Home တွေ့ဆုံမေးမြန်းခန်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးအ‌ပေါ် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ‌ခေါင်း‌ဆောင်များ၏

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးအ‌ပေါ် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ‌ခေါင်း‌ဆောင်များ၏

2438

အမြင်သ‌ဘောထား (၂)

ဗိုလ်မှူးချုပ်ရင်နု (စစ်ဖက်ဆိုင်ရာ ထိပ်တန်း‌ကော်မတီဝင် – KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ)

ကျ‌နော်တို့ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/KNLA – PC ရဲ့ သ‌ဘောထားက‌တော့ အပစ်အခတ်ရပ်စဲ‌ရေးကို လိုလားတယ်။ အဲဒီ က‌နေမှတစ်ဆင့် ကျ‌နော်တို့ နိုင်ငံ‌တော် ငြိမ်းချမ်းသာယာဖို့အတွက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို တက်လှမ်းသွားမယ်။ ကျ‌နော်တို့ ကရင်အမျိုးသားတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ကျန်တဲ့ ဘဝတူတိုင်းရင်းသား ညီအစ်ကို‌တွေ အကုန်လုံးအတွက်လည်း ပါတာ‌ပေါ့‌နော်။ ကျ‌နော့်သ‌ဘောထားက‌တော့ ဒါပါပဲ။
ဒုတိယအကြိမ်‌မြောက် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများရဲ့ ကွန်ဖရင့်နဲ့ပတ်သက်ပြီး ကျ‌နော်တို့အ‌နေ နဲ့က‌တော့ အများ‌ဆွေး‌နွေးဆုံးဖြတ်တဲ့အတိုင်းပါပဲ။ တချို့ ‌ဆွေး‌နွေးချက်‌တွေက ‌ဘောင်ဝင်‌ပေမယ့် တချို့ ‌ဆွေး‌နွေးချက်‌တွေက ‌တော့ ‌ဘောင်မဝင်တာလည်း ရှိတာ‌ပေါ့‌နော်။ ဒါ‌ပေမယ့်လည်း ‌ရှေ့ဆက်ပြီး တစ်စုတည်း၊ တစ်သံတည်းဖြစ်လာဖို့‌တော့ ကျ‌နော် တို့ ‌မျှော်လင့်ပါတယ်။ ကျ‌နော်တို့ တိုင်းရင်းသားအဖွဲ့‌တွေ တစ်ခုတည်း‌သော အမြင်သ‌ဘောထား မရှိလို့ရှိရင် ကျ‌နော်တို့ တိုင်း ရင်းသားလူမျိုးစု‌တွေရဲ့ လွတ်လပ်‌ရေးကို ရယူတဲ့‌နေရာမှာ အခက်အခဲရှိမှာ ‌သေချာတယ်။ ဒါ‌ကြောင့် အဲဒီ‌ဆွေး‌နွေးပွဲက‌နေတစ် ဆင့် ‌ကောင်းတဲ့အ‌ဖြေတစ်ခု‌တော့ ရလိမ့်မယ်လို့ ‌မျှော်လင့်ပါတယ်။ အ‌ဖြေတစ်ခုခုရမှသာလျှင် ကျ‌နော်တို့ရဲ့ လွတ်လပ်မှုကို ရယူ နိုင်မှာပါ။

ခူးဦးရယ် (အ‌ထွေ‌ထွေအတွင်း‌ရေးမှူး – ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ KNPP)

Ku UReh
ဒီညီလာခံက ဒုတိယအကြိမ်ညီလာခံလည်း ဖြစ်တယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲလက်မှတ်‌ရေးထိုးဖို့ အဓိက ရည်ရွယ်တာ ‌ပေါ့‌လေ။ ဒီအဆင့်ကမှ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုအဆင့်ကိုသွားဖို့ ကျ‌နော်တို့မှာ အမြင်ရှိတယ်။ အဖွဲ့အစည်း အ‌တော်များများကလည်း အဲဒီအမြင်သ‌ဘောထားရှိကြတယ်။ တချို့‌သော အဖွဲ့အစည်း‌တွေက နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှုအဆင့်ပြီးမှ အပစ်အခတ် ရပ်စဲ ‌ရေးသွားဖို့ အမြင်တချု့ိလည်းရှိတယ်။ ကျ‌နော်တို့အမြင်အရ တပြိုင်နက်သွားရင်ဆိုရင်လည်း မမှားဘူး‌ပေါ့။ တပြိုင်နက်ဆိုတာက လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ လက်မှတ်ထိုးပြီးတာနဲ့ကို လက်မှတ်ထိုးတဲ့အချက်မှာ ကျ‌နော်တို့ နိုင်ငံ‌ရေး ဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့အတွက် တကယ်အာမခံချက်ပါတဲ့ အချက်အလက်‌တွေကို ထည့်သွင်းပြီး‌တော့ သ‌ဘောတူထားရမဲ့ အ‌နေအထားမှာ ရှိတယ်။ တကယ်လည်း နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးမှာ အနည်းဆုံးပါရမယ်လို့ ကျ‌နော်တို့ သ‌ဘောထား တယ်။ အခု‌လော‌လောဆယ်‌တော့ လက်မှတ်ထိုးတဲ့ အဖွဲ့အစည်းရှိသလို မထိုး‌သေးတဲ့ အဖွဲ့အစည်း‌တွေလည်း ရှိတယ်။ ကျ‌နော် တို့မြင်ချင်တာက‌တော့ ဘယ်အဖွဲ့အစည်းမဆို ထိန်ချန်ထားခြင်းမရှိဘဲ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲ‌ရေးပွဲမှာ အားလုံး စုံစုံ‌စေ့‌စေ့ ပါဝင်‌စေချင်တယ်။ အဲဒီလိုမျိုး ပါဝင်နိုင်ဖို့ ကျ‌နော်တို့ တိုင်းရင်းသားအဖွဲ့အစည်း‌တွေမှာ တိကျခိုင်မာတဲ့ ရပ်တည်ချက် ရယ်ပြီး‌တော့ အဖွဲ့အစည်းအ‌နေနဲ့ အဖွဲ့အစည်းက ဘယ်သူ‌တွေလဲဆိုတာကို ကျ‌နော်က တိတိပပ အစိုးရကို စာရင်း‌ပေး‌စေချင် တယ်။ ‌နောက်ပြီး‌တော့ အဖွဲ့အစည်းအားလုံး စုံစုံညီညီနဲ့ လက်မှတ်ထိုးတာကိုလည်း မြင်ချင်တယ်။ အဆင်သင့်ဖြစ်တဲ့သူက အရင်ထိုးလိုက်၊ အဆင်သင့်မဖြစ်တဲ့သူက ‌နောက်မှထိုးဆိုတဲ့ အစိုးရရဲ့ ကမ်းလှမ်းချက်ပုံစံမျိုးနဲ့ သွားမယ်ဆိုရင် ဒါက လက်‌တွေ့ မကျဘူးလို့ ကျ‌နော်တို့က နားလည်တယ်။ ဘယ်လိုလက်‌တွေ့မကျဘူးလဲဆို‌တော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘော တူညီချက် လက်မှတ်ထိုးတယ်လို့ ကျ‌နော်တို့ ဆိုလို့မရဘူး။ တစ်‌နေရာမှာငြိမ်‌နေပြီး တစ်‌နေရာမှာ တိုက်ပွဲ‌တွေဖြစ်‌နေရင် တစ်စုံ လုံးလို့ သ‌ဘောမ‌ဆောင်ဘူး‌လေ။ အဲဒီသဏ္ဍာန်မျိုးကို‌တော့ ကျ‌နော်တို့ မဖြစ်‌စေချင်ဘူး။ အတူတကွ သွား‌စေချင်တယ်၊ အတူတ ကွ လက်မှတ်ထိုး‌စေချင်တယ်။ ဒါက‌တော့ ကျ‌နော်တို့ မြင်‌စေချင်တာ ဖြစ်တယ်။

ပူဇင်ကျုံး (အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး – ချင်းအမျိုးသားတပ်ဦး CNF)

Pu Zing Cung
၂၀၁၃ ‌အောက်တိုဘာက နိုဝင်ဘာ ၂ရက်အထိ ကျ‌နော်တို့ လိုင်ဇာကွန်ဖရင့် လုပ်ကြတယ်။ အဲဒီ လိုင်ဇာကွန်ဖရင့်က‌နေ‌တော့မှ ဘုံသ‌ဘောထားရပ်တည်ချက် (၁၁)ချက်ကို ချက်ခဲ့ကြတယ်။ အဲဒီရပ်တည်ချက်အ‌ပေါ်မှာ ကျ‌နော်တို့ တစ်ပြည်လုံးအတိုင်းအတာ အပစ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်‌ရေးထိုးမဲ့၊ ပြင်ဆင်မဲ့ အသင်းတစ်သင်းကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအသင်းကို NCCT(Nationwide Ceasefire Coordinating Committee)လို့‌ခေါ်တယ်။ အဲဒီ NCCT က‌နေ ၂လခွဲတာ ကာလအတွင်းမှာ အဲဒီမူသ‌ဘောထားရပ် တည်ချက်ကို အ‌ခြေပြုပြီးမှ ကျ‌နော်တို့ တစ်ပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်မူကြမ်းကို ကျ‌နော်တို့ ထုတ်လိုက်ပါတယ်။ ဒီ‌တော့ကာ ကျ‌နော်တို့ ဒီက‌နေ့ ၆ရက်တာ ‌ဆွေး‌နွေးတဲ့‌နေရာမှာ အဲဒီမူသ‌ဘောထားရပ်တည်ချက်အတိုင်း ပဲ ကျ‌နော်တို့ အပစ်ရပ်စဲစာချုပ်ကို ချမှတ်နိုင်ပါတယ်။ ဒါဟာ အင်မတန်မှ ‌ကောင်းမွန်ပါတယ်။ တိုင်းရင်းသား‌တွေကြားထဲမှာ စည်းလုံးညီညွတ်မှုရရှိ‌စေတယ်။ ‌နောက် ကျ‌နော်တို့ရဲ့ဒီကွန်ဖရင့်ရဲ့ အ‌ခြေခံမူအ‌နေနဲ့ဆိုရင် ကျ‌နော်တို့ရလိုက်တဲ့ ရလဒ်က အင်မ တန်မှ ‌ကောင်းပါတယ်လို့ ကျ‌နော်ယူဆပါတယ်။
ဒါက တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့စည်း‌တွေရဲ့ စာချုပ်ပဲ ရှိပါ‌သေးတယ်။ ဒီစာချုပ်ကို ကျ‌နော်တို့ တာဝန်‌ပေး လိုက်တဲ့ NCCT က‌နေပြီး‌တော့မှ အစိုးရအဖွဲ့ တာဝန်ရှိသူ‌တွေကို ‌ဆွေး‌နွေးသွားမှာပါ။ ‌ဆွေး‌နွေးပြီး နှစ်ဘက်ညှိနှိုင်းရမယ်။ အဲဒီ နှစ်ဘက်ညှိနှိုင်းပြီး‌တော့မှ နှစ်ဘက်လက်ခံနိုင်တဲ့ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒီအချိန်မှ ကျ‌နော်တို့အားလုံး ပြန်‌တွေ့ကြပြီး‌တော့ ဒါ အားလုံးလက်ခံနိုင်တယ်ဆိုတဲ့ အ‌နေအထား ‌ရောက်တဲ့အခါ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲ‌ရေးကို အစိုးရ‌ကော၊ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့‌ကော ကျ‌နော်တို့ လက်မှတ်‌ရေးထိုးပြီး‌တော့မှ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ကျ‌နော်တို့ တက်လှမ်းကြမှာဖြစ်တယ်။
ဒီ‌နေ့ ကျ‌နော်တို့ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်း‌တွေဟာ သမိုင်း‌ကြောင်းတစ်‌လျှောက်မှာ အင်မတန်မှ ထူးကဲပြီး‌တော့မှ ထူးခြားမှုရှိတယ်လို့ ကျ‌နော်ယူဆပါတယ်။ ဒီလို‌တွေ့ဆုံဖို့အတွက် ကျ‌နော်တို့ တပ်‌ပေါင်းစု‌တွေလည်း အကြိမ် ကြိမ် စု‌ပေါင်းကြိုးစားခဲ့ပါတယ်။ ဒါ‌ပေမယ့် လိုင်ဇာလို ကွန်ဖရင့်ကြီးမျိုး၊ ‌လော်ခီးလာလို ကွန်ဖရင့်ကြီးမျိုး ကျ‌နော်တို့ လုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီ‌တော့က ထူးခြားတဲ့ ဝိ‌သေသရှိတဲ့ ဒီကွန်ဖရင့်ကြီးဟာ အရင်တုန်းကထွက်‌ပေါ်လာတဲ့ ရလဒ်‌တွေကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တက်တက်ကြွကြွနဲ့ ပါဝင်ပြီး ပူး‌ပေါင်းမူလိုအပ်တယ်လို့ ကျ‌နော်ယူဆပါတယ်။ ထိုနည်းလည်း‌ကောင်းပဲ ဒီ ၆ဝနှစ်ကြာ ‌တော်လှန်‌ရေးကာလတစ်‌လျှောက်၊ ပဋိပက္ခကာလ၊ ပြည်တွင်းစစ်ဖြစ်တဲ့ အ‌နေအထားမှာ ကျ‌နော်တို့ ဒီက‌နေ့ ဖြစ်ချင် ‌နေတဲ့ ဒီပြဿနာအရင်းခံ ‌ဖြေရှင်းဖို့အတွက် တိုင်းရင်းသားဘက်က‌နေ စိတ်နှလုံးထဲမှာရှိတဲ့ ခံစားချက်အကုန်လုံးကို ဖွင့်ဟပြီး ‌တော့ ဒီကွန်ဖရင့်ကြီးမှာ ကျ‌နော်တို့ ထုတ်‌ဖေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါကို အစိုးရအ‌နေနဲ့‌ကော ကျ‌နော်တို့ အဖွဲ့အစည်း အသီး သီးက လက်ခံပြီး‌တော့မှ ‌ရှေ့ဆက်သွားကြမယ်။ ညှိနှိုင်းသွားကြမယ်ဆိုရင် ငြိမ်းချမ်း‌ရေးဟာ မ‌ဝေး‌တော့ဘူးလို့ ယူဆတယ်။ တကယ်လို့များ လက်ရှိအ‌နေအထားကို လျစ်လျူရှုပြီး‌တော့မှ ကိုယ်လိုချင်တဲ့အတိုင်း ဆက်သွားမယ်ဆိုတဲ့ အ‌တွေးအ‌ခေါ်မျိုး အစိုးရ‌သော်လည်း‌ကောင်း၊ အဖွဲ့အစည်းအသီးသီးက‌သော်လည်း‌ကောင်း သ‌ဘောထားမယ်ဆိုလို့ရှိရင် ကျ‌နော်တို့ရဲ့ ငြိမ်းချမ်း ‌ရေးဟာ အလှမ်း‌ဝေး‌နေဦးမှာပဲလို့ ကျ‌နော် ယူဆပါတယ်။ ဒါ‌ကြောင့် အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်‌ဆောင်ကြပါစို့လို့ ကျ‌နော် တိုက်တွန်းလိုပါတယ်။

‌စောကပိ (‌လော်ခီးလာကွန်ဖရင့် ‌လေ့လာသူ)

DSC_0173 (SawKapi)
ကွန်ဖရင့်ကို တက်‌ရောက်နား‌ထောင်တဲ့အခါမှာ တိုင်းရင်းသား‌တွေရဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ရင်းရင်းနှီးနှီး ‌ဆွေး‌နွေးကြတာကို‌တော့ ‌တော်‌တော်‌လေးလည်း အားရမိပါတယ်။ ဒါ‌ပေမဲ့ တချို့‌ဆွေး‌နွေးတဲ့‌နေရာမှာ အချက်အလက်‌လေး‌တွေမှာ အ‌သေးစိတ်ကျ‌အောင် ‌ဆွေး‌နွေးရ‌တော့ဆို‌တော့ အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်များအ‌နေနဲ့ ဒီထက်ပိုပြီး ပြင်ဆင်သင့်တယ်လို့ ကျ‌နော်ယူဆ တယ်။ သို့‌သော် ယခု ‌လေးရက်တာ ငါးရက်အတွင်း ‌ဆွေး‌နွေးမှုအ‌ပေါ်မှာ ရလဒ်‌ကောင်း‌တွေရရှိလိမ့်မယ်လို့ ကျ‌နော်‌မျှော်လင့်မိ တယ်။ အဲဒီအပြင် ဒီရရှိလာမဲ့ ရလဒ်အ‌ပေါ် နိုင်ငံတကာက ‌စောင့်ကြည့်‌နေမဲ့ အ‌နေအထားမှာ အ‌သေးစိတ်ကအစ အင်မတန် ‌လေး‌လေးနက်နက် လုပ်‌ဆောင်ရမဲ့အ‌ပေါ်မှာ အချိန်ယူရတာကိုလည်း ကျ‌နော်နားလည်တယ်။ တစ်ဖက်က‌နေပြီး‌တော့ ဒီလို အ‌သေးစိတ် လုပ်‌ဆောင်တဲ့အခါမှာ ကြိုတင်ပြင်ဆင်မှုရှိပြီး‌တော့ တချို့မှားသွားရင်‌တောင်မှ လာမဲ့နှစ်‌ပေါင်းများစွာ ကျ‌နော်တို့ လာမဲ့မျိုးဆက်သစ်‌တွေပါ ခံရမှာဖြစ်တဲ့သ‌ဘောမှာ ရှိတဲ့အ‌နေထားဖြစ်‌တော့ ဒီလိုလူကြီး‌တွေ အချိန်ယူပြီး လာ‌ရောက်‌ဆွေး‌နွေး တာဖြစ်တဲ့အတွက်‌ကြောင့် အထူး‌ကျေးဇူးတင်ရမှာဖြစ်တယ်။ အားရတယ်။ Nationwide ceasefire ဆိုတဲ့အခါမှာ Nation-wide ceasefire တစ်ခုထဲ ကြည့်လို့မရဘူး။ Nationwide ceasefire ‌နောက်ပိုင်း sign ထိုးသည်ဖြစ်‌စေ၊ မထိုးသည်ဖြစ်‌စေ ထိုး လို့ဖြစ်လာမဲ့ အကျိုးဆက်‌ပေါ်နဲ့ မထိုးလို့ဖြစ်လာမဲ့ အကျိုးဆက်‌တွေကို ဒီလူကြီး‌တွေနဲ့ ဒီအဖွဲ့အစည်း‌တွေမှာ တာဝန်ခံရမှာ ဖြစ် တယ်။ ဒါ‌ကြောင့်မို့လို့ ‌လေး‌လေးနက်နက်ထားဖို့ အင်မတန် အ‌ရေးကြီးတယ်လို့ ယူဆပါတယ်။