Home သတင်း လူမျိုး ၁၃၅ မျိုးအ‌ခြေခံထားသည်ကို တိုင်းရင်းသား လူမှုအဖွဲ့အစည်း လက်မခံ

လူမျိုး ၁၃၅ မျိုးအ‌ခြေခံထားသည်ကို တိုင်းရင်းသား လူမှုအဖွဲ့အစည်း လက်မခံ

2594

မတ်လ ၃ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

၂၀၁၄ သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးကို အ‌ခြေခံထားသည့်အတွက် တိုင်းရင်း သားလူမှုအဖွဲ့အစည်းများမှ သ‌ဘောမတူ‌ကြောင်း ဗဟိုသန်း‌ခေါင်စာရင်း‌ကော်မရှင်သို့ ‌တောင်းဆိုလိုက်သည် ဟု သိရသည်။

‌ဖေ‌ဖေါ်ဝါရီ ၂၆ ရက်‌နေ့က ‌နေပြည်‌တော် Mount Pleasant Hotel ၌ ကျင်းပသည့် ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ရေးလုပ်ငန်းအတွက် ညှိနှိုင်း‌ဆွေး‌နွေးပွဲတွင် တိုင်းရင်းသားကိုယ်စားလှယ် လူမှု အဖွဲ့အစည်းများမှ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ နာဂ၊ တအာင်း(ပ‌လောင်)၊ ကယန်းတို့က ထိုသို့ ‌တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သူ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုး တက်‌ရေးအဖွဲ့(KWEG)မှ နိုင်ငံသားစွမ်း‌ရေမြှင့်တင်‌ရေး မန်‌နေဂျာ ‌နော်စုစုလှိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“တိုင်းရင်းသားလူမျိုး‌တွေအ‌နေနဲ့ အမည်ကို ‌ဖြေဆိုတဲ့အခါမှာ စာရင်းသွင်း ‌ဖြေဆိုဖို့ ဂဏန်းသုံးလုံးပါတဲ့ ကုတ်အမှတ် သတ်မှတ်‌ပေးဖို့ လိုအပ်တယ်ဆိုတာ နားလည်တယ်။ ဒါ‌ပေမယ့် ဒီလိုသတ်မှတ်တာ တိုင်းရင်း သားကိုယ်တိုင် လက်ခံသ‌ဘောတူထားတာ မဟုတ်ဘူး။ ၁၃၅ မျိုးအမည်နဲ့ ခွဲခြားထားမှုကို အ‌ခြေခံပြီး‌တော့ သတ်မှတ်ခြင်းဟာ တိုင်းရင်းသားလူမျိုးများအကြား စိတ်ဝမ်းကွဲမှု ဖြစ်လာ‌စေနိုင်တဲ့အတွက်‌ကြောင့် ကန့်ကွက်ရခြင်းဖြစ်တယ်”ဟု ‌နော်စုစုလှိုင်က ‌ပြောသည်။

ဗဟိုသန်း‌ခေါင် စာရင်း‌ကော်မရှင် ဥက္ကဌ၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်‌ထောင် စုဝန်ကြီး ဦးခင်ရီ၊ ဗဟိုသန်း‌ခေါင်စာရင်းအဖွဲ့ဝင်များ၊ UNFPA အပါအဝင် တိုင်းရင်းသားလူမှုအဖွဲ့အစည်းများ မှ ကိုယ်စားလှယ် စုစု‌ပေါင်း ၂၄ ဦးတက်‌ရောက်ခဲ့သည့် ၎င်း‌တွေ့ဆုံပွဲတွင် တိုင်းရင်းသားလူမှုအဖွဲ့အစည်းများ ဘက်မှ ထိုသို့ ‌တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အချက်အလက်မှန်ကန်ဆီ‌လျော်မှု မရှိသည့် လူမျိုး ၁၃၅ မျိုးပါအမည်နှင့် ခွဲထားမှုဖြင့် ‌ကောက်ယူရန် ပြင်ဆင်‌နေခြင်း၊ သန်း‌ခေါင်စာရင်း ‌ကောက်ယူသည့်နည်းဖြင့် မှားယွင်းလွဲ‌ချော်‌နေသည့် လူမျိုးနွယ်စု အမည် များကို အသစ်ထည့်သွင်းရန် စီစဉ်ခြင်းတို့သည် တိုင်းရင်းသားလူမျိုးများအတွက် နစ်နာနိုင်သဖြင့် သန်း‌ခေါင် စာရင်း ‌ကောက်ယူခြင်းဆိုင်ရာ စီမံခန့်ခွဲမှုအဆင့်ဆင့်တွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ထည့်သွင်း ‌ပေးရန်၊ တိုင်းရင်းသားလူမျိုးနွယ်စု‌ရေးရာ အထူးအကြံ‌ပေးအရာရှိ ခန့်ထား‌ပေးရန် ‌တွေ့ဆုံပွဲအပြီးတွင် တိုင်းရင်းသားအဖွဲ့အစည်းများက ဘုံသ‌ဘောထားစာတစ်‌စောင် ထုတ်ပြန်ခဲ့သည်။

၎င်းဘုံသ‌ဘောထားစာ၌ ‌တွေ့ဆုံပွဲမှ ရရှိ‌သော နှစ်ဦးနှစ်ဖက်သ‌ဘောတူညီမှုကို သတင်းထုတ်ပြန်ရန်နှင့် ခရိုင်၊ မြို့နယ် အဆင့်တွင် သန်း‌ခေါင်စာရင်း‌ကောက်မည့် အစုအဖွဲ့များနှင့်အတူ နားလည်ကျွမ်းကျင်သည့် တိုင်းရင်း ကိုယ်စားလှယ်များ ထည့်သွင်း‌ပေးရန်လည်း ပါရှိသည်။

သန်း‌ခေါင်စာရင်းရလဒ်များနှင့်ပတ်သက်၍ နိုင်ငံ‌ရေးဆုံးဖြတ်ချက်များတွင် အသုံးပြုမည်ကို စိုးရိမ်သည့် အတွက် ဗဟိုသန်း‌ခေါင်စာရင်း‌ကော်မရှင်အ‌နေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများအား တပြိုင်တည်း ‌တွေ့ဆုံ‌ဆွေး‌နွေးညှိနှိုင်း‌ပေးရန် ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် စသည့် တိုင်းရင်းသားအဖွဲ့အစည်း ၃၂ ဖွဲ့က ‌ဖေ‌ဖော်ဝါရီ ၁၇ ရက်‌နေ့တွင် ပူး‌ပေါင်းသ‌ဘောထားထုတ်ပြန်ခဲ့ပြီဖြစ်သည်။

သို့‌သော် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီမှ ဇန်နဝါရီ ၃၁ ရက်‌နေ့က ‌နေပြည်‌တော် တွင် တိုင်းရင်းမီဒီယာများနှင့်‌တွေ့ဆုံစဉ် လူမျိုး ၁၃၅ မျိုးကို အ‌ခြေခံ၍ ‌ကောက်ခံမည့် ၂၀၁၄ သန်း‌ခေါင် စာရင်းသည် မြန်မာနိုင်ငံရှိ လူမျိုးများကို အတည်ပြုပြဌာန်းပြီး သန်း‌ခေါင်စာရင်း ‌ကောက်ယူပြီးမှသာ လိုအပ်‌သော ပြင်ဆင်မှုများအတွက် ဖြည့်စွက်လုပ်‌ဆောင်သွားမည်ဖြစ်သည်ဟု ‌ပြောဆိုထားသည်။