Home သတင်း ဂျပန် JICA အဖွဲ့၏ ဖွံ့ဖြိုး‌ရေးလုပ်ငန်းစဉ်ကို ကရင်သဘာဝပတ်ဝန်းကျင်ကွန်ယက်အဖွဲ့ သုံးသပ်

ဂျပန် JICA အဖွဲ့၏ ဖွံ့ဖြိုး‌ရေးလုပ်ငန်းစဉ်ကို ကရင်သဘာဝပတ်ဝန်းကျင်ကွန်ယက်အဖွဲ့ သုံးသပ်

1983

‌ဖေ‌ဖော်ဝါရီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး

ဂျပန်အစိုးရ၏ နိုင်ငံတကာ ကူညီ‌ထောက်ပံ့‌ရေး‌အေဂျင်စီတစ်ခုဖြစ်‌သော (Japan International Cooperation Agency-JICA) ၏ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ‌ဒေသများတွင် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများလုပ်‌ဆောင်ရန် စီစဉ်‌နေမှုအ‌ပေါ် ကရင်သဘာဝပတ် ဝန်းကျင်နှင့်လူမှုကွန်ယက်(Karen Environment Social Action Network-KESAN)က ‌ဖေ‌ဖေါ်ဝါရီ ၁၉ရက်‌နေ့တွင် သုံးသပ် ချက် စာတမ်းတစ်‌စောင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က JICA အဖွဲ့သည် ၎င်း‌ဒေသများသို့ သဘာဝပတ်ဝန်းကျင်၊ စီးပွား‌ရေး၊ လူမှု‌ရေးနှင့် ဝန်‌ဆောင်မှုအ‌ခြေအ ‌နေများ၊ ကွင်းဆင်း‌လေ့လာမှုများ ပြုလုပ်ခဲ့ပြီး‌နောက် ဖွံ့ဖြိုး‌ရေးလုပ်ငန်း စတင်‌ဆောင်ရွက်ရန် စီစဉ်လုပ်‌ဆောင်‌နေမှုများနှင့် ပတ် သက်သည့် JICA ၏ အစီရင်ခံစာတွင် ‌ဖော်ပြထားချက်ကို ကိုးကား၍ KESAN က သုံးသပ်ချက် ထုတ်ပြန်ခြင်းဖြစ်သည်။

“လက်ရှိမှာ‌တော့ ကွင်းဆင်းပြီးတဲ့‌နောက်မှာ ဘာမှအ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားတာ မရှိ‌သေးဘူး။ ဒါ‌ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး လာမယ့် မတ်လမှာ JICA အဖွဲ့က ကရင်နဲ့ မွန်ပြည်နယ်မှာရှိတဲ့ ကျ‌နော်တို့လူမှုအဖွဲ့အစည်း(civil society)‌တွေနဲ့ ‌တွေ့ဖို့ရှိတယ်”ဟု KESAN အဖွဲ့၏ ဒုတာဝန်ခံ ‌စောအဲလက်စ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

JICA အစီရင်ခံစာအရ ပြည်တွင်း ရွာပုန်းရွာ‌ရှောင်ဒုက္ခသည်(IDPs)များအား ပြန်လည်‌နေရာချထားမည့်‌နေရာ (၄)ခု၏ တိုးတက် ဖွံ့ဖြိုး‌ရေးကို‌ထောက်ပံ့ခြင်း၊ ပြန်လည်‌နေရာချထား‌ပေးမည့်‌နေရာ၏ လမ်းပန်းဆက်သွယ်‌ရေး ‌ကောင်းမွန်‌စေခြင်း၊ သတင်းအချက် အလက်များ ‌ဝေငှ‌ပေး‌သောဌာနများ တည်‌ဆောက်‌ပေးခြင်း၊ အ‌ထောက်အပံ့‌ပေးခြင်း စသည့်အကြံပြုချက်များ ပါရှိ‌ကြောင်း လည်း KESAN ၏ သုံးသပ်ချက်တွင် ပါရှိသည်။

ထို့အပြင် JICA ၏ ကွင်းဆင်းသု‌တေသနပြုလုပ်ရာတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အစိုးရများ၊ မြန်မာနယ်စပ်‌ရေးရာဝန် ကြီး၊ နယ်စပ်‌ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဌာနများနှင့် အဓိက လက်တွဲလုပ်‌ဆောင်ခဲ့သလို အဆိုပါပြည် နယ်နှစ်ခုမှ အစိုးရများ၊ မြန်မာငြိမ်းချမ်း‌ရေးစင်တာ(MPC)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် ဒီမိုက‌ရေစီ အကျိုးပြုကရင့်တပ်မ‌တော်(DKBA) စသည့်အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းတိုင်ပင်ခဲ့သည်ဟု ၎င်းသုံးသပ်ချက်က ဆိုထားသည်။

သို့‌သော် JICA ၏ သု‌တေသနပြုချက်များမှာ အစိုးရထံမှ ရှိနှင့်ပြီး‌သော သတင်းအချက်အလက်များကိုသာ အ‌ခြေခံထားကာ သီး သန့်နယ်‌မြေများ၌သာ သု‌တေသနလုပ်ခဲ့ခြင်းဖြစ်ပြီး လူထုနှင့် ‌တွေ့ဆုံခြင်းမရှိသလို ၎င်းတို့၏ဖွံ့ဖြိုး‌ရေးစီမံကိန်း‌ကြောင့် ငြိမ်းချမ်း ‌ရေးကို မည်သို့အ‌ထောက်အကူပြုနိုင်‌ကြောင်းကိုမူ ‌ဖော်ပြထားထားခြင်းမရှိ‌ပေ။ ထို့အတွက်‌ကြောင့် KESAN အ‌နေဖြင့် စိုးရိမ်မိ ‌ကြောင်းနှင့် လက်ရှိ အပစ်အခတ်ရပ်စဲ‌ရေးဖြစ်စဉ်မှာ မတည်ငြိမ်‌သေးသည့်အ‌ပေါ် ဖွံ့ဖြိုး‌ရေးလုပ်ငန်း‌ဆောင်ရွက်‌ရေးမှာ အချိန် ‌စော‌နေ‌သေး‌ကြောင်း ‌စောအဲလက်စ်က ဖြည့်စွက်‌ပြောဆိုသည်။

ဂျပန်အစိုးရက (JICA) အဖွဲ့ကို ၁၉၇၄ခုနှစ်၊ ဩဂုတ်လက စတင် တည်‌ထောင်ခဲ့ပြီး အတိုင်ပင်ခံလုပ်ငန်း လုပ်ကိုင်လျှက်ရှိ‌သော ဂျပန်ကုမ္ပဏီကြီး ၃ခုနှင့် စာချုပ်ချုပ်ဆိုထားသည့် သု‌တေသနအဖွဲ့ (သို့မဟုတ်) ကွင်းဆင်း‌လေ့လာ‌ရေးအဖွဲ့တစ်ခု ဖြစ်သည်။