Home သတင်း သန်း‌ခေါင်စာရင်း‌ကောက်ရန် ‌ကျေးရွာ ရာအိမ်မှူး ‌ငွေ‌ကြေး‌ကောက်ခံ

သန်း‌ခေါင်စာရင်း‌ကောက်ရန် ‌ကျေးရွာ ရာအိမ်မှူး ‌ငွေ‌ကြေး‌ကောက်ခံ

1823

မတ် ၂၉ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ က‌မော့ကချူး‌ကျေးရွာတွင် သန်း‌ခေါင်းစာရင်း‌ကောက်ယူရန်အတွက် မတ်လ (၂၃-၂၄)ရက်‌နေ့ က ‌ကျေးရွာယာအိမ်မှူးများ ‌ငွေ‌ကြေး‌ကောက်ခံ‌နေ‌ကြောင်း က‌မော့ကချူး ‌ဒေသခံများက ‌ကေအိုင်စီကို ‌ပြောသည်။

က‌မော့ကချူးရွာသား ဦးထွန်းထွန်းက “ရွာမှာ ရာအိမ်မှူး‌တွေ ပိုက်ဆံလာ‌ကောက်တယ်။ သူတို့‌ပြောတာက‌တော့ ဆရာမ‌တွေ သန်း‌ခေါင်စာရင်း‌ကောက်ဖို့အတွက် ‌ကျွေး‌မွေးဧည့်ခံဖို့ တစ်အိမ်ကို (၁၂၀၀)ကျပ် လာ‌ကောက်တယ်”ဟု ‌ပြောသည်။

‌ကျေးရွာရာအိမ်မှူးများအ‌နေဖြင့် သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် ယခုလိုမျိုး ‌ငွေ‌ကြေး‌ကောက်ခံခြင်းမျိုး မလုပ်သင့်‌ကြောင်း နှင့် ပြည်သူလူထုအတွက်လည်း နစ်နာမှုများရှိကာ ပတ်ဝန်းကျင်ကြားမည်ဆိုလျှင် ဆရာမများအတွက်လည်း ထိခိုက်နစ်နာ‌စေ နိုင်ပြီး ဆရာမများကလည်း ၎င်းကိစ္စကို သိချင်မှသိမည်ဟု ဦးထွန်းထွန်းက ဆက်‌ပြောသည်။

က‌မော့ကချူး‌ကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမြင့်ဝင်းက “သူတို့လာ‌ကောက်တာ အမှန်အကန်ပဲ။ ဒီ‌နေ့‌တောင် ကျ‌နော် ‌တွေ့ လိုက်‌သေးတယ်။ သန်း‌ခေါင်စာရင်း‌ကောက်မယ့် ဆရာမ‌တွေကို ဧည့်ခံ‌ကျွေး‌မွေးဖို့အတွက် ဆိုပြီး‌တော့ လာ‌ကောက်သွားတယ်” ဟု ထပ်‌လောင်း အတည်ပြု ‌ပြောဆိုသည်။

သန်း‌ခေါင်စာရင်း‌ကောက်သူ ‌ကျောင်းဆရာ၊ ဆရာမတစ်ဦးအတွက် တစ်ရက်လျှင် နိုင်ငံ‌တော်က ၃၀၀ဝကျပ်နှင့် ကုလသမဂ္ဂ လူဦး‌ရေရန်ပုံ‌ငွေအဖွဲ့-UNFPA က ၅,၅၀ဝကျပ် စုစု‌ပေါင်းတစ်ရက်လျှင် ၈,၅၀ဝကျပ်ရရှိပြီး သင်တန်းတက်သည့်ကာလတွင်လည်း သင်တန်းစရိတ်များ ရရှိ‌ကြောင်း ကရင်ပြည်နယ် လဝကရုံး၊ ဒုပြည်နယ်မှူး ဦး‌စောတင့်လွင်က ‌ပြောသည်။

က‌မော့ကချူး‌ကျေးရွာ ရာအိမ်မှူး ဦးပိန်က “ပိုက်ဆံ‌ကောက်တာ သန်း‌ခေါင်စာရင်း‌ကောက်ဖို့အတွက် မဟုတ်ဘူး။ ရွာမှာရှိတဲ့ ဗလီမှာ က‌လေး‌တွေကို စာသင်‌နေတဲ့ ဆရာမ‌တွေအတွက် ‌ကောက်တာဖြစ်တယ်”ဟု ‌ပြောသည်။

မြန်မာနိုင်ငံသားများ၏ လူဦး‌ရေနှင့် အိမ်အ‌ကြောင်းအရာ အချက်အလက်များကို ကုလသမဂ္ဂ လူဦး‌ရေရန်ပုံ‌ငွေအဖွဲ့ UNFPA အပါ အဝင် ကမ္ဘာ့ကုလသမဂ္ဂ လက်‌အောက်ခံ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ နက မတ်လ ၂၉ရက်ညမှ ဧပြီလ ၁ဝရက်‌နေ့အထိ မနက် ၇နာရီမှ ည‌နေ ၆နာရီအထိ သန်း‌ခေါင်စာရင်း ‌ကောက်ယူသွားမည်ဖြစ် ‌ကြောင်း သိရသည်။