Home သတင်း ဖားအံမြို့တွင် သန်း‌ခေါင်စာရင်းအတွက် စာရင်းစစ် သင်တန်းပြုလုပ်ပြီးစီး

ဖားအံမြို့တွင် သန်း‌ခေါင်စာရင်းအတွက် စာရင်းစစ် သင်တန်းပြုလုပ်ပြီးစီး

1560

သန်း‌ခေါင်စာရင်းအတွက် ဖားအံတွင်ပြုလုပ်သည့် စာရင်းစစ်သင်တန်း

မတ်လ ၁၁ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ပြည်နယ်ပညာ‌ရေးရုံး၊ မြ‌ကြေးမုံခန်းမ‌ဆောင်၌ ခရိုင်သန်း‌ခေါင်စာရင်းအတွက် ‌ကျောင်းဆရာ၊ ဆရာမများ တက်‌ရောက်သည့် ၅ ရက်တာ စာရင်းစစ်သင်တန်းတစ်ရပ်ကို ယမန်‌နေ့ (မတ်လ ၁ဝ ရက်‌နေ့)တွင် ပြုလုပ်ကျင်းပပြီးစီး‌ကြောင်း သိရသည်။

မတ်လ ၆ မှ ၁ဝ ရက်‌နေ့အထိ သင်တန်းပို့ချ‌ပေးသည့် အဆိုပါ စာရင်းစစ်သင်တန်းသို့ သင်တန်းသားအဖြစ် ကရင်ပြည်နယ် ဖားအံ၊ လှှိုင်းဘွဲနှင့် သံ‌တောင်ကြီးမြို့နယ်တို့မှ ‌ကျောင်းဆရာ၊ ဆရာမ ၁၀၅ ဦး တက်‌ရောက်ခဲ့ ကြပြီး ယခုသင်တန်းပြီးဆုံးဖြစ်သဖြင့် ၎င်းတို့သည့် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချသွားရမည်ဖြစ်သည်ဟု ဖားအံခရိုင် လူဝင်မှုကြီး ကြပ်‌ရေးဌာန(လဝက) ဒုတိယ ညွှန်ကြား‌ရေးမှူး ဦး‌ကျော်ဆန်းက ‌ပြောဆိုသည်။

“အခုသင်တန်းဟာ မြို့နယ်နှင့် ‌ကျေးရွာမှ ပါဝင်သည့်ဆရာဆရာမ‌တွေကို စာရင်းစစ်အဖြစ် ‌ရွေးပြီး သင်တန်းပို့ချ ‌ပေးတာ ဖြစ်ပါတယ်။ သူတို့‌တွေဟာ ကရင်ပြည်နယ်၊ အခြားမြို့နယ်ထဲက စာရင်း‌ကောက် ‌ကျောင်းဆရာ၊ ဆရာမ‌တွေကို ဆင့်ပွားသင်တန်း‌တွေ ပြန်လည်ပို့ချ‌ပေးသွားရမှာ ဖြစ်ပါတယ်”ဟု ဦး‌ကျော်ဆန်းက ‌ပြောသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ဖားအံခရိုင်ရှိ လဝက တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြ ဆရာမများနှင့် ‌ကျောင်းဆရာ၊ ဆရာမများ စုစု‌ပေါင်း ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

သင်တန်းတွင် နည်းပြအဖြစ် ပို့ချ‌ပေးသည့် ဆရာမ ‌ဒေါ်နန်းခင်မာချိုက “ကျမတို့က သင်တန်းမှာ အဓိက သင်တာက စာရင်း‌ကောက်စာရင်းစစ် တာဝန်ဝတ္တရား‌တွေ၊ သန်း‌ခေါင်စာရင်းရဲ့အဓိပ္ပါယ် ‌မေးခွန်းပုံစံမှာပါတဲ့ သန်း‌ခေါင်စာရင်း အချက် ၄၁ ချက်ရယ်၊ ‌နောက်ပြီး အဖွဲ့အစည်းမှာပါတဲ့ အဖွဲ့အစည်း‌မေးခွန်း ၁၁ ချက်‌ပေါ့‌နော်။ ‌နောက် စာရင်း‌ကောက်ပြီးရင် စာရွက်‌တွေကို ဘယ်လိုသိမ်းရမလဲ၊ ဘယ်လိုစာရင်း ချုပ်ရမလဲ။ အဲဒါ‌တွေကို အကြမ်းအားဖြင့် သင်‌ပေးပါတယ်” ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းသင်တန်း တက်‌ရောက်ခဲ့သူ လှှိုင်းဘွဲမြို့နယ်မှ ဆရာမ ‌နော်သိန်းသိန်းက “သန်း‌ခေါင်စာရင်း‌ကောက်မှာ ‌တော့ သိတယ်။ ဘယ်လို‌ကောက်ပြီး ဘာ‌တွေ‌မေးမလဲဆိုတာ မသိဘူး။ ရွာမှာ‌တော့ ရွာသူကြီး‌တွေနဲ့‌ပေါင်းပြီး ‌တော့ စာရင်းအစမ်း‌ကောက်ဖို့ လုပ်ဖူးတယ်။ ဒါ‌ပေမယ့် အချက်အလက်‌တွေ မသိဘူးဆို‌တော့ အဆင်မ‌ပြေဘူး။ အခု‌တော့ သိလာပြီ။ သင်တန်းပြန်ပို့ချရမယ်ဆို‌တော့ တတ်နိုင်သ‌လောက် ‌လေ့လာထားတယ်”ဟု ‌ပြောသည်။

ထို့အပြင် ယခုမတ်လ ၁၇ ရက်‌နေ့မှစ၍ ၂၂ ရက်‌နေ့အထိ ဖားအံမြို့နယ်တွင် စာရင်း‌ကောက်သင်တန်း ၁၉ ‌နေရာ သင်တန်း‌ပေးမည်ဖြစ်‌ကြောင်း ဖားအံခရိုင် လဝက ဒုတိယ ညွှန်ကြား‌ရေးမှူး ဦး‌ကျော်ဆန်းက ဆိုသည်။ ကရင်ပြည်နယ်တွင် သန်း‌ခေါင်စာရင်း ‌ကောက်ကွက်‌ပေါင်း ၂,၂၀ဝ ‌ကျော်ရှိပြီး ‌ကောက်ကွက် တစ်ကွက်လျှင် စာရင်း‌ကောက် ၁ ဦးနှင့် ‌ကောက်ကွက် ၅ ကွက်တွင် စာရင်းစစ် ၁ ဦး သုံးမည်ဟု သိရသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်စု‌ပေါင်းပြီး ယခုလို သင်တန်းကို မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့၌ သင်တန်းပို့ချကာ ခရိုင်အဆင့်၌ သင်တန်းတစ်ခုလျှင် နည်းပြ ၃ ဦးဖြင့် သင်တန်းပြန်လည် ပို့ချလျှက်ရှိသည်ဟု ဖားအံမြို့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက ဆိုသည်။