Home သတင်း နယ်လုံဝန်ကြီးနှင့် ကရင်အပစ်ရပ်အဖွဲ့ဝင်အချို့ကို နီပွန်‌ဖေါင်‌ဒေးရှင်း လာ‌ရောက်‌တွေ့ဆုံ

နယ်လုံဝန်ကြီးနှင့် ကရင်အပစ်ရပ်အဖွဲ့ဝင်အချို့ကို နီပွန်‌ဖေါင်‌ဒေးရှင်း လာ‌ရောက်‌တွေ့ဆုံ

1544

‌ဖေ‌ဖော်ဝါရီ ၂၅ရက်၊၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ဂျပန်နိုင်ငံရှိ နီပွန်‌ဖေါင်‌ဒေးရှင်း ကိုယ်စားလှယ်‌လေးဦးသည် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ KNU/KNLA ငြိမ်း ချမ်း‌ရေး‌ကောင်စီ၊ ကရင်ပြည်နယ် နယ်စပ်‌ရေးရာနှင့်လုံခြုံ‌ရေးဝန်ကြီးဗိုလ်မှူးကြီး‌အောင်လွင် ဦး‌ဆောင်သည့်အဖွဲ့တို့ကို ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်တွင် ‌ဖေ‌ဖော်ဝါရီလ ၁၇ရက်‌နေ့က လာ‌ရောက်‌တွေ့ဆုံခဲ့သည်။

နီပွန်‌ဖေါင်‌ဒေးရှင်းအ‌နေဖြင့် မြန်မာ့ငြိမ်းချမ်း‌ရေး ပိုမိုခိုင်မာလာ‌စေရန် အပစ်ရပ်အဖွဲ့အစည်း‌နေရာများတွင် ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်း များကို အဓိကထား လာ‌ရောက်လုပ်‌ဆောင်လိုခြင်းသာဖြစ်‌ကြောင်း နယ်စပ်‌ရေးရာနှင့် လုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင် က ‌ကေအိုင်စီသို့ ‌ပြောသည်။

“နီပွန်‌ဖေါင်‌ဒေးရှင်းနဲ့ ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောအဖွဲ့၊ KNU/KNLA PC အဖွဲ့ရယ်၊ ကျ‌နော်တို့ဝန်ကြီးရယ် ‌တွေ့ဆုံကြတယ်။ ‌ဆွေး‌နွေးချက်‌တွေက‌တော့ ထူးထူးခြားခြား‌တော့ မရှိပါဘူး။ မြန်မာငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ သူတို့လည်း ပါဝင်ပူ‌ပေါင်းတဲ့အ‌နေနဲ့ ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် လုပ်‌ဆောင်ဖို့ ကြိုတင်လာ‌ရောက်‌ဆွေး‌နွေးခြင်းပါပဲ”ဟု ဗိုလ်မှူးကြီး‌အောင်လွင်က ‌ပြောသည်။

နီပွန်‌ဖေါင်‌ဒေးရှင်းအ‌နေဖြင့် ဒီ‌ကေဘီ‌အေနှင့် ငြိမ်းချမ်း‌ရေး‌ကောင်စီနယ်‌မြေများ၌ ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းနှင့် ပတ်သက်၍ လိုအပ် ချက်များရှိပါက လာ‌ရောက်ကူညီလုပ်‌ဆောင်‌ပေးရန် ရည်ရွယ်ချက်ရှိရာ ထို့အတွက်‌ကြောင့် သက်ဆိုင်ရာအဖွဲ့များ၏ သ‌ဘော ထားများကို သိရှိရန် ယခုလို လာ‌ရောက်‌တွေ့ဆုံခြင်းဖြစ်‌ကြောင်း ‌တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ဒီ‌ကေဘီ‌အေမှ ဗိုလ်မှူး‌စောဝိထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်မှူး‌စောဝိထူးက “ငြိမ်းချမ်း‌ရေးကိစ္စကို သမ္မတဦးသိန်းစိန်ကတစ်မျိုး၊ ကာကွယ်‌ရေးဦးစီချုပ် ဦးမင်း‌အောင်လှိုင်ကတစ်ဖုံ မဖြစ်ရ ‌လေ‌အောင် နီပွန်တို့အ‌နေနဲ့လည်း မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ဝိုင်းဝန်းကူညီ‌ပေး‌စေချင်ပါတယ်”ဟု ‌ပြောဆိုသည်။

ယင်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် နီပွန်‌ဖေါင်‌ဒေးရှင်းက DKBA နှင့် KNU/KNLA (PC)အဖွဲ့မှ ကိုယ်စားလှယ်များ၊ အစိုးရဘက်တွင် နယ်စပ်‌ရေးရာနှင့် လုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်၊ ပြည်နယ်ရဲမင်းကြီးတို့ ပါဝင်သည့်အဖွဲ့တို့နှင့် ဇွဲကပင်ဟိုတယ်တွင် ၁၅မိနစ်ကြာ ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကမ္ဘာ‌ပေါ်ရှိနိုင်ငံ‌ပေါင်း ၁၀၀‌ကျော်ကို ဖွံ့ဖြိုး‌ရေးအကူအညီများ‌ပေး‌နေ‌သော နီပွန်‌ဖောင်‌ဒေးရှင်းသည် လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ ကချင်၊ ကရင်၊ မွန်၊ ရှမ်း စသည့် တိုင်းရင်းသား‌ဒေသများသို့ စားနပ်ရိက္ခာများ၊ ပညာ‌ရေး၊ ‌ဆေးဝါးအကူအညီများနှင့် စိုက်ပျိုး‌ရေး အတွက် လိုအပ်‌သော နည်းပညာအ‌ထောက်အကူများကို ကူညီပံ့ပိုး‌ပေး‌နေ‌သောအဖွဲ့ဖြစ်ပြီး အပစ်အခတ်ရပ်စဲပြီး‌နောက်ပိုင်း ကရင်ပြည်နယ်၊ ‌ကျေးရွာများ၌ စာသင်‌ကျောင်းနှင့် ‌ဆေး‌ပေးခန်း ‌ဆောက်လုပ်‌ပေးမှုများ ရှိသည်။