Home သတင်း သန်း‌ခေါင်စာရင်း စာရင်း‌ကောက်ရာတွင် ‌ဒေသခံ‌ကျောင်းဆရာ/မများအား သုံးရန် ‌ကေအဲန်ယူ‌တောင်းဆို

သန်း‌ခေါင်စာရင်း စာရင်း‌ကောက်ရာတွင် ‌ဒေသခံ‌ကျောင်းဆရာ/မများအား သုံးရန် ‌ကေအဲန်ယူ‌တောင်းဆို

1661

(‌ကေအဲန်ယူနှင့် အစိုးရဘက် လဝကတာဝန်ရှိသူများ ‌ဆွေး‌နွေးစဉ်)

‌ဖေ‌ဖော်ဝါရီ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ ဒူးပလာယာခရိုင်၌ သန်း‌ခေါင်စာရင်း‌ကောက်မည့် စာရင်း‌ကောက် သူများကို ‌ဒေသခံ‌ကျောင်းဆရာမများအား သုံးရန် ကရင်ပြည်နယ် သန်း‌ခေါင်စာရင်း ‌ကော်မတီသို့ ‌တောင်းဆို ထားသည်ဟု ‌ကေအဲန်ယူ ဘက်က ‌ပြောဆိုသည်။

၎င်း‌တောင်းဆိုမှုကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ‌ဖေ‌ဖော်ဝါရီ ဒုတိယအပတ်၌ ပြည်နယ်သန်း‌ခေါင်စာရင်း‌ကော်မ တီ အတွင်း‌ရေးမှူး၊ ပြည်နယ် လဝက ဦးစီးမှူး ဦးထိန်ဝင်း ဦးစီးအဖွဲ့နှင့် KNU ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန် ဦးစီး‌သော ခရိုင်/မြို့နယ် အုပ်ချုပ်‌ရေးအဖွဲ့တို့ သန်း‌ခေါင်စာရင်းလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း‌ဆွေး ‌နွေးချိန်တွင် KNU ဘက်က ထိုသို့ ‌တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပဒို‌စောလစ္စတန်က “ဒီသန်း‌ခေါင်စာရင်း‌ကောက်မယ့် ဆရာ/မ‌တွေက အမှန်က‌တော့ ကျ‌နော်တို့က ‌ဒေသခံဖြစ်‌စေချင်တာ‌ပေါ့။ ဒီ‌ဒေသနဲ့ ကျွမ်းဝင်ပြီး‌တော့ ပိုပြီး‌တော့ နီးစပ်စွာ သိတယ်။ သူတို့ကလည်း သ‌ဘောတူပါတယ်။ သူတို့ပြင်ဆင်ပြီးတဲ့ စာရင်းကို ပယ်ဖျက်ချင်တယ်ဆိုရင် ပယ်ဖျက်နိုင်တယ်။ အသစ်ပြန်ထည့်မယ်ဆိုရင်လည်း ‌ကေအဲန်ယူက ‌ရွေးချယ်ပြီး ပြန်ထည့်လို့ရတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ ဒူးပလာယာခရိုင်တွင် ကျုံဒိုး၊ ‌ကော့ကရိတ်၊ ကြာအင်း၊ ဝင်း‌ရေး စသည့်မြို့နယ် (၄)မြို့နယ်ပါဝင်ပြီး သက်ဆိုင်ရာ မြို့ နယ်များကို အစိုးရနှင့် ဆက်စပ် လုပ်‌ဆောင်ရမည့် သန်း‌ခေါင်စာရင်းကိစ္စများကို ‌ဒေသတွင်ရှိ‌သော လဝကများနှင့် ချိတ်ဆက် ‌ပေးကာ စာရင်း‌ကောက်မည့်‌ကျောင်းဆရာ/မများ၏ စာရင်းကို ‌ဖေ‌ဖော်ဝါရီ(၁၇)ရက်‌နေ့ ‌နောက်ဆုံးထားပြီး ပို့‌ပေးရမည်ဖြစ် ‌ကြောင်း သိရသည်။

ကရင်ပြည်နယ်၌ လက်ရှိ တာဝန်ထမ်း‌ဆောင်‌နေ‌သော အချို့ပညာ‌ရေးဝန်ထမ်း ‌ကျောင်းဆရာ/မ များမှာ ကရင်လူမျိုးများ မဟုတ်ကြသဖြင့် သန်း‌ခေါင်စာရင်း‌ကောက်သည့်အခါ ဘာသာစကား‌ကြောင့် လွဲမှားသွားမည်ဆိုလျှင် နစ်နာမှုများရှိနိုင်သည့်အ တွက် မှန်ကန်စွာ ‌ကောက်ခံနိုင်သူများကို ‌ကေအဲန်ယူဘက်ကလည်း ကူရှာ‌ပေးနိုင်သည်ဟု ကရင်ပြည်နယ် လူဝင်မှုကြီးကြပ် ‌ရေးဦးစီးဌာန လက်‌ထောက်ညွန်ကြား‌ရေးမှူး ‌စောတင့်လွင်ကလည်း ‌ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်းရှိ သန်း‌ခေါင်စာရင်‌ကောက်ယူရာတွင် စာရင်း‌ကောက်အင်အား (၂,၄၇၉)ဦးနှင့် စာရင်းစစ် (၆၇၉)ဦး အသုံးပြုသွား ရန်ရှိ‌ကြောင်း ပြည်နယ်လဝကမှ ပြုစုထားသည့် စာရင်းအရ သိရသည်။