Home သတင်း လက်လုပ်လက်စားရပ်ကွက်များတွင် သန်း‌ခေါင်စာရင်း‌ကောက်ရန် အခက်အခဲရှိနိုင်

လက်လုပ်လက်စားရပ်ကွက်များတွင် သန်း‌ခေါင်စာရင်း‌ကောက်ရန် အခက်အခဲရှိနိုင်

2509

မတ် ၂၉ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ဖားအံမြို့ရှိ လူ‌နေရပ်ကွက်များတွင် ‌နေ့စဉ် အသက်‌မွေးဝမ်း‌ကျောင်း‌နေရသူများထံ သန်း‌ခေါင်စာရင်း‌ကောက်ယူရာ၌ စာရင်း ‌ကောက်သူ ‌ကျောင်းဆရာ၊ ဆရာမများအတွက် အခက်အခဲရှိနိုင်‌ကြောင်း ယမန်နှစ်က စမ်းသပ်‌ကောက်ခံရာတွင် ပါဝင်ခဲ့ဖူးသူ ဆရာမ ခင်မာချိုက ‌ကေအိုင်စီကို ‌ပြောသည်။

လာမည့် သန်း‌ခေါင်စာရင်း‌ကောက်ယူချိန်တွင် စာရင်းစစ်တာဝန်ယူရမည့် ဆရာမ ခင်မာချိုက “သန်း‌ခေါင်စာရင်း သွား‌ကောက် တဲ့အခါမှာ ဘာအခက်အခဲရှိနိုင်လဲဆို‌တော့ ဆရာမတို့ အစမ်း‌ကောက်လိုက်တဲ့ ‌နေရာမျိုးမှာဆိုရင် မအား‌သေးဘူး၊ မ‌ဖြေနိုင်‌သေး ဘူး။ ‌နောက်မှလာ‌ကောက်လို့ အဲလိုမျိုး‌လေး‌တွေ‌ပေါ့‌နော်။ ‌ဈေး‌ရောင်း‌နေတယ်။ မအား‌သေးဘူး။ အဲလိုမျိုးအသံ‌လေး‌တွေ‌ပေါ့။ ဆင်းရဲသားရပ်ကွက်က ဒီအသံ‌လေး‌တွေထွက်‌နေတယ်”ဟု ‌ပြောသည်။

ထို့အပြင် သန်း‌ခေါင်စာရင်း ‌ကောက်ယူမှုနှင့် ပတ်သက်၍ ပြည်သူလူထုမှ အချက်အလက်မှန်ကန်စွာ ‌ဖြေဆို‌ပေးမည်ဆိုလျှင် လုပ်ငန်း‌ချော‌မွေ့ အဆင်‌ပြေမည်ဖြစ်‌ကြောင်း သူမက ‌ပြောဆို‌နေ‌သော်လည်း ‌နေ့စဉ် ‌ဈေး‌ရောင်း‌နေရသည့် ပြည်သူများမှာ သန်း‌ခေါင်စာရင်းနှင့်ပတ်သက်၍ မည်သည့်‌နေ့ရက်၊ မည်သို့မည်ပုံ ‌ကောက်ခံသွားမည်ကိုမူ ရပ်ကွက်အတွင်း၌ မည်သူမျှ လာ‌ရောက် ရှင်းလင်း‌ပြောဆိုထားခြင်း မရှိ‌ကြောင်း ရပ်ကွက်‌နေပြည်သူများက ‌ပြောဆိုသည်။

ဖားအံမြို့ အမှတ်(၇)ရပ်ကွက်တွင် ‌နေထိုင်သည့် ‌နော်ဖျာ့သိန်က “‌ဈေးပိတ်ရက်မှာ သူတို့လာ‌ကောက်မယ်ဆိုရင် ကျမတို့အိမ်မှာ ရှိမယ်။ ‌ဈေးပိတ်ရက်မဟုတ်ဘူးဆိုရင်‌တော့ ကျမတို့အိမ်မှာရှိမှာမဟုတ်ဘူး။ ကျမ‌ယောက်ျားနဲ့ ကျမက‌တော့ ‌ဈေးထဲမှာ တစ်‌နေ ကုန် ‌ဈေး‌ရောင်းတယ်။ သန်း‌ခေါင်စာရင်းနဲ့ပတ်သက်ပြီး ဘာမှမသိဘူး။ တနဂင်္‌နွေ‌နေ့တုန်းက ကျမတို့အိမ်မှာရှိ‌တော့ ဆရာမ‌တွေ လာ‌ပြောသွားတယ်။ သန်း‌ခေါင်စာရင်း‌ကောက်မယ်‌ပေါ့။ ဘယ်‌နေ့လာ‌ကောက်မလဲဆိုတာ‌ပြောမသွားဘူး”ဟု ‌ပြောသည်။

၎င်းအပြင် ဖားအံမြို့ အမှတ်( ၅)ရပ်ကွက်‌နေ နန်းမူ့သိန်းက “သန်း‌ခေါင်စာရင်းနဲ့ပတ်သက်ပြီး‌တော့ ကျမကို သူတို့‌မေးခွန်းပုံစံ လာ‌ပေးထားတယ်။ ဘယ်‌နေ့လာ‌ကောက်မလဲဆိုတာ‌တော့ မ‌ပြောထားဘူး”ဟု ‌ပြောသည်။

ယခုလက်ရှိတွင် သန်း‌ခေါင်စာရင်း‌ကောက်မည့် ‌ကျောင်းဆရာ၊ ဆရာများသည် မိမိတာဝန်ကျရာ‌ဒေသများသို့ အသီးသီး ‌ရောက် ရှိကာ မိမိ‌ကောက်ခံရမည့် ‌ကောက်ကွက်အတွင်းမှ အိမ်‌ထောင်စုများကို လိုက်လံစစ်‌ဆေး‌နေပြီး ‌မေးခွန်းပုံစံနှင့် ပတ်သက်သည့် အချက်များကိုလည်း လိုက်လံရှင်းပြထားသည်ဟု သိရသည်။

သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် မြို့‌ပေါ်ရပ်ကွက်များ၌ အိမ်‌ခြေ ၁၀ဝမှ ၁၅ဝအထိ ‌ကောက်ကွက်တစ်ကွက်ဟု သတ်မှတ်ကာ သွားလာရခက်ခဲပြီး တစ်အိမ်နှင့်တစ်အိမ် အလှမ်းကွာ‌ဝေး‌သော အချို့‌ကျေးရွာများတွင် အိမ်‌ခြေ ၇ဝမှ ၈ဝအထိသာ သတ်မှတ် ထားသည့် ‌ကောက်ကွက်တစ်ကွက်ကို စာရင်း‌ကောက်တစ်‌ယောက်က တာဝန်ယူ‌ကောက်ခံသွားမည်ဟု လဝကရုံးမှ သိရသည်။