Home သတင်း ‌ကေအဲန်ယူနှင့် ‌ကျေးရွာဥက္ကဌများ သန်း‌ခေါင်စာရင်းကိစ္စ ‌ဆွေး‌နွေးခဲ့

‌ကေအဲန်ယူနှင့် ‌ကျေးရွာဥက္ကဌများ သန်း‌ခေါင်စာရင်းကိစ္စ ‌ဆွေး‌နွေးခဲ့

997

ဝန်ကြီးဦးခင်ရီနှင့် ပဒို‌စောအားတိုးတို့ ဖားအံမြို ့ တွင် ‌ဆွေး‌နွေးစဉ်က

‌ဖေ‌ဖေါ်ဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)သည် သန်း‌ခေါင်းစာရင်း‌ကောက်ယူ‌ရှေးနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ ‌ကော့က ရိတ်မြို့နယ်ရှိ ‌ကျေးရွာဥက္ကဌများနှင့် မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနရုံး၌ ‌ဖေ‌ဖေါ်ဝါရီ ၁ဝရက်‌နေ့က ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ ‌ကြောင်း ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒို‌စော‌မောထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့က ‌ကျေးရွာလူကြီး‌တွေကို‌ခေါ်ပြီး‌တော့ ဒီသန်း‌ခေါင်စာရင်း ‌မေးခွန်း‌မေးတဲ့အခါမှာ စ‌ကောကရင်၊ ပိုးကရင် စတဲ့ မျိုး နွယ်စု‌တွေကို မ‌ပြောဘဲနဲ့ ကရင်တစ်မျိုးတည်းပဲ‌ဖြေဖို့ ကျ‌နော်တို့က ‌ဆွေး‌နွေးပွဲမှာ‌ပြောခဲ့ပါတယ်”ဟု ပဒို‌စော‌မောထူးက ‌ပြောသည်။

လက်ရှိတွင် အစိုးရသတ်မှတ်ထားသည့် ကရင်မျိုးနွယ်စု (၁၁)မျိုးရှိပြီး သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် ပုံစံနှင့် ကုတ်နံပါတ် သတ်မှတ်ချက်များသည် ကရင်လူမျိုးများအကြား ရှုတ်‌ထွေး‌နေ‌ကြောင်း၊ မှန်ကန်သည့် ကရင်လူဦး‌ရေ ရရှိ‌ရေးနှင့် လူမျိုးအမည် မှန်ကန်စွာ ‌ဖြေဆိုနိုင်ရန်အတွက် ရည်ရွယ်၍ ‌ဆွေး‌နွေးပွဲလုပ်ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။

အလားတူကရင်ပြည်နယ် ဒုလဝကမှူး ‌စောတင့်လွင်က “အခုလူမျိုးကိစ္စ‌တွေနဲ့ ပြဿနာ‌တွေတက်‌နေတယ်။ ကရင်ထဲမှာဆိုရင် ‌တော့ မျိုးနွယ်စု‌တွေရှိ‌နေတယ်။ ဒါ‌လေး‌တွေက အခုဖြစ်‌နေတဲ့ ပြဿနာဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး‌တော့ ကျ‌နော်တို့ ဝန်ကြီး က ရှင်း‌နေတယ်။ သန်း‌ခေါင်စာရင်းမှာ လူမျိုးဆိုတာက ကရင်ဆိုရင် ကရင်မျိုးနွယ်စုထဲမှာ အခွဲ‌လေး‌တွေ အများကြီးရှိတယ်။ ဒါ‌ပေမယ့် စက်(ကွန်ပြူတာ)ထဲမှာ‌ရောက်သွားတဲ့ အချိန်ကျရင် အားလုံးပြန်‌ပေါင်း‌တော့ ကရင်ပဲ ပြန်‌ပေါ်လာမယ်”ဟု ‌ပြောဆို သည်။

သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် နိုင်ငံ‌တော်က သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅မျိုးကို အ‌ခြေခံကာ ‌ကောက်ခံသွား မည်ဖြစ်‌ကြောင်း၊ တိုင်းရင်းသားစာရင်းထဲတွင် မပါဝင်သူများအား သီးခြားစာရင်းသွင်းကာ ‌ကောက်ခံသွားမည်ဖြစ်‌ကြောင်း လူဝင် မှုကြီးကြပ်‌ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးဦးခင်ရီက ‌ပြောကြားထားသည်။

‌ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်‌ကျေးရွာမှ ‌စောမြ‌အေးကလည်း“သန်း‌ခေါင်စာရင်းလာ‌ကောက်တဲ့အခါ ကျ‌နော်က‌တော့ ကရင် လို့ပဲ ‌ဖြေမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇန်နဝါရီလ ၁၄ရက်‌နေ့က ‌ကေအဲန်ယူ ဗဟိုပြည်ထဲ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုးနှင့် အစိုးရပြည်‌ထောင်စုဝန်ကြီး ဦးခင်ရီတို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ‌တွေ့ဆုံကာ ၂၀၁၄ သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစိုးရနှင့် ပူး‌ပေါင်းလုပ်‌ဆောင်သွားရန် ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့ပြီး ‌ကေအဲန်ယူ မြို့နယ်အဆင့် ‌ခေါင်း‌ဆောင်များအား ရှင်းလင်း‌ပြောဆိုခဲ့သည်။

ထို့‌ကြောင့် ‌ကေအဲန်ယူအ‌နေဖြင့် မြဝတီမြို့တွင် ‌ဖေ‌ဖေါ်ဝါရီ ၉ရက်‌နေ့ကလည်း‌ကောင်း၊ ‌ကော့ကရိတ်မြို့နယ်တွင် ‌ဖေ‌ဖော်ဝါရီ ၁ဝရက်‌နေ့ကလည်း‌ကောင်း ၎င်းတို့၏ မြို့နယ်အဆင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ‌ကျေးရွာဥက္ကဌများနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ ကြပြီး ထိုအထဲတွင် လဝက တာဝန်ရှိသူများကလည်း ပါဝင်ရှင်းလင်း‌ပေးခဲ့သည်ဟု သိရသည်။