Home သတင်း လွန်းည‌တောင်‌ခြေ၌ ဘိလပ်‌မြေစက်ရုံတည်‌ဆောက်ရန် ‌ဒေသခံများက လက်မခံ

လွန်းည‌တောင်‌ခြေ၌ ဘိလပ်‌မြေစက်ရုံတည်‌ဆောက်ရန် ‌ဒေသခံများက လက်မခံ

2410

‌ဖေ‌ဖေါ်ဝါရီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လွန်းည‌ကျေးရွာအုပ်စုရှိ လွန်းည‌တောင်‌ခြေတွင် အိန္ဒိယနိုင်ငံအ‌ခြေစိုက် Ultra Tech’s Cement Factory ကုမ္ပဏီက ဘိလပ်‌မြေစက်ရုံလာ‌ရောက်တည်‌ဆောက်ကာ လွန်းည‌တောင်ကို အသုံးပြုရန် ‌ဖေ‌ဖေါ်ဝါရီ ၂၄ရက်‌နေ့ မွန်း လွဲ ၁နာရီအချိန်တွင် လာ‌ရောက်‌ဆွေး‌နွေး‌တောင်းဆိုခဲ့ရာ ‌ဒေသခံများက လက်မခံ‌ကြောင်း သိရသည်။

ယမန်‌နေ့က လွန်းည‌ကျေးရွာ ဘုန်းကြီး‌ကျောင်းဓမ္မာရုံတွင် အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့က လွန်းည‌တောင်ကို အသုံးပြု၍ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ရန် ‌ဒေသခံများအား ‌ဆွေး‌နွေး‌တောင်းဆိုခဲ့ခြင်းကို ငြင်းဆန်ရခြင်း နှင့် ပတ်သက်၍ လွန်းည‌ကျေးရွာသား ‌စောသန်း‌ဌေးက ယခုလို ‌ပြောသည်။

လွန်းညရွာသား ‌စောသန်း‌ဌေးက “လွန်းည‌တောင်မှာ ဘိလပ်‌မြေတည်‌ဆောက်မယ့်ကိစ္စက ရွာသား‌တွေ‌တောင်မကဘူး။ သံဃာ ‌တော်‌တွေလည်း လက်မခံဘူး။ လက်ရှိ မြိုင်က‌လေးက တပ်မ‌တော် ဘိလပ်‌မြေစက်ရုံ‌တောင် ‌ဒေသခံ‌တွေအတွက် အခုထိ ဘာမှ မလုပ်‌ပေးနိုင်‌သေးတဲ့အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု‌တွေ ဖြစ်လို့ ‌ဒေသခံ‌တွေဟာ ‌ရောဂါအမျိုးမျိုးဖြစ်‌နေရတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

လက်ရှိ သံလွင်အ‌နောက်ဘက်ခြမ်း မြိုင်က‌လေး‌ကျေးရွာတွင် တည်ရှိ‌နေသည့် ဘိလပ်‌မြေစက်ရုံနှစ်ရုံ‌ကြောင့် ‌ဒေသခံလူထုမှာ တီဘီ‌ရောဂါဖြစ်ပွားမှုများရှိသလို ‌လေထုညစ်ညမ်းမှုများလည်း ဖြစ်ရှိ‌နေသည့်အတွက် လွန်းည‌တောင်‌ခြေတွင် ဘိလပ်‌မြေစက်ရုံ လာ‌ရောက်တည်‌ဆောက်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်ကို မှီခို‌နေထိုင်ကြသည့် ‌ဒေသခံများအတွက် အခက်အခဲကြုံ‌တွေ့နိုင် ‌ကြောင်းကို ‌စောသန်း‌ဌေးက ဆက်လက်‌ပြောဆိုသည်။
Lonnya mountain
၎င်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် Ultra Tech’s Cement Factory ဘိလပ်‌မြေကုမ္ပဏီ တာဝန်ရှိသူများ၊ ကရင်ပြည်နယ်အစိုးရမှ တာ ဝန်ရှိသူဝန်ကြီးများနှင့် လွန်းည‌ကျေးရွာအုပ်စုရှိ လွန်းည၊ ခနိမ်းဒို၊ ‌ကော့‌ကေ စသည့်ရွာတို့မှ ‌ဒေသခံ စုစု‌ပေါင်း ၃၀၀‌ကျော် တက် ‌ရောက်ကာ ၃နာရီ‌ကျော်ကြာ ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

‌တွေ့ဆုံပွဲတွင်ပါဝင်သူ ပြည်နယ်လျှပ်စစ်ဝန်ကြီး ‌စောကြည်လင်းက “ကုမ္ပဏီလုပ်ငန်းရှင်‌တွေက အခုလို လာ‌တွေ့တာက ဘိလပ် ‌မြေစက်ရုံ လာ‌ရောက်တည်‌ဆောက်ရင် ‌ဒေသခံများရဲ့ ဆန္ဒသ‌ဘောထားကို သိချင်လို့ဖြစ်ပါတယ်။ ဘိလပ်‌မြေထုတ်လုပ်ရင် ဖုန် မထဖို့နဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု‌တွေ မရှိ‌စေဖို့ နည်းပညာအသစ်‌တွေနဲ့ တည်‌ဆောက်သွားမှာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

သို့‌သော် လမ်းပန်းနှင့် ဆက်သွယ်‌ရေးဝန်ကြီး ‌စောခင်‌မောင်မြင့်က “လွန်းည‌တောင်မှာ ဘိလပ်‌မြေစက်ရုံ‌ဆောက်ဖို့ ကျ‌နော်တို့ ကွင်းဆင်းစစ်‌ဆေး‌ကော်မတီအဖွဲ့က‌နေ ‌တွေ့ရှိချက်အရ ‌ဒေသခံ‌တွေက လက်မခံကြဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့‌ကော်မတီအဖွဲ့ လည်း ပြည်နယ်အစိုးရကို တင်ပြသွားမယ်။ ‌ဒေသခံ‌တွေ လက်မခံရင် အစိုးရနဲ့ ကုမ္ပဏီတို့ ဘာမှလုပ်ခွင့်မရှိဘူး”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က လွန်းည‌တောင်တွင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်သင့်မသင့်နှင့် ပတ်သက်၍ လျှပ်စစ်နှင့်စက်မှုဝန် ကြီး ‌စောကြည်လင်း၊ သတ္တုနှင့်သစ်‌တောဝန်ကြီး ‌စောဆာ‌လောလ၊ လမ်းပန်းနှင့်ဆက်သွယ်‌ရေးဝန်ကြီး ‌စောခင်‌မောင်မြင့်၊ ပြည် နယ်‌မြေစာရင်းဦးစီးဌာန၊ ခရိုင်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူး၊ သဘာဝပတ်ဝန်းကျင်အဖွဲ့များ၊ မြို့မိမြို့ဖနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ ပါဝင်သည့် ကွင်းဆင်းစစ်‌ဆေး‌ရေး‌ကော်မတီအဖွဲ့က ကွင်းဆင်းစစ်‌ဆေးမှုများ ‌ဆောင်ရွက်ခဲ့‌သေးသည်။

Ultra Tech’s Cement Factory ကုမ္ပဏီသည် ကမ္ဘာ‌ပေါ်တွင် အကြီးဆုံး ကုမ္ပဏီ ၁ဝခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်းကုမ္ပ ဏီအ‌နေဖြင့် လွန်းည‌တောင်‌ခြေတွင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ဖြစ်မည်ဆိုပါက အ‌မေရိကန်‌ဒေါ်လာသန်း (၅၀၀) အကုန် ကျခံကာ သုံးနှစ်အတွင်း အပြီး‌ဆောက်လုပ်သွားရန် လျာထား‌ကြောင်း သိရသည်။