Home သတင်း ၂၀၁၃ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု ‌နော်က‌ညော‌ဖောနီမရိုအား ‌ရွေးချယ်ချီးမြှင့်

၂၀၁၃ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု ‌နော်က‌ညော‌ဖောနီမရိုအား ‌ရွေးချယ်ချီးမြှင့်

1650

‌ဖေ‌ဖော်ဝါရီ ၁ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ဖန်း‌ဖောင်‌ဒေးရှင်းက ‌ပေးအပ်‌သော ၂၀၁၃ခုနှစ်၊ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ကရင်အမျိုးသမီးအစည်းအရုံး (KWO)၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောနီမရို (Naw K’nyaw Paw Nimrod) အား ဇန်နဝါရီလ ၃၁ရက်‌နေ့က ချီးမြှင့်လိုက် သည်။

အဆိုပါဆုကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ဖာပွန်ခရိုင်‌ဒေသ ‌ဒေးပူနို‌ကျေးရွာ၌ ကျင်းပပြုလုပ်‌သော ၆၅နှစ် ‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ ည‌နေပိုင်းတွင် ဆု‌ပေးပွဲ အခမ်းအနားပြုလုပ်ကာ ဖန်း‌ဖောင်‌ဒေးရှင်း တည်‌ထောင်သူထဲတွင် ပါဝင်သည့် ‌စော‌စေး‌စေးဖန်းက သွား‌ရောက်‌ပေးအပ် ချီးမြှင့်လိုက်ခြင်းဖြစ်သည်။

“‌နော်က‌ညော‌ဖောဟာ ဒုက္ခသည်စခန်းက‌နေ ကြီးပြင်းလာပြီး ခက်ခက်ခဲခဲ ပညာသင်ကြားခဲ့ရတယ်။ ဒါ‌ပေမယ့် သူ့ရဲ့ ကြိုးစားမှု ‌တွေ‌ကြောင့် တဆင့်ပြီးတဆင့် တိုးတက်လာတယ်။ ကရင်လူမှုအဖွဲ့အစည်းမှာ အလုပ်လုပ်ပြီး ဦး‌ဆောင်ဦးရွက်လည်း ပြုနိုင်တ ယ်။ ဒီအတွက်‌ကြောင့် သူ့ကို ဆု‌ပေးဖို့ ‌ရွေးချယ်လိုက်တာပဲ ဖြစ်တယ်”ဟု ‌စော‌စေး‌စေးဖန်းက အခမ်းအနားတွင် ‌ပြောကြားခဲ့ သည်။

‌နော်က‌ညော‌ဖောသည် ကရင်အမျိုးသမီးအစည်းအရုံး(KWO) တွင် (၁၉၉၉)ခုနှစ်ကတည်းက စတင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၃ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလက ပြုလုပ်ခဲ့‌သော ၆ကြိမ်‌မြောက် KWO ညီလာခံ၌ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးအဖြစ် အများမဲဆန္ဒအရ ‌ရွေး‌ကောက်ခြင်းခံခဲ့ရသူ ဖြစ်သည်။

သူမသည် မိမိအဖွဲ့အစည်းအတွက် ဒီမိုက‌ရေစီနှင့် လူ့အခွင့်အ‌ရေး၊ အမျိုးသမီးအခွင့်အ‌ရေးဆိုင်ရာ သင်တန်းများကိုလည်း အဖွဲ့ ဝင်အမျိုးသမီးများနှင့် ‌ကျောင်းသူ‌လေးများအား ပို့ချ‌ပေးခဲ့ပြီး နိုင်ငံတကာသို့ သွား‌ရောက်၍လည်း ကရင်လူမျိုးများ၏ အဖိနှိပ်ခံရ မှုများ၊ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများ အပါအဝင် ပဋိပက္ခကြားတွင် ရပ်တည်‌နေရသည့် ကရင်အမျိုးသမီးများနှင့် က‌လေး သူငယ်များ၏ အ‌ခြေအ‌နေများကို စည်းရုံးလှုံ့‌ဆော်မှုများ ‌ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

ဆုရရှိသူ ‌နော်က‌ညော‌ဖောနီမရိုက “တီးပဒိုမန်းရှာကို ကျမ အရမ်း‌လေးစားရတယ်။ လူငယ်‌တွေကို အရမ်းအား‌ပေးတဲ့ ‌ခေါင်း ‌ဆောင်တစ်‌ယောက်ဖြစ်တယ်။ အဲဒီအတွက် ဒီဆုရတာ ဝမ်းသာတယ်။ ရမယ်လို့ မ‌မျှော်လင့်ဘူး။ ဒီဆုရတာ ကျမ တဦးတ ‌ယောက်အတွက်မဟုတ်ဘဲ ကျမတို့ လုပ်‌ဖော်ကိုင်ဖက်‌တွေရဲ့ လုပ်‌ဆောင်မှု‌ကြောင့် ရတာဖြစ်တယ်။ ဒီဆုဟာ လူငယ်‌တွေအ တွက် စံပြဆုတစ်ခုဖြစ်တယ်”ဟု ‌ပြောသည်။

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့တွင် တည်‌ထောင်ခဲ့‌သော ဖန်း‌ဖောင်‌ဒေးရှင်းက ကရင်လူမှုအဖွဲ့အစည်းတွင် နိုင်ငံ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေး၊ စာ‌ပေ၊ ယဉ်‌ကျေးမှုလုပ်ငန်းများတွင် ‌ပေးဆပ်တာဝန်ယူသူ အသက် ၃၅နှစ်‌အောက် ကရင်လူငယ်‌မောင်မယ်များအား နှစ်စဉ် ချီးမြှင့်ခြင်းဖြစ်သည်။ ယခုနှစ်တွင် ဆုရရှိသူမှာ ဆဌမ‌မြောက်ဖြစ်ပြီး ဆု‌ကြေး‌ငွေမှာ အ‌မေရိကန်‌ဒေါ်လာ နှစ်‌ထောင် ဖြစ်သည်။