Home သတင်း သန်း‌ခေါင်စာရင်း‌ကောက်ခံ‌ရေး သ‌ဘောထားထုတ်ပြန်ရန် KCBO အဖွဲ့များ အကြို‌ဆွေး‌နွေး

သန်း‌ခေါင်စာရင်း‌ကောက်ခံ‌ရေး သ‌ဘောထားထုတ်ပြန်ရန် KCBO အဖွဲ့များ အကြို‌ဆွေး‌နွေး

1469

‌ဖေ‌ဖေါ်ဝါရီ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

လာမည့် မတ်လအတွင်း ‌ကောက်ခံမည့် တနိုင်ငံလုံး သန်း‌ခေါင်စာရင်း‌ကောက်ခံမည့်ကိစ္စနှင့် ပတ်သက်၍ သ‌ဘောထားထုတ် ပြန်နိုင်ရန် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်း(KCBO)များ စု‌ပေါင်းပြီး အကြို‌တွေ့ဆုံပွဲတစ်ရပ် ယ‌နေ့ ပြုလုပ် ခဲ့သည်။

၎င်း‌တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT)မှ ရုံးမန်‌နေဂျာ စမိုးနိုင်က“ဒီ‌နေ့ ‌ဆွေး ‌နွေးသွားတာက အထူးသဖြင့် တနိုင်ငံလုံး‌ကောက်ခံမယ့် သန်း‌ခေါင်းစာရင်းကိစ္စအ‌ပေါ် KCBO အဖွဲ့‌တွေအ‌နေနဲ့ ဘယ်လိုသ‌ဘော ထားထုတ်ပြန်ဖို့၊ ‌နောက်တစ်ခုက ဒုက္ခသည်‌တွေကို စစ်တမ်း‌ကောက်သွားမယ့်ကိစ္စ‌တွေ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ကရင်လူငယ်အစည်းအရုံး(KYO), ကရင်အမျိုးသမီးအစည်းအရုံး(KWO), နယ်လှည့်‌ကျောပိုးအိတ် ကျန်း မာ‌ရေးလုပ်သားများအဖွဲ့(BPHWT) အပါအဝင် KCBO အဖွဲ့ ၁၄ဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ‌ခေါင်း‌ဆောင်အချို့ တက်‌ရောက်ကာ စုစု‌ပေါင်းကိုယ်စားလှယ် ၂ဝခန့် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

“အခုလူထုအ‌ခြေပြုအဖွဲ့‌တွေ အကြမ်းဖျင်း‌ဆွေး‌နွေးထားတဲ့ အ‌ကြောင်းအရာ‌တွေကိုယူပြီး ထပ်မံပြီး‌တော့ KNU က‌နေ အစည်းအ ‌ဝေးတစ်ခုလုပ်ဖို့ ရှိပါတယ်။ ဘာ‌တွေ အတည်ပြုပြီး သ‌ဘောထားထုတ်ပြန်ကြမလဲဆိုတာ‌တော့ အဲဒီအစည်းအ‌ဝေးပြီးမှ သိရ မယ်”ဟု ‌တွေ့ဆုံပွဲတက်‌ရောက်ခဲ့သည့် KNU စည်းရုံး‌ရေးဌာန၏ အတွင်း‌ရေးမှူး ‌နော်‌ဖော‌ဂေခုက ‌ပြောသည်။

KNU ဦး‌ဆောင်ကာ တနိုင်ငံလုံး သန်း‌ခေါင်စာရင်း‌ကောက်ခံခြင်းကိစ္စနှင့် ပတ်သက်၍ သ‌ဘောထားထုတ်ပြန်နိုင်ရန် ကရင်ပြည် နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ KNU ထိန်းချုပ်နယ်‌မြေ ‌လေးဝါးစခန်း၌ ယခု ‌ဖေ‌ဖေါ်ဝါရီ ၂၆ရက်‌နေ့တွင် အစည်းအ‌ဝေးတစ်ရပ် ပြုလုပ် သွားမည်ဖြစ်သည်ဟု သူမက ဆက်လက် ‌ပြောဆိုသည်။

တနိုင်ငံလုံး သန်း‌ခေါင်စာရင်း‌ကောက်ခံခြင်းကိစ္စအ‌ပေါ် အားလုံး တစ်သံတည်းထွက်‌ပေါ်နိုင်ရန် မြန်မာပြည်တွင်းရှိ ကရင် အပါအ ဝင် အခြားတိုင်းရင်းသားအဖွဲ့အစည်း ၂၁ဖွဲ့ စု‌ပေါင်းကာ ‌ဖေ‌ဖေါ်ဝါရီ ၁၇ရက်‌နေ့၌ သ‌ဘောထား‌ကြေညာချက်တစ်‌စောင် ထုတ်ပြန် ခဲ့ပြီး ဖြစ်သည်။