Home သတင်း သန်း‌ခေါင်စာရင်းအ‌ကြောင်းကို ပြည်သူအချို့ မသိရှိ‌သေး

သန်း‌ခေါင်စာရင်းအ‌ကြောင်းကို ပြည်သူအချို့ မသိရှိ‌သေး

1717

မတ် ၃ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပြည်လုံးကျွတ် လူဦး‌ရေနှင့် အိမ်အ‌ကြောင်းအရာ သန်း‌ခေါင်စာရင်းအ‌ကြောင်းကို ‌ကောက်ယူဖို့အချိန် နီးကပ်လာပြီဖြစ်ပြီး ‌ကျေး လက်‌နေသူများအဖို့ သန်း‌ခေါင်စာရင်းအ‌ကြောင်းနှင့် ပတ်သက်၍ လုံးဝကို နားမလည်‌သေး‌ကြောင်း ‌ကျေးလက်‌နေပြည်သူများ က ‌ပြောဆို‌နေကြသည်။

“ကျ‌နော်တို့ရွာက ဘာပညာ‌ပေးမှလည်း မရဘူး။ ဒီအ‌ကြောင်းနဲ့ပတ်သက်ပြီး ဘယ်သူမှလာ‌ပြောတာလည်း မရှိဘူး။ အုပ်ချုပ်‌ရေး မှူးလည်း ဘာမှအတွင်းသိသိ ရှင်းပြတာ မရှိဘူး။ ဘယ်လိုထည့်ရမလဲ ဘာ‌တွေ‌ကောက်မလဲ ဘယ်‌တော့ ‌ကောက်မလဲ မသိဘူး” ဟု ‌ကော့ကရိတ်မြို့နယ် ဝင်းသလွဲ‌ကျေးရွာမှ ‌စော‌လေးမင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ သန်း‌ခေါင်စာရင်း ‌ကောက်ခံမည့်အ‌ကြောင်းကို မြို့နှင့် နီးစပ်သည့် ‌ကျေးရွာများတွင်သာ သိရှိရပြီး ကျန်‌ကျေးရွာများမှာ အသိပညာ‌ပေးများ မရရှိသည့်အပြင် သန်း‌ခေါင်စာရင်း လှုံ့‌ဆော်‌ရေးဆိုင်းဘုတ်များကို လုံးဝ မ‌ထောင်ထားသည့် ‌ကျေးရွာများ လည်း ရှိ‌နေ‌သေးသည်ဟု သိရသည်။

အလားတူ ဖားအံမြို့နယ် ခ‌လောက်‌ထောင်‌ကျေးရွာမှ အုပ်ချုပ်‌ရေးမှူး ‌စောသန်း‌မောင်က “ကျ‌နော်တို့က‌တော့ သန်း‌ခေါင်စာရင်း ‌ကောက်တာ လူဦး‌ရေစာရင်းအမှန် ‌ကောက်မှာကို‌တော့ သိထားတယ်။ ဘာ‌တွေ‌မေးပြီး ‌ကောက်မလဲ‌တော့ မသိဘူး။ သိသ ‌လောက်နဲ့ပဲ လူထု‌တွေကို ရှင်းပြတယ်။ လူထု‌တွေ ဒီအ‌ကြောင်း‌တွေကို နားလည်ချင်မှ နားလည်မယ်။ သူတို့ ဘယ်‌နေ့လာ ‌ကောက်မလဲ‌တော့ ‌ပြောပြထားတယ်”ဟု ၎င်းက ‌ပြောသည်။

သန်း‌ခေါင်စာရင်း အသိပညာ‌ပေးအ‌ကြောင်းကို ‌ကျေးရွာတိုင်း၌ လိုက်လံအသိပညာ‌ပေးရန် အချိန်မရ၍ ‌ကျေးရွာအုပ်စုကြီးများ တွင်သာ ပညာ‌ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ‌ကျေးရွာများတွင် ရွာအုပ်ချုပ်‌ရေးမှူးမှတစ်ဆင့် ရှင်းပြခိုင်းသည့်အပြင် သန်း‌ခေါင်စာရင်း ဆိုင်းဘုတ်ကိုပါ လိုက်ပြီးကပ်ထား‌ပေးသည်ဟု ဖားအံခရိုင် လူဝင်မှုကြီးကြပ်‌ရေးဌာန(လဝက) ဒုတိယညွန်ကြား‌ရေးမှူး ဦး‌ကျော် ဆန်းက ‌ပြောသည်။

ကရင်ပြည်နယ်တွင် အိမ်အ‌ကြောင်းအရာနှင့် လူဦး‌ရေစာရင်း‌ကောက်ရန်အတွက် ‌ကောက်ကွက်‌ပေါင်း ၂၂၀၀‌ကျော်ရှိပြီး အဆိုပါ ‌ကောက်ကွက်များကို မတ်လ ၂၉ရက်‌နေ့တွင် တာဝန်ရှိ ‌ကျောင်းဆရာမများက စတင်‌ကောက်မည်ဟု သိရသည်။