Home သတင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာစာချုပ် ‌ကေအဲန်ယူပြင်ဆင်ဖြည့်စွက်

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာစာချုပ် ‌ကေအဲန်ယူပြင်ဆင်ဖြည့်စွက်

1358

‌လော်ခီးလာကွန်ဖရင့်တွင် အုပ်စုလိုက်‌ဆွေး‌နွေး‌နေကြသည့် ‌ကေအဲန်ယူနှင့် ကျန်ကရင်အဖွဲ့များ

မတ် ၂၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ ‌ရေးဆွဲသ‌ဘောတူခဲ့‌သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ‌လော်ခီးလာစာချုပ်နှင့် အစိုးရဘက်က ပြင်ဆင်ထား‌သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ စာချုပ်တို့ကို ‌လေ့လာသုံး သပ်ပြီး မူကြမ်းတစ်ခုတည်းဖြစ်‌အောင် ပြင်ဆင်ဖြည့်စွက်ခဲ့‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ ယမန်‌နေ့က ‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

‌ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်‌မြေ ‌လော်ခီးလာစခန်း၌ မတ်လ ၂၄ရက်မှ၂၇ရက်‌နေ့အထိ ပြုလုပ်‌သော ဗဟို‌ကော်မ တီ ၄၅ဦးတက်‌ရောက်သည့် ‌ကေအဲန်ယူ၏ ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ်အစည်းအ‌ဝေးအပြီးတွင် ထိုသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက “‌လော်ခီးလာစာချုပ်ရဲ့ မူပိုင်းဆိုင်ရာ အနှစ်သာရနဲ့ ပတ်သက်လို့ ပြင် ‌ရေးတာ မရှိဘူး။ အခန်းခွဲ‌တွေကို ‌ပေါင်းထည့်တာဖြစ်တယ်။ ‌နောက် အစိုးရဘက်က တစ်ချက်ဖြစ်တဲ့ ကြွယ်ဝချမ်းသာတဲ့ အနာ ဂတ်နိုင်ငံကို ဖန်တီးရန်ဆိုတဲ့အချက်မျိုး။ ကျ‌နော်တို့ကလည်း အနာဂတ်နိုင်ငံကို ဖက်ဒရယ်ပြည်‌ထောင်စုစနစ်နဲ့ တည်‌ဆောက် ရန်ဆိုတဲ့ အဲဒီစကားလုံး‌လေး‌တွေ‌တော့ ပြန်ပြင်ဆင်ဖြည့်စွက်တာ ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်းသားအဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)သည် အစိုးရငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင် ‌ရေးအဖွဲ့ UPWC နှင့် ရန်ကုန်၌ မတ်လ ၉ရက်‌နေ့က ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာ၌ အခန်း ၇ခန်းနှင့် အခန်း ၁၁ခန်းရှိ‌သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ နှစ်ဖက်စာချုပ်များကို ပြန်လည်စိစစ်မှုများ ပြုလုပ်ခဲ့သလို အစိုးရဘက်မှ ‌ရေးဆွဲထားသည့် စာချုပ် အတွင်းရှိ လက်ခံနိုင်သည့်အချက်နှင့် ပြင်ဆင်‌ပေးရမည့် အချက်များကိုပါ ‌ပေါင်းထည့်‌ပေးခဲ့သည်ဟု ၎င်းက ဆက်‌ပြောသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ‌လော်ခီးလာစာချုပ်နှင့် အစိုးရမှ ပြင်ထား‌သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင် ရာ စာချုပ်တို့ကို ယခုလို ‌ကေအဲန်ယူ အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးသုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက်ခြင်းသည် လာမည့် ဧပြီလတွင် NCCT နှင့် အစိုးရတို့‌တွေ့ဆုံရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူဘက်က ဆိုသည်။

‌ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် နိုင်ငံ‌ရေးပြဿနာ‌ကြောင့် ဖြစ်‌ပေါ်လာ‌သော ပြည်တွင်းပဋိပက္ခကို ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး နည်း လမ်းစွဲကိုင်၍ ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း၊ အစိုးရနှင့် ရရှိထား‌သော ပဏာမ အပစ်အခတ်ရပ်စဲ‌ရေးကို ခိုင်မာ‌စေပြီး တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲနိုင်‌ရေးနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု စတင်နိုင်‌ရေးကို အခြားတိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူး‌ပေါင်းကာ ပြည်တွင်း ငြိမ်းချမ်း‌ရေးရရှိ‌အောင် ကြိုးပမ်း‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

“ကျ‌နော်တို့ ‌ကေအဲန်ယူရဲ့မူက‌တော့ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းနဲ့ ‌ဖြေရှင်းဖို့ပဲ။ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးတံခါးကိုလည်း အမြဲ ဖွင့်ထားပါတယ်။ ‌နောက် အခု နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှာ အခြားတိုင်းရင်းသားအဖွဲ့‌တွေနဲ့ ‌ဆောက်ရွက်သွားမယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့က ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးသွားချင်တာကို အစိုးရဘက်က စစ်‌ရေးနည်းနဲ့ ဖန်တီးလာရင်‌တော့ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး နည်း လမ်းက‌တော့ ‌ဝေးကွာ‌နေဦးမှာ‌ပေါ့”ဟု ပဒိုမန်းမန်းမန်းက ဖြည့်စွက်‌ပြောဆိုသည်။

ပြည်‌ထောင်စု သ‌ဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ပင်လုံစိတ်ဓါတ်ကို အ‌ခြေခံ‌သော ပြည်‌ထောင်စုညီလာခံတစ်ရပ် ကျင်းပနိုင်‌ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်း၊ ဒီမိုက‌ရေစီနိုင်ငံ‌ရေးပါတီ/ အင်အားစု များ၊ တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများနှင့် ‌ဆောင်ရွက်သွားမည့်အပြင် အရပ်ဘက်အဖွဲ့အစည်းနှင့် အမျိုးသမီးတို့၏ အခန်းကဏ္ဍ ပါဝင်‌ရေးများကိုလည်း ‌ဆောင်ရွက်သွားမည်ဟု ယင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ပဒို‌စောသမိန်ထွန်းက “ဒီအစည်းအ‌ဝေးမှာ အဓိက အပစ်ခတ်ရပ်‌ရေး သ‌ဘောတူစာ ချုပ်အတွက်ပဲ ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့ကြတာပါ။ ကျန်တာ‌တွေက သန်း‌ခေါင်စာရင်းကိစ္စ‌တွေ၊ ကိုယ့်အဖွဲ့ဝင်‌တွေလည်း သွားလာရာ မှာ ပွင့်ပွင့်လင်းလင်း ‌ပြောဆိုသွားကြဖို့‌တော့ ‌ဆွေး‌နွေးခဲ့ကြတာပါ”ဟု ‌ပြောဆိုသည်။

ပြီးခဲ့သည့်၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ ၂၆မှ ဒီဇင်ဘာလ၂၆ရက်‌နေ့အထိ ‌ကေအဲန်ယူနယ်‌မြေ၊ ဖားအံခရိုင်၊ တပ်မဟာ(၇)‌ဒေသတွင် ကျင်းပခဲ့သည့် ‌ကေအဲန်ယူ၏ ၁၅ကြိမ်‌မြောက်ညီလာခံပြီး‌နောက် ‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ်အစည်းအ‌ဝေး မှာ ယခု ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။