Home သတင်း သန်း‌ခေါင်စာရင်းတွင် ကရင်တစ်မျိုးတည်းသာ ထည့်သွင်းရန် ကရင်‌ရေးရာဝန်ကြီးများ တိုက်တွန်း

သန်း‌ခေါင်စာရင်းတွင် ကရင်တစ်မျိုးတည်းသာ ထည့်သွင်းရန် ကရင်‌ရေးရာဝန်ကြီးများ တိုက်တွန်း

1734
‌ဖေ‌ဖေါ်ဝါရီ ၂၆ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ချောင်‌ဖော့

၂၀၁၄ ခုနှစ်၊ တပြည်လုံးသန်း‌ခေါင်စာရင်း ‌ကောက်ယူရာ၌ ကရင်လူမျိုးများအားလုံး တစ်စုတစ်စည်းတည်း ဖြစ်‌စေ‌ရေးအတွက် ‌ကောက်ခံချိန်အတွင်း မိမိလူမျိုးကို ကရင်(ကုတ်သ‌ကေင်္တနံပါတ် ၃၀၁ )တွင် ထည့်သွင်းကြရန် ကရင်‌ရေးရာဝန်ကြီးများက တိုက်တွန်းထား‌ကြောင်း သိရသည်။

‌ဖေ‌ဖော်ဝါရီလ ၁၃ ရက်‌နေ့က အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက် အမှတ် (၇)၊ ဘူတာရုံးလမ်း အစည်းအ‌ဝေး ခန်းမ၌ နယ်ပယ်အသီးသီးမှ ကရင်အမျိုးသားများပါဝင်သည့် အစည်းအ‌ဝေးတစ်ရပ်တွင် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီးများက ထိုသို့ တိုက်တွန်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောဂျူပလီစံလှက “ကရင်ဟာ ကရင်ဆိုတာပဲ ဖြစ်‌စေချင်တယ်‌လေ။ အခုသန်း‌ခေါင်စာရင်းမှာ ကရင်မျိုးနွယ်စု‌တွေ သတ်မှတ်ထားတာက အရင်‌ပေါ်လစီအရ ဖြစ်‌ပေမယ့် ရှုပ်‌ထွေးမှု‌တွေဖြစ်တာ‌တော့ အမှန်ပဲ။ ဒါ‌ကြောင့် ကျ‌နော်တို့ အဲလိုတိုက်တွန်းခဲ့တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်တွင် ကျင်းပခဲ့သည့် ယင်းအစည်းအ‌ဝေးတွင် ကရင်ဝန်ကြီးများအပါအဝင် ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုအလုပ်အမှု‌ဆောင် ပဒို ‌စောတာဒို့မှူး၊ သမိုင်း အငြိမ်းစားပါ‌မောက္ခ ‌စောထွန်း‌အောင်ချိန်နှင့် ဘာသာ‌ရေး၊ လူမှု‌ရေးအဖွဲ့များမှ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၂၆ ဦး တက်‌ရောက်ခဲ့ သည်ဟု သိရသည်။

အစည်းအ‌ဝေးသို့ တက်‌ရောက်ခဲ့သူ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်က ‌ဖေ‌ဖေါ်ဝါရီ ၁၂ရက်၊ ပြည်‌ထောင်စု‌နေ့၌ ‌နေပြည်‌တော်တွင် တနိုင်ငံလုံးရှိ တိုင်းရင်းသား‌ရေးရာ ဝန်ကြီးများ‌တွေ့ဆုံခဲ့စဉ် သန်း‌ခေါင်းစာရင်း‌ကောက်ခံသည့်အခါ လူမျိုးအလိုက် ပင်မလူမျိုးတွင်သာ တစ်စုတစ်စည်းတည်း စာရင်းသွင်းသင့်သည်ဟု မှတ်ချက်ပြုခဲ့‌ကြောင်း ‌ပြောကြားခဲ့သည်။

ကရင်‌ရေးရာဝန်ကြီးများ၏ တိုက်တွန်းချက်များအ‌ပေါ် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတတ်‌ရေးအဖွဲ့(KWEG)မှ ဒါရိုက်တာ ‌နော်စူစဲန်နာ လှလှစိုးက “ကျမအမြင်က‌တော့ ကရင်မျိုးနွယ်စုအလိုက် ညှိနှိုင်းဖို့ အဆင်မ‌ပြေ‌တော့တဲ့ အချိန်ကျမှ ‌နောက်ဆုံးအ‌နေနဲ့ မျိုးနွယ်စုလိုက်မခွဲဘဲ ကရင်လို့သာ သန်း‌ခေါင်စာရင်းမှာထည့်ဖို့ လုပ်သွားရမှာ ထင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

သန်း‌ခေါင်စာရင်း‌ကောက်ယူမည့် အစီအစဉ်နှင့် ပတ်သက်၍ ဇန်နဝါရီ ဒုတိယအပတ်အတွင်းက ဖားအံမြို့၌ ကရင်ကိုယ်စားလှယ် သုံးရာနီးပါးတတ်‌ရောက်သည့် အစည်းအ‌ဝေးအပြီးတွင် သ‌ဘောထားထုတ်ပြန်ချက် တ‌စောင်ထုတ်ပြန်ခဲ့သလို လူမျိုးစုသတ်မှတ်ခြင်းကို ရှင်းရှင်းလင်းလင်းဖြစ်‌စေရန် ‌တောင်းဆိုခဲ့‌သေးသည်။

မြန်မာနိုင်ငံ လွတ်လပ်‌ရေးရပြီး‌နောက်ပိုင်း ဆိုရှယ်လစ်အစိုးရလက်ထက်က ၁၉၇၃ ခုနှစ်၌ တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်၌ တစ်ကြိမ် သန်း‌ခေါင်စာရင်း‌ကောက်ယူခဲ့ကာ နှစ်‌ပေါင်း (၃၀)‌ကျော်အကြာတွင် ယခုလို ပြန်လည်‌ကောက်ယူ ရန် စီစဉ်လုပ်‌ဆောင်‌နေခြင်းဖြစ်သည်ဟု သိရသည်။