Home သတင်း အစိုးရစစ်တပ်ပစ်ခတ်၍ အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ဟု FBR ‌ပြော

အစိုးရစစ်တပ်ပစ်ခတ်၍ အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ဟု FBR ‌ပြော

1440

မတ်လ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

မြန်မာအစိုးရစစ်တပ်ပစ်ခတ်၍ ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ‌ကြောင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသား ‌ဒေသ များအတွင်း ကြုံ‌တွေ့‌နေရသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ‌စောင့်ကြည့်‌နေသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မြန်မာပြည်လွတ်‌မြောက်‌ရေးအဖွဲ့(FBR)က မတ်လ ၁၂ရက်‌နေ့၌ သတင်းထုတ်ပြန်ခဲ့သည်။

အပစ်ခံရသူသည် FBR မှ ဗွီဒီယိုရုပ်သံမှတ်တမ်းလိုက်ယူ‌နေသူ အသက် ၂၅နှစ်အရွယ် ‌စောရှဲ‌စေးဖြစ်ပြီး ၎င်းသည် ‌ဖေ‌ဖော်ဝါရီ ၁၈ ရက်‌နေ့က ကရင်ပြည်နယ်‌မြောက်ပိုင်း၊ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်၊ ‌ဆောမူပ‌လော‌ဒေသရှိ အစိုးရစစ်တပ်များ၏ လှုပ်ရှားမှုကို ရုပ်သံမှတ်တမ်းလိုက်ယူ စဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည် ဟု (FBR) သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

‌ဆောမူပ‌လော‌ဒေသတွင် အစိုးရစစ်တပ် တပ်မ(၄၄) လက်‌အောက်ခံတပ်ရင်းများ လှုပ်ရှားလျှက်ရှိပြီး ထိုပစ်ခတ် ခံရမှု‌ကြောင့် ‌စောရှဲ‌စေးမှာ ညာဘက်လက်‌မောင်းတွင် ဒဏ်ရာအပြင်းအထန်ရရှိပြီး ၎င်းတို့ FBR အဖွဲ့ နှင့်အတူ လိုက်ပါသွားသည့် ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်တစ်ဦးလည်း ‌ခြေဖ‌နောင့်တွင် ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့သည်ဟု FBR က ဆိုသည်။

FBR ၏ ဗွီဒီယိုမှတ်တမ်း‌ခေါင်း‌ဆောင် ‌စောက‌ပေါ်‌စေးက “အပစ်အခတ်ရပ်စဲ‌ရေး ကာလမှာ အစိုးရစစ်တပ်ဘက် က လမ်းပြင်၊ လမ်း‌ဖောက်တဲ့ အ‌ခြေအ‌နေ‌တွေကို ဗွီဒီယို မှတ်တမ်းသွားယူတာပါ။ စစ်တပ်ဘက်က ‌တွေ့‌တော့ အပစ်ခတ်ခံရတာ ဖြစ်တယ်။ ကျ‌နော်တို့သွားတာ မှတ်တမ်းသွားယူဖို့ သက်သက်ပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

FBR အ‌နေဖြင့် နယ်‌မြေခံ ‌ကေအဲန်ယူနှင့် အစိုးရစစ်တပ်တို့ကို ဆန့်ကျင်သည့် ပုံစံမျိုးဖြင့် လုပ်‌ဆောင်ခြင်း မဟုတ်ဘဲ လက်ရှိ အပစ်အခတ်ရပ်စဲ‌ရေးကာလအတွင်း အ‌ခြေအ‌နေမှန်ကို မှတ်တမ်းတင်ထားနိုင်ရန် လုပ်‌ဆောင်ရင်း လုပ်‌ဖော်ကိုင်တစ်ဦး ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အ‌ပေါ် စိတ်မ‌ကောင်းဖြစ်မိ‌ကြောင်း ‌စောက‌ပေါ်‌စေးက ဆက်‌ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ‌ကေအဲန်ယူ မူ‌တြော်(ဖာပွန်)ခရိုင် အတွင်း‌ရေးမှူး ပဒို‌စောလွဲ‌ဂေက “ငြိမ်းချမ်း‌ရေး စကား ‌ပြော‌နေတဲ့အချိန်မှာ အမှန်ဆို ဒါမျိုးမဖြစ်သင့်ဘူး။ ဖြစ်ပုံက အစိုးရစစ်တပ်ဘက်က ကျ‌နော်တို့ သတ်မှတ်နယ် ‌မြေကို ‌ကျော်လွန်ပြီး ဝင်လာတာပါ။ အစိုးရစစ်တပ်က အသင့်‌စောင့်ပြီး ပစ်တဲ့သ‌ဘောဖြစ်တယ်။ ဒီဘက် (FBR)က ပြန်မပစ်ဘူး”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် ‌ဆောမူပ‌လော‌ဒေသရှိ ၎င်းအစိုးရစစ်တပ်သည် တပ်အ‌ပြောင်းအလဲလုပ်‌ဆောင်ခြင်း၊ တပ်ရိက္ခာပို့‌ဆောင်ခြင်းနှင့် ဘူဒိုဇာကားများဖြင့် လမ်း‌ဖောက်လုပ်မှုများ လုပ်‌ဆောင်လျှက်ရှိသည်ဟု နယ်‌မြေခံများ၏ ‌ပြောပြချက်အရ သိရသည်။

Free Burma Ranger(FBR)သည် မြန်မာပြည်အတွင်း ဖိနှိပ်မှု‌အောက်က လွတ်‌မြောက်‌ရေး၊ လူ့ဂုဏ်သိက္ခာဖြင့် ရပ်တည်နိုင်‌ရေး၊ တရားမျှတမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေး စသည့်အချက်များကို ‌မျှော်မှန်း၍ ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်းနှင့် လားဟူ စသည့် တိုင်းရင်းသား‌ဒေသများတွင် လူ့အခွင့်အ‌ရေး၊ ကျန်းမာ‌ရေးနှင့် ပညာ‌ရေးတို့ကို ‌စောင့်ကြည့်လျှက်ရှိသည်။