‌ပေါ်ရှိ ဝဇီရာရုပ်ရှင် ရုံ၌ မတ်လ ၃ဝရက်‌နေ့ ည ၇နာရီတွင် ကျင်းပခဲ့သည်။

ဂီတ‌ဖျော်‌ဖြေပွဲတွင် ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားဂီတအဖွဲ့နှင့် အမီဂိုးစ်‌တေးဂီတအဖွဲ့တို့သည် တစ်ဖွဲ့ ချင်းစီ ပူး‌ပေါင်း‌ဖျော်‌ဖြေသီဆိုမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အ‌မေရိကန်သံအမတ်ဒဲရစ်မစ်ချဲယ်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးလူမင်း၊ ကုလသမဂ္ဂ လက်‌အောက်ခံအဖွဲ့များ၊ တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များ နှင့် ဖတ်ကြားထားသူ ပရိဿတ် တစ်‌ထောင်ဝန်းကျင် တက်‌ရောက်ခဲ့ကြသည်။

“အမီဂိုးစ်ရဲ့ ဂီတက ဂီတ‌လောကအ‌ပေါ် ဘယ်လိုလွှမ်းမိုးမှုရှိလဲ ရှင်းပြပါရ‌စေ။ အ‌မေရိကန်‌တောင်ပိုင်း၊ ‌မြောက်ပိုင်းနဲ့ အာဖရိ ကန်နွယ်ဖွား‌တွေ အ‌မေရိကန်‌ကျေးလက်‌ဒေသစုံကလာတဲ့ ဂီတအမျိုးအစား‌တွေကို မတူကွဲပြားမှု‌တွေနဲ့ စု‌ပေါင်းပြီး‌တော့မှ အမီဂိုးစ်ဂီတအဖွဲ့ ဖြစ်‌ပေါ်လာရတာပါ။ မြန်မာနိုင်ငံမှာလည်း မတူကွဲပြားတဲ့ တိုင်းရင်းသား‌တွေ မျိုးစုံရှိတယ်ဆိုတာ ကျ‌နော် သိထားပါတယ်။ မြန်မာတိုင်းရင်းသား‌တွေရဲ့ ဂီတနဲ့ အ‌မေရိကန်ရိုးရာဂီတတို့ ယဉ်‌ကျေးမှုဖလှယ်ရင်း ပူးတွဲတင်ဆက်တာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ အ‌မေရိကန်သံအမတ် ဒဲရစ်မစ်ချဲလ်က ‌ဖျော်‌ဖြေပွဲအခမ်းအနားတွင် ‌ပြောဆိုသည်။

ဂီတပွဲတွင် ကရင်တိုင်းရင်းသားကိုယ်စားပြု ‌ဖျော်‌ဖြေခဲ့သည့် ‌ဒေါန‌မြေဂီတအဖွဲ့မှ ‌စောထီးမူးက “ကျ‌နော်တို့ အမီဂိုးစ်ဂီတ အဖွဲ့က‌နေ ‌လေ့လာသင်ယူစရာ‌တွေ ရလိုက်တယ်။ သူတို့ဆီက ‌ဒေသ၊ လူမျိုး၊ ယဉ်‌ကျေးမှု မတူတာ‌တွေကို မညီမျှခြင်းလို့ မမြင်ဘဲ ဘယ်လို‌ပေါင်းစပ်မလဲ‌ပေါ့။ ဒီလိုပဲ ကျ‌နော်တို့ ကရင်လူမျိုး‌တွေလည်း ‌ဒေသ၊ စကား၊ ကိုးကွယ်ယုံကြည်မှု‌တွေ ဥပမာ စ‌ကော၊ ပိုး စသည်ဖြင့် မတူတာ‌လေး‌တွေရှိတယ်။ ဒီလိုယဉ်‌ကျေးမှုမတူတာ‌တွေကို ဘယ်လို‌ပေါင်းစပ်မလဲ အမြင်ရ လာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းကလည်း အ‌မေရိကန်တိုင်းရင်းဂီတကို ‌လေ့လာဖလှယ်ခွင့်ရသည့်အတွက် ဂုဏ်ယူသလို မတူကွဲပြားမှုများကို ‌ပေါင်းစပ်ရာတွင် ဂီတရဲ့စွမ်းရည်ကို မိမိယုံကြည်လက်ခံ‌ကြောင်း၊ ကမ္ဘာ့အ‌ရှေ့အ‌နောက် မတူညီ‌သော်လည်း ရိုးရာယဉ်‌ကျေးမှုနှစ်ခု ‌ပေါင်းစပ်‌ဖျော်‌ဖြေနိုင်သည်ကို ‌တွေ့ရပြီး ‌နောက်‌နောင်တွင် ယခုကဲ့သို့ ယဉ်‌ကျေး မှု ဖလှယ်ပူး‌ပေါင်း‌ဖျော်‌ဖြေပွဲများ မြင်‌တွေ့ရန်‌မျှော်လင့်‌ကြောင်း ‌ပြောသည်။

ယခုပြုလုပ်သည့် ဂီတ‌ဖျော်‌ဖြေပွဲကို မြန်မာနိုင်ငံဆိုင်ရာ အ‌မေရိကန်သံရုံးက ဦး‌ဆောင်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ပထမဦးဆုံးအကြိမ် ပူး‌ပေါင်းစီစဉ်တင်ဆက်သည့် နှစ်နိုင်ငံ တိုင်းရင်းသားရိုးရာ ဂီတ‌ဖျော်‌ဖြေပွဲဖြစ်‌ကြောင်း သိရသည်။