Home သတင်း ‌တော်လှန်‌ရေး‌နေ့တွင် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ ပူးတွဲစစ်‌ရေးပြ

‌တော်လှန်‌ရေး‌နေ့တွင် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ ပူးတွဲစစ်‌ရေးပြ

1806

‌ဖေ‌ဖော်ဝါရီ ၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်‌မြေရှိ ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော် (KNDO)ဌာနချုပ်တွင် ပြုလုပ်‌သော ၆၅နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့၌ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များက စစ်သည်အင် အား ၁၀၀‌ကျော်ဖြင့် ပထမဆုံးအကြိမ် ပူးတွဲစစ်‌ရေးပြခဲ့ကြသည်။

ဇန်နဝါရီလ ၃၁ရက်‌နေ့ မနက် ၈နာရီမှ ၁၁နာရီခွဲအထိ ပြုလုပ်ကျင်းပသည့် ၎င်းအခမ်းအနားတွင် KNDO အပြင် ကရင့်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၊ ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်(DKBA)၊ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ တို့ ပူး‌ပေါင်း၍ စစ်‌ရေးပြသခဲ့ကြခြင်းဖြစ်သည်။

KNDO ဗိုလ်မှူးချုပ်‌စော‌နေဒါးမြက “DKBA လည်း ကရင်၊ PC လည်း ကရင်ပါပဲ။ ကရင်ပြည်သူ‌တွေ၊ ကရင်လက်နက်ကိုင်‌တွေ အားလုံး ပြန်စုစည်းမှ ကျ‌နော်တို့လိုချင်တာကိုရမယ်။ အဲဒီအတွက် အားလုံးညီညွတ်မှုကို ရည်ရွယ်ပြီး အခုလို လုပ်‌ဆောင်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းစစ်‌ရေးပြ အခမ်းအနားတွင် KNU မဟာမိတ်ဆက်ဆံ‌ရေးဌာန တာဝန်ခံ ပဒို‌စော‌ဒေးဗစ်သက‌ဘော၊ DKBA ဒုတိယ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်‌စောမို‌ရှေး၊ KNU/KNLA (PC)မှ ဗိုလ်မှူးကြီး‌စော‌နေစိုးမြတို့အပြင် ရခိုင်တပ်မ‌တော်(Arakan Army-AA) စစ်ဦးစီး ချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင် အပါအဝင် ကရင်လက်နက်ကိုင်တပ်ဖွဲ့အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စစ်သည်‌တော်များနှင့် ဧည့် ပရိဿတ် စုစု‌ပေါင်း၂၀၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

KNDO ဌာနချုပ်တွင် ပြုလုပ်သည့် ၎င်းကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားတွင် ကရင်တပ်ဖွဲ့များ ပူးတွဲစစ်‌ရေးပြပွဲအပြင် စတိတ် ရှိုးနှင့် ကရင်ဒုံးယိမ်းကပွဲ ‌ဖျော်‌ဖြေတင်ဆက်မှုများ ပါဝင်သလို ကရင့်ရိုးရာလက်‌ဝှေ့ပွဲကိုလည်း ပြုလုပ်ခဲ့သည်။

DKBA ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်‌စောမို‌ရှေးက “ကရင်အမျိုးသား‌တွေ စုံစုံညီညီ တက်‌ရောက်လာတာကို ‌တွေ့ရ‌တော့ ဝမ်းသာတယ်။ အားလုံးပူး‌ပေါင်းပြီး ကျ‌နော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေးကို အမြန်ဆုံးဖြစ်ချင်ပြီ။ ဒါ‌ကြောင့် ‌တော်လှန်‌ရေး ‌အောင်မြင် ဖို့ဆိုရင် အဖွဲ့အစည်းတစ်ခုတည်းရဲ့တာဝန်လို့ မသတ်မှတ်ဘဲ ကရင်အားလုံးနဲ့ဆိုင်တဲ့ သမိုင်း‌ပေးတာဝန်အ‌နေနဲ့ လုပ်‌ဆောင်သွား ရင် ‌အောင်မြင်ဖို့သိပ်မလို‌တော့ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ဗိုလ်မှူးချုပ်‌စော‌နေဒါးမြကလည်း ကရင့်‌တော်လှန်‌ရေးကို ရည်မှန်းထားသည့်ပန်းတိုင်သို့ ‌ရောက်ရှိ‌ရေးအတွက် ကရင် အမျိုးသားတိုင်း ပါဝင်ကြပြီး ဆက်လက် ကြိုးစားလုပ်‌ဆောင်သွားရမည်ဖြစ်‌ကြောင်း ၆၅နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့၌ ‌ပြောကြားခဲ့သည့် သူ၏မိန့်ခွန်းတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

KNDO ကို ကရင်အမျိုးသားများအား ကာကွယ်ရန် ရည်ရွယ်၍ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်‌နေ့တွင် KNU ဗဟို‌ကော်မတီဝင် တစ်ဦးဖြစ်သူ မန်းဘဇန်က ဦး‌ဆောင်ကာ စတင်ဖွဲ့စည်းခဲ့သည်။ ထို့‌နောက် ကရင်အမျိုးသားများအ‌နေဖြင့် တန်းတူ‌ရေးနှင့် ကိုယ် ပိုင်ပြဌာန်းခွင်ရရှိ‌ရေးအတွက် ဖဆပလအစိုးရထံသို့ နိုင်ငံ‌ရေးနည်းအရ ငြိမ်းချမ်းစွာ ‌တောင်းဆိုခဲ့ရာ မ‌အောင်မြင်ခဲ့ဘဲ KNU ကို မတရားအသင်းအဖြစ် ‌ကြေညာပြီး ရန်ကုန်တိုင်း၊ အင်းစိန်မြို့ရှိ KNDO ဌာနချုပ်ကို ၁၉၄၉ ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် သွား ‌ရောက်တိုက်ခိုက်ခဲ့ရာ ထို‌နေ့ကို အစွဲပြ၍ ကရင်အမျိုးသားများက ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကို နှစ်စဉ် ဂုဏ်ပြုကျင်းပ လာခဲ့ခြင်းဖြစ်သည်။