Home သတင်း အာရှဟိုင်း‌ဝေးလမ်း‌ကြောင့် ဆုံးရှုံး‌မြေယာတဧက ကျပ်သိန်း ၂ဝ ‌လျော်‌ကြေး‌ငွေပြန်ရမည်

အာရှဟိုင်း‌ဝေးလမ်း‌ကြောင့် ဆုံးရှုံး‌မြေယာတဧက ကျပ်သိန်း ၂ဝ ‌လျော်‌ကြေး‌ငွေပြန်ရမည်

1470
(အာရှလမ်းမ ‌ဖောက်လုပ်ရာ‌နေရာတစ်ခု)

‌ဖေ‌ဖော်ဝါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်အတွင်း မြဝတီမှ ‌ကော့ကရိတ်သို့ ဖြတ်သန်း‌ဖောက်လုပ်‌နေ‌သော အာရှအ‌ဝေး‌ပြေးကားလမ်း စီမံကိန်း‌ကြောင့် ပျက်စီးဆုံးရှုံးသွားရသည့် ‌ဒေသခံများ၏ အိမ်ခြံ၊ ဥယျာဉ်‌မြေနှင့် လယ်ယာ‌မြေများအတွက် တစ်ဧကလျှင် ‌လျော်‌ကြေး‌ငွေကျပ် သိန်း ၂ဝကို အစိုးရနှင့် ကုမ္ပဏီတို့က ‌ပေးသွားမည်ဟု သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ယမန်‌နေ့က ‌ကော့ကရိတ်မြို့ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူးရုံးတွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန် ယူ)၊ ကရင်ပြည်နယ်အစိုးရနှင့် ကုမ္ပဏီတို့ ‌တွေ့ဆုံကာ ‌ဆွေး‌နွေးခဲ့ကြပြီး နစ်နာဆုံးရှုံးသွားသည့် ‌ဒေသခံလယ်သမားများအတွက် ထိုက်သင့်‌သော ‌လျော်‌ကြေးရရှိ‌စေရန် ‌ကေအဲန်ယူဘက်က ကြားဝင်ညှိနှိုင်း‌ဆွေး‌နွေးသည့်အတွက် ပြည်နယ်အစိုးရနှင့် ကုမ္ပဏီ တို့က သ‌ဘောတူညီခဲ့ကြခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ၊ ‌ကော့ကရိတ်မြို့နယ်ဥက္ကဌ ပဒို‌စော‌မောထူးက ‌ပြောသည်။

“ကျ‌နော်တို့ ‌ကော့ကရိတ်မြို့ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူးရုံးမှာ ပြည်နယ်အစိုးရနဲ့ ကုမ္ပဏီနဲ့ ကျ‌နော်တို့အဖွဲ့‌တွေနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေး တယ်။ အစိုးရက တစ်ဧကကို ၁၅သိန်းနဲ့‌ပေးမယ်။ ကုမ္ပဏီက‌တော့ ၅သိန်း‌ပေးမယ်။ ‌ပေါင်းလိုက်ရင် တစ်ဧကကို သိန်း ၂ဝနှုန်း ရမယ်”ဟု ပဒို‌စော‌မောထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုပျက်စီးဆုံးရှုံးသွားသည့် ‌မြေယာများအတွက် ‌လျော်‌ကြေး‌ပေး‌ဆောင်ရန် နိုင်ငံ‌တော်မှ ဘတ်ဂျက်ကျလာပြီးဖြစ်‌သော်လည်း လက်ရှိအချိန်တွင် ထိုပျက်စီးသွား‌သော ‌မြေယာနှင့် လယ်သမားများကို အစိုးရမှ စာရင်းများ လိုက်လံစု‌ဆောင်း‌နေဆဲဖြစ်သည်။
၎င်း‌နောက် အစိုးရက ‌ကေအဲန်ယူနှင့် ‌ဒေသခံများကို ထပ်မံ ‌တွေ့ဆုံပြီး ‌မြေယာဆုံးရှုံးသွားသူများကို ‌လျော်‌ကြေး‌ငွေ ထုတ်‌ပေး သွားမည်ဟု ကရင်ပြည်နယ် လွှတ်‌တော်အမတ်၊ ‌ကော့ကရိတ်‌မြောက်ပိုင်း မဲဆန္ဒနယ်အမှတ်(၁)မှ မန်းလှမြိုင်က ‌ပြောသည်။

“နိုင်ငံ‌တော်က ‌လျော်‌ကြေးကို တစ်ဧကနှုန်းမှာ ၁၅သိန်း‌အောက် သတ်မှတ်ထားတယ်။ ဘတ်ဂျက်‌တွေ ကျလာပြီး။ အခုမှ စာရင်း လိုက်လံစု‌နေတုန်းပဲ။ ပြီးမှ ‌ကေအဲန်ယူအဖွဲ့နဲ့ ‌ဒေသခံ‌တွေကို ပြန်‌တွေ့ရဦးမယ်‌လေ။ ‌လျော်‌ကြေး‌ပေးတဲ့အခါမှာ ‌ဒေသခံ‌တွေက လက်မှတ်ထိုးပြီးတာနဲ့ ‌ငွေထုတ်‌ပေးမယ်”ဟု မန်းလှမြိုင်က ‌ကေအိုင်စီ၏ ‌မေးမြန်းမှုကို ပြန်လည်ရှင်းပြသည်။

ယင်းသို့ ဆုံးရှုံးသွားသည့် ‌မြေယာများအစား ‌လျော်‌ကြေးများ ရရှိပါက လက်ခံနိုင်‌ကြောင်း ‌မြေယာပျက်စီးသွားရသူ ‌ကော့ကရိတ် မြို့၊ ‌ချောင်း‌တောင်ရပ်ကွက်‌နေ နန်းပုလဲက “ဒီ‌လောက်ဆိုရင် မရတာနဲ့စာရင် ခံသာတာ‌ပေါ့။ လယ်သမား‌တွေလည်း ရင်းနှီး‌ငွေ ‌တွေ ရလာတယ်‌လေ”ဟု သူမက ‌ပြောသည်။

မြဝတီမှ ‌ကော့ကရိတ်မြို့အထိ လမ်းအရှည် ၄၅ကီလိုမီတာရှိသည့် အဆိုပါအာရှလမ်းမကြီးကို ထိုင်းနိုင်ငံမှ SEE SANG ကုမ္ပဏီ က ‌ဖောက်လုပ်ခြင်းဖြစ်ပြီး လမ်းစီမံကိန်းမှာ ‌ဒေသခံများ ၏ လယ်‌မြေဧက‌ပေါင်း ၆၀‌ကျော်ကို ဖြတ်သန်းသွားခဲ့ပြီး နစ်နာဆုံးရှုံးသူ စုစု‌ပေါင်း ၅ဝဦးခန့်ရှိသည်ဟု သိရသည်။

အာရှအ‌ဝေး‌ပြေးလမ်း စီမံကိန်းအတွက် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံသ‌ဘောတူညီခဲ့ကြပြီး ထိုင်းနိုင်ငံက အာရှဖွံ့ဖြိုး‌ရေးဘဏ် အကူ အညီဖြင့် ထိုင်းဘတ်‌ငွေ ၁,၁၄ဝသန်း အကုန်ကျခံကာ ၂၀၀၄ခုနှစ်က စတင် ‌ဖောက်လုပ်ကာ ၂၀၀၅ခုနှစ်တွင် ‌ခေတ္တရပ်နားခဲ့ သည်။

သို့‌သော် ‌ကေအဲန်ယူနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ်ထိုးခဲ့ပြီး‌နောက် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာတွင် စီမံ ကိန်းကို ပြန်လည်စတင်ခဲ့ပြီး ၂၀၁၄၊ ဧပြီလတွင် အပြီး‌ဖောက်လုပ်သွားကာ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ လာအို၊ ထိုင်း၊ မြန်မာ၊ အိန္ဒိယ စသည့်နိုင်ငံများကို ဖြတ်သန်းသွားလာနိုင်မည့် အာရှလမ်းမကြီးဖြစ်လာမည်ဟု သိရသည်။