Home သတင်း ပြည်ထဲ‌ရေးတွင် အမည်မ‌ပေါက်သည့် ‌ကျေးရွာများ မကျန်ရှိရန် ပြည်နယ်လဝကနှင့် ‌ကေအဲန်ယူ ညှိနှိုင်း ‌ဆောင်ရွက်သွားမည်

ပြည်ထဲ‌ရေးတွင် အမည်မ‌ပေါက်သည့် ‌ကျေးရွာများ မကျန်ရှိရန် ပြည်နယ်လဝကနှင့် ‌ကေအဲန်ယူ ညှိနှိုင်း ‌ဆောင်ရွက်သွားမည်

1498

‌ဖေ‌ဖေါ်ဝါရီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်တွင် ‌ကျေးရွာအချို့မှာ အစိုးရ၏ ပြည်ထဲ‌ရေးဝန်ကြီးဌာနတွင် အမည်မ‌ပေါက်ဘဲ ရှိ‌နေ‌သေးသည့်အတွက် သန်း ‌ခေါင်စာရင်း‌ကောက်ယူရာ၌ အားလုံး စာရင်းအမှန်ရရှိ‌စေရန် ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာန(လဝက)နှင့် ညှိနှိုင်း လုပ်‌ဆောင်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်က ‌ပြောဆိုသည်။

သူက “‌ကေအဲန်ယူအ‌နေနဲ ့ အိမ်‌ထောင်စုစာရင်း ပြုစုထားတာရှိတယ်။ သန်း‌ခေါင်စာရင်းအတွက် အစိုးရနဲ့ ညှိတဲ့အခါ မတူတာရှိ တယ်။ သူတို့မှာ တချို့ရွာ‌တွေဆို စာရင်း လုံးဝ မပါဘူး။ ရွာသစ်‌တွေ အများကြီး ရှိ‌နေတယ်။ တကယ့်ရွာဖြစ်‌နေပြီး ပြည်ထဲ‌ရေးမှာ အမည်မ‌ပေါက်‌သေးတာကို သူတို့နဲ့ စာရင်းညှိပြီး‌တော့ ‌ဆောင်ရွက်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ကျေးရွာများမှာ ‌ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံမြို့နယ်ခွဲ၊ ဘုရားသုံးဆူမြို့နယ်၊ စုကလိနှင့် ‌ဝေါ‌လေမြိုင်မြို့ နယ်ခွဲအတွင်းရှိ ‌ကျေးရွာများဖြစ်ကြပြီး ‌ဖေ‌ဖေါ်ဝါရီ ဒုတိယပတ်အတွင်းက ပြည်နယ် လဝက တာဝန်ရှိသူများနှင့် ‌ကေအဲန်ယူ ဒူးပ လာယာခရိုင် တာဝန်ရှိသူများက ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်း‌ကျေးရွာ ဓမ္မရိပ်သာ၌ ‌တွေ့ ဆုံ‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ‌ဆွေး‌နွေးပွဲသို့ ပြည်နယ်လဝက ဒုဦးစီးမှူးနှင့် ‌မော်လမြိုင်၊ မြဝတီ၊ ‌ကော့ကရိတ်ခရိုင်တို့မှ လဝကအရာရှိများ၊ ကြာအင်း ဆိပ်ကြီးမြို့နယ် သန်း‌ခေါင်စာရင်း‌ကော်မတီဥက္ကဌ၊ မြို့နယ်မှူး/မြို့နယ်ခွဲမှူးများ၊ မြို့နယ် သန်း‌ခေါင်စာရင်း‌ကော်မတီများနှင့် ‌ကေ အဲန်ယူဘက်မှ ပဒို‌စောလစ္စတန်၊ ခရိုင်တွဲဖက်အတွင်း‌ရေးမှူး၊ ခရိုင်ပညာ‌ရေးမှူး၊ ‌ကော့ကရိတ်နှင့် ကျုံဒိုးမြို့နယ် ဥက္ကဌများ၊ ကြာ အင်းမြို့နယ် အတွင်း‌ရေးမှူး၊ ‌ကော့ကရိတ်နှင့် ဝင်း‌ရေးမြို့နယ် တွဲဖက်အတွင်း‌ရေးမှူးများ၊ တပ်မဟာ(၆) ဆက်ဆံ‌ရေးရုံး တာဝန်ခံ စုစု‌ပေါင်း (၅၂)ဦး တက်‌ရောက်ခဲ့သည်ဟု သိရသည်။

‌ဆွေး‌နွေးပွဲတွင် ပြည်နယ်သန်း‌ခေါင်စာရင်း‌ကော်မတီမှ သန်း‌ခေါင်စာရင်းလုပ်ငန်းများ၊ လူမျိုးစုဆိုင်ရာအ‌ကြောင်းအရာများ ရှင်း လင်း‌ဆွေး‌နွေးခဲ့ပြီး ဒူးပလာယာခရိုင် အတွင်း‌ရေးမှူးနှင့် မြို့နယ်အဖွဲ့ဝင်များမှ ကရင်လူမျိုးနွယ်စုဆိုင်ရာကိစ္စများ၊ ‌ကျေးရွာများ ထပ်ခြင်း၊ ကျန်ရှိခြင်း မဖြစ်‌စေရန်နှင့် ပြည်ထဲ‌ရေး အမည်မ‌ပေါက်‌သေးသည့် ‌ကျေးရွာများကို ၂၀၁၄သန်း‌ခေါင်စာရင်းတွင် တစ်ဦး မကျန် ပါဝင်နိုင်‌ရေးအတွက် ‌ဆောင်ရွက်နိုင်‌ရေးများကို နှစ်ဖက် ညှိနှိုင်းခဲ့ကြသည်ဟု ကရင်ပြည်နယ် ဒုလဝကမှူး ‌စောတင့်လွင် က ‌ပြောသည်။

‌စောတင့်လွင်က “ကျ‌နော်တို့အ‌နေနဲ ့ပြည်ထဲ‌ရေး အမည်မ‌ပေါက်‌သေးတဲ့ ရွာ‌တွေကို အမည်‌ပေါက်ဖြစ်‌အောင် လုပ်‌ဆောင်‌ပေး သွားဖို့လည်း ရှိတယ်။ ‌နောက် စာရင်းအမှန်ရဖို့ ကျ‌နော်တို့ ပူးတွဲလုပ်မယ့်ဟာ‌တွေ ‌ဆွေး‌နွေးခဲ့ပါတယ်”ဟု ‌ကေအိုင်စီသို့ဆိုသည်။

ထို့အပြင် မွန်ပြည်နယ်၊ ကျိုက်မ‌ရော၊ သံဖြူဇရပ်၊ ‌ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲများနှင့် ထိစပ်လျက်ရှိသည့် ကရင်‌ကျေးရွာများကို စာရင်း‌ကောက်ယူနိုင်‌ရေးနှင့် မြဝတီ၊ ‌ကော့ကရိတ်၊ ကြာအင်းမြို့နယ်များရှိ နယ်နိမိတ် အပိုင်းအခြားများကို အိမ်‌ထောင်စုနှင့် လူဦး‌ရေစာရင်း မှန်ကန်မှုရှိမရှိ သန်း‌ခေါင်စာရင်း လုပ်ငန်းအ‌ထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းပြီး လုပ်‌ဆောင်သွားမည်ဖြစ် ‌ကြောင်း ‌ကေအဲန်ယူဘက်က ‌ပြောသည်။

လက်ရှိ ‌ကေအဲန်ယူ ဒူးပလာယာခရိုင် ထိန်းချုပ်နယ်‌မြေတွင် ‌ကေအဲန်ယူမှ ပြုစုထားသည့် အိမ်‌ထောင်စုစာရင်းအရ လူဦး‌ရေ စုစု ‌ပေါင်း ၇၀,၀၀၀(ခုနှစ်‌သောင်း)‌ကျော်ရှိပြီး သန်း‌ခေါင်စာရင်းနှင့် ပတ်သက်၍ ‌ကေအဲန်ယူ ဒူးပလာယာခရိုင်နှင့် မြန်မာအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ ယခုလို ‌တွေ့ဆုံခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။