Home သတင်း ‌ကေအဲန်ယူ တပ်မဟာ(၇) စစ်ဆင်‌ရေးမှူး ကွယ်လွန်

‌ကေအဲန်ယူ တပ်မဟာ(၇) စစ်ဆင်‌ရေးမှူး ကွယ်လွန်

1862

ဗိုလ်မှူးကြီးဂရင်းကို ၁၅ကြိမ် ‌ကေအဲန်ယူကွန်ဂရက်သို့ တက်‌ရောက်ခဲ့စဉ်က

‌ဖေ‌ဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ တပ်မဟာ(၇)တွင် စစ်ဆင်‌ရေးမှူးအဖြစ် တာဝန်ထမ်း‌ဆောင်‌နေသည့် အသက် (၇၀)နှစ်အရွယ် ဗိုလ်မှူးကြီး‌စောဂရင်းကိုသည် ဇန်နဝါရီ ၃၁ရက်‌နေ့က လူကြီး‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

၎င်းကွယ်လွန်သွားပြီး‌နောက် ယမန်‌နေ့ ‌ဖေ‌ဖော်ဝါရီ ၂ရက်‌နေ့၊ ည‌နေ ၂နာရီ‌ကျော်၌ ၎င်း၏ဈာပနကို ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်း သခင်္ျိုင်းတွင် ခရစ်ယာန်ဘာသာ၏ ဓ‌လေ့ထုံးစံအတိုင်း ‌မြေမြှုပ်သၤဂြိုလ်ခဲ့သည်ဟု ဈာပနသို့ သွား‌ရောက်ခဲ့သည့် ‌ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မောင်‌အေးက ယခုလို ‌ပြောသည်။

“သူ့(ဗိုလ်မှူးကြီး‌စောဂရင်းကို)ကို မယ်လစခန်းသခင်္ျိုင်းမှာပဲ ‌မြေမြှုပ်သၤဂြိုလ်ပါတယ်။ ကွယ်လွန်သွားတဲ့ သူ့ဇနီးကို ‌မြေမြုပ်ထားတဲ့ နံ‌ဘေးမှာပဲ မြှုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမြှုပ်နှံတာဟာ ခရစ်ယာန်‌တွေရဲ့ ယုံကြည်ချက်အရ ‌ကောင်းကင်ဘုံမှာ သူတို့နှစ်ဦး ပြန်ဆုံ နိုင်‌အောင် ရည်ရွယ်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်မှူးကြီး‌စောဂရင်းကိုသည် ကရင့်‌တော်လှန်‌ရေးတွင် ကွယ်လွန်ချိန်အထိ သစ္စာရှိရှိ တာဝန်ယူခဲ့သူဖြစ်ရာ ၎င်း၏‌တော်လှန်‌ရေး အ‌ပေါ် စွန့်လွှတ်အနစ်နာခံမှုများကို လူငယ်များအ‌နေဖြင့် ‌လေ့လာသိရှိပြီး အတုယူ‌စေချင်‌ကြောင်း ပဒို‌စော‌အောင်‌မောင်‌အေးက ဆက်လက် ‌ပြောဆိုသည်။

ယမန်‌နေ့က ပြုလုပ်သည့် ကွယ်လွန်သူ စစ်ဆင်‌ရေးမှူး ဗိုလ်မှူးကြီး‌စောဂရင်းကို၏ ‌မြေမြှုပ်သၤဂြိုလ်သည့် ဈာပနပွဲတွင် ‌ကေအဲန် ယူမှ တာဝန်ရှိသူများ အပါအဝင် ကရင်လူမှုအဖွဲ့အစည်းများနှင့် မယ်လဒုက္ခသည်များ စုစု‌ပေါင်း ၁၀၀ဝခန့် တက်‌ရောက်ခဲ့ကြ သည်။ ၎င်းသည် ‌ညောင်‌လေးပင်ခရိုင်၊ ဖာ့ဒို့ပ‌လော‌ကျေးရွာဇာတိဖြစ်ပြီး ကွယ်လွန်ချိန်၌ သားသမီး ၄ဦး ကျန်ရစ်ခဲ့သည်။

အလားတူ ‌ကေအဲန်ယူ တပ်မဟာ(၆)၏ ရုံးထိုင်မှူးအဖြစ် ‌နောက်ဆုံး တာဝန်ထမ်း‌ဆောင်ခဲ့သူ ဗိုလ်မှူး‌စောလားက‌ပေါ်သည်လည်း ‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့က လူကြီး‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ဈာပနကို တပ်ရင်း(၁၈)နယ်‌မြေ၌ ‌ဆောင်ရွက်သွားရန်ရှိ သည်ဟု သိရသည်။