Home သတင်း အဓမ္မထွန်ယက်ခံရသည့် လယ်‌မြေဧက ၃၀ဝ ‌ကျော် ဆုံးရှုံးမည်ကို ပိုင်ရှင်လယ်သမားများ စိုးရိမ်

အဓမ္မထွန်ယက်ခံရသည့် လယ်‌မြေဧက ၃၀ဝ ‌ကျော် ဆုံးရှုံးမည်ကို ပိုင်ရှင်လယ်သမားများ စိုးရိမ်

1622
မတ် ၄ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် အိန္ဒုဂွင်ရှိ လယ်သမားများ ပိုင်ဆိုင် ၁၆ ဦး၏ လယ်‌မြေဧက ၃၀ဝ ‌ကျော်ကို ဘုရားကုန်း ငြိမ်းချမ်း‌ရေးအထူး‌ဒေသမှ ပြည်သူစစ်‌ခေါင်း‌ဆောင် ဦးမြင့်သန်းနှင့်အဖွဲ့က အသိ‌ပေးခြင်း မရှိဘဲ ဝင်‌ရောက်ထွန်ယက်မှုများ ပြုလုပ်ခဲ့သည့်အတွက် လယ်‌မြေဆုံးရှုံးမည်ကို ပိုင်ရှင်လယ်သမားများ စိုးရိမ်‌နေ ကြသည်ဟု သိရသည်။

ဇန်နဝါရီ ၁၉ရက်‌နေ့က ‌ကော့စိန်ဘန်‌အောက်‌ကျေးရွာအုပ်စု၊ သ‌ပြေကုန်း‌ကျေးရွာနှင့် ‌ရွှေ‌တော‌ကျေးရွာအုပ် စု နတ်ကျွန်း‌ကျေးရွာ လယ်သမားများပိုင်သည့် လယ်‌မြေများ‌ပေါ်တွင် အဆိုပါအဖွဲ့က ‌ကောက်ရိုးငုပ်များကို ဝင်‌ရောက်ထွန်ယက်ရှင်းလင်းမှုများပြုလုပ်ပြီး‌နောက် လယ်သများက သက်ဆိုင်ရာ ဖားအံမြို့နယ်၊ ‌မြေယာ စီမံခန့်ခွဲမှု ‌ကော်မတီသို့ အသနားခံစာတင်ခဲ့‌သော်လည်း ယခုမတ်လ ၄ရက်‌နေ့အထိ ‌ဖြေရှင်းအ‌ရေးယူမှုများ မရှိ‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

သ‌ပြေကုန်း‌ကျေးရွာသူ အဖွား နန်းမူးထူးက “အဖွားတို့က ‌ခေတ်အဆက်ဆက်က‌နေပြီး မတရားမှု‌တွေကို ခံလာခဲ့ရတယ်။ အခု ဒီလို သူတို့လုပ်တာ လယ်သမား‌တွေ ဘာတစ်ခုမှ အသိမ‌ပေးဘူး။ သူတို့ ‌ငွေနဲ့ ‌ပေးရင် မယူဘူး။ အစားထိုး‌ပေးတာလည်း မယူဘူး။ မိမိပိုင်တဲ့ လယ်‌မြေကိုပဲ ပြန်ယူမယ်။ အဖွားတို့ လယ်‌မြေဆုံး ရှုံးမှာကို စိုးရိမ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံများ၏ လယ်‌မြေများထဲသို့ ဝင်‌ရောက်ထွန်ယက်မှုများဖြစ်ပွားပြီး‌နောက် ‌ဖေ‌ဖေါ်ဝါရီ ၂၆ရက်‌နေ့က ဦးမြင့်သန်း အပါအဝင် နတ်ကျွန်းအ‌ရှေ့ သ‌ပြေကုန်း တိုက်နယ်‌မြေစာရင်းမှူး ‌စော‌နေလင်း၊ မြို့နယ်‌မြေ စာရင်းမှူး ဦးညွန့်ဝင်း၊ ‌ကော့စိန်ဘန်‌အောက် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောခင်‌ကျော်ဟိန်းတို့က ယင်း‌ဒေသို့ လာ‌ရောက်ပြီး လယ်သမားများ လုပ်ကိုင်‌နေသည့် လယ်‌မြေ‌နေရာများသည် ‌မြေပုံဖြင့် ကြည့်ကာ ‌နေရာမှားယွင်း ‌နေမှုများရှိ‌နေသည်ဟု ‌ပြောသွားခဲ့‌ကြောင်း သိရသည်။

တဆက်တည်းမှာပင် ထို‌နေ့၌ ဘုရားကုန်း ငြိမ်းချမ်း‌ရေးအထူး‌ဒေသမှ ပြည်သူစစ်‌ခေါင်း‌ဆောင် ဦးမြင့်သန်း က “ဒီ‌မြေ‌တွေဟာ နိုင်ငံ‌တော် ချ‌ပေးထားတာပါ။ ‌နောက်တစ်ချက်က ဒီလယ်‌မြေ‌တွေ လယ်သမားများက မလုပ်ကြဘူး။ ဒီအတိုင်းပဲ ပစ်ထားကြတယ်”ဟု ‌ပြောဆိုခဲ့သည်။

သို့‌သော် အဓမ္မထွန်ယက်ခြင်းခံရသည့် အဆိုပါ လယ်‌မြေများသည် လယ်သမား‌ပြေစာအရ ကွင်းအမှတ် (၁၁၅၃)မှ (၁၁၅၄) ဖြစ်ပြီး ကွင်းအမည်မှာ နတ်ကျွန်း‌ရှေးနှင့် ထန်းထပင်ကွင်းများဖြစ်ကြကာ ဦးပိုင် အမှတ်(၅)မှ (၂၈) အထိ ဆက်စပ်‌မြေအားလုံးပါဝင်သည်ဟု ‌ဒေသခံလယ်သမားများက ‌ပြောသည်။

သ‌ပြေကုန်း ရွာ၏ ရာအိမ်မှူးဖြစ်သူ ‌စောဒ‌ဂေးက “ဝင်‌ရောက်ထွန်ယက်ခံခဲ့ရတဲ့ လယ်‌မြေ‌တွေဟာ အသိ‌ပေး တာ မရှိတဲ့အပြင် ဝင်‌ရောက်လာတုန်းက လယ်သမားများ၏ ခြံစည်းရိုးတိုင်များကိုလည်း ဖျက်ဆီးခဲ့တယ်။ ဦးက ရာအိမ်မှူးဆို‌တော့ ကိုယ့်ရဲ့ ‌ကျေးရွာသူ ‌ကျေးရွာသား‌တွေ စိတ်ချမ်းသာတာကိုပဲ ‌တွေ့မြင်ချင်တယ်။ လယ်သမား‌တွေက သူတို့ပိုင် လယ်‌မြေ‌တွေကို မရမချင်း ပြန်ယူကြ ရမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဆိုပါ လယ်‌မြေအတွင်း ဝင်‌ရောက်ထွန်ယက်မှုအ‌ပေါ် ယခုရက်ပိုင်းအတွင်း ‌နေပြည်‌တော်သို့ လွှတ်‌တော်အစည်းအ‌ဝေး တက်‌ရောက်‌နေသည့် ပြည်သူ့လွတ်‌တော် ကိုယ်စားလှယ် နန်း‌စေအွာက လွှတ်‌တော်ရပ်နားသည့်အခါ ကရင်ပြည်နယ်အတွင်းရှိ ‌မြေကိစ္စများကို လိုက်လံကွင်းဆင်းစစ်‌ဆေးသွားမည် ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။