Home သတင်း အိုးအိမ်မဲ့ သမီးက‌လေး‌ကျေးရွာသားများအား ဒီ‌ကေဘီ‌အေနယ်‌မြေတွင် လက်ခံနိုင်ဟုဆို

အိုးအိမ်မဲ့ သမီးက‌လေး‌ကျေးရွာသားများအား ဒီ‌ကေဘီ‌အေနယ်‌မြေတွင် လက်ခံနိုင်ဟုဆို

1841

‌ဖေ‌ဖော်ဝါရီ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)က ရန်ကုန်တိုင်း‌ဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ ဖျက်ဆီးခံခဲ့ရ‌သော သမီး က‌လေး‌ကျေးရွာမှ ဒုက္ခ‌ရောက်‌နေသူများအား မြဝတီခရိုင်အတွင်းရှိ ဒီ‌ကေဘီ‌အေနယ်‌မြေအတွင်း ‌နေထိုင်လိုသူများကို လက်ခံခွင့်ပြုသွားမည်ဖြစ်‌ကြောင်း ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ‌ပြောသည်။

ဗိုလ်မှူးကြီး‌စောဆန်း‌အောင် ဦး‌ဆောင်‌သော ကလို့ထူး‌ဘော ဒီ‌ကေဘီ‌အေအဖွဲ့သည် ‌ဖေ‌ဖော်ဝါရီလ ၁၅ရက်မနက်ပိုင်းက သမီး က‌လေး‌ကျေးရွာသို့ သွား‌ရောက်ခဲ့ပြီး ‌ကျေးရွာသူရွာသားများနှင့် ‌တွေ့ဆုံစဉ် ယင်းသို့ ‌ပြောကြားခဲ့‌ကြောင်း ၎င်းက ယခုလို ‌ပြော သည်။

“ကျ‌နော်တို့အ‌နေနဲ့က‌တော့ ကိုယ့်တိုင်းပြည်ထဲက တိုင်းရင်းသားအချင်းချင်း၊ ‌ဆွေမျိုးသားချင်းလို့ သ‌ဘောထားပြီး‌တော့ ဒုက္ခ ‌ရောက်‌နေတဲ့သူ‌တွေကို စာနာမိလို့ပါ။ ဒီမှာမ‌နေရရင် ကျ‌နော်တို့ဆီမှာ လာ‌နေပါ။ တကယ်လို့ သူတို့ဆန္ဒရှိရင်‌ပေါ့။ ‌နေဖို့စားဖို့အ တွက်ကို စီစဉ်‌ပေးလို့ ရတယ်ဆိုတာကို သွားပြီး‌ပြောပြတာပါ”ဟု ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် အမှန်တကယ် လာ‌ရောက်‌နေထိုင်မည်ဆိုပါက သွားလာ‌ရေးအတွက် ကားများစီစဉ်‌ပေးမည်ဖြစ်ပြီး ဒီ‌ကေဘီ‌အေဌာန ချုပ်အနီး ဆုံဆည်းမြိုင်‌ကျေးရွာ ဝန်းကျင်တဝိုက်တွင် ‌နေရာချထား‌ပေးရန် လျာထားချက်များရှိ‌ကြောင်း ဗိုလ်မှူးကြီး‌စောဆန်း ‌အောင်က ဆက်လက် ‌ပြောဆိုသည်။

သမီးက‌လေးရွာသားတစ်ဦးဖြစ်သူ ကို‌မောင်‌မောင်တာက “ကျ‌နော်တို့က‌တော့ ဒီ‌ကေဘီ‌အေ ခုလိုလာ‌ရောက်ပြီး ‌ပြောပြတာကိုပဲ ‌တော်‌တော်‌လေး ဝမ်းသာ‌နေပါပြီ။ ကိုယ့်ရွာ‌လေးမှာပဲ ကိုယ်‌နေချင်တာ‌ပေါ့။ မိုးဦးကျခါနီးအထိ‌တော့ ‌စောင့်ကြည့်ပါဦးမယ်။ အာဏာပိုင်‌တွေက တစ်ခုခု မစီစဉ်‌ပေးဘူးဆိုရင်‌တော့ တစ်ရွာလုံးကိုသွားဖို့ အစီအစဉ်ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒီ‌ကေဘီ‌အေအဖွဲ့ သမီးက‌လေးရွာသို့ သွား‌ရောက်ရာတွင် ၎င်းတို့နှင့်အတူ လိုက်ပါအား‌ပေးခဲ့သည့် ဗိုလ်ကြီး‌ဟောင်း‌နေမျိုးဇင်က ယခုလက်ရှိအချိန်တွင် သမီးက‌လေး ‌ကျေးရွာသူ၊ ‌ကျေးရွာသားများမှာ ‌နေထိုင်‌ရေး၊ စား‌သောက်‌ရေးများ အခက်အခဲများနှင့် ကြုံ ‌တွေ့‌နေရ‌ကြောင်း ယခုလို ‌ပြောသည်။

“ဒုက္ခ‌ရောက်‌နေတဲ့သူ‌တွေက‌တော့ ‌မြေကြီး‌ပေါ်မှာ အမိုးအကာ တာလပတ်နဲ့ အ‌ပေါ်ကလည်းပူ၊ ‌အောက်ကလည်းပူ ဒီအတိုင်း ဆက်သွားရင် ‌ရေရှည်မလွယ်ဘူး‌လေ။ ‌နောက်ပြီး အစားအ‌သောက် ကျ‌တော့လည်း ဖြစ်သလို စား‌နေရတဲ့အခါကျ‌တော့ ကြာ လာရင် ကျန်းမာ‌ရေးပြဿနာအတွက် စိုးရိမ်ရတဲ့ အ‌နေအထားရှိတယ်”ဟု ဗိုလ်ကြီး‌ဟောင်း‌နေမျိုးဇင်က ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ သမီးက‌လေး‌ကျေးရွာကို တပ်မ‌တော်ပိုင်‌မြေဖြစ်သည်ဟုဆိုကာ ရန်ကုန်တိုင်း ‌ဒေသကြီး ဝန်ကြီးချုပ်အမိန့်ဖြင့် ‌ဖေ‌ဖော်ဝါရီ လ ၄ရက်‌နေ့နံနက်ပိုင်းက ဖယ်ရှားရှင်းလင်းခဲ့ရာ အိမ်‌ထောင်စု‌ပေါင်း ၁၅ဝခန့်မှ လူဦး‌ရေ ၅၀၀‌ကျော်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။