Home သတင်း ကျုံဒိုးမီးပုံပွဲ‌တော်တွင် မျိုးဆက်သစ်ကရင်လူငယ်များနှင့် ယခင်နှစ်ထက် ပိုမိုစည်ကား

ကျုံဒိုးမီးပုံပွဲ‌တော်တွင် မျိုးဆက်သစ်ကရင်လူငယ်များနှင့် ယခင်နှစ်ထက် ပိုမိုစည်ကား

1690

‌ဖေ‌ဖော်ဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့တွင် နှစ်စဉ် ကျင်းပလျှက်ရှိ‌သော ကရင်ရိုးရာမီးပုံပွဲ‌တော်ကို (၁၈၈)ကြိမ်‌မြောက်အဖြစ် ယခုနှစ်၊ ‌ဖေ‌ဖော် ဝါရီ ၁၂ရက်မှစ၍ ကျင်းပခဲ့ရာ မျိုးဆက်သစ်ကရင်လူငယ်များ ပါဝင်မှုပိုမိုများလာသဖြင့် ယခင်နှစ်များကထက် ပိုမိုစည်ကားလာ သည်ဟု ပွဲဆင်နွဲသူများက ‌ပြောသည်။

‌ဖေ‌ဖော်ဝါရီလ ၁၅ရက်‌နေ့အထိ ‌လေးရက်ကြာ ကျင်းပသည့် ၎င်းရိုးရာမီးပုံပွဲ‌တော်ကို ‌နောင်လာမည့်များတွင်လည်း ကရင်လူငယ် များအ‌နေဖြင့် ဆက်လက် ထိန်းသိမ်းမြှင့်တင်ပြီး ဦး‌ဆောင်လုပ်ကိုင်နိုင်‌စေရန် ရည်ရွယ်၍ လူကြီးနှင့်လူငယ် ပူး‌ပေါင်းလုပ်‌ဆောင် ရခြင်းဖြစ်သည်ဟု ကျုံဒိုးကရင်ရိုးရာမီးပုံပွဲ ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင် ‌စော‌ဌေး‌နောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ရိုးရာမီးပုံပွဲ ဒီနှစ်ကျင်းပတာ အရင်နှစ်‌တွေလိုမဟုတ်ဘဲ မျိုးဆက်သစ်ကရင်လူငယ်‌တွေနဲ့အတူ လုပ်ဖြစ်ကြတယ်။ လူငယ်နှင့်အ တူ တွဲလုပ်ရတာက ‌နောင်တစ်ချိန်မှာ ဒီလူငယ်‌တွေပဲ လုပ်‌ဆောင်ကြရမှာ ဖြစ်‌နေလို့ပါ”ဟု ‌စော‌ဌေး‌နောင်က ‌ပြောဆိုသည်။

၎င်းမီးပုံပွဲ‌တော်တွင် အခမ်းအနားနှင့်တကွ ရိုးရာလက်‌ဝှေ့၊ ဒုံးအက၊ ယဉ်‌ကျေးမှုပြခန်းများနှင့် ‌ပျော်ပွဲရွှင်ပွဲများ ပါဝင်ပြီး ယခုနှစ် တွင် ကျုံဒိုးမြို့နယ် အပါအဝင် ကရင်ပြည်နယ်အတွင်းရှိ ‌နေရာ‌ဒေသအသီးသီးမှ တက်‌ရောက်လာသူ‌ပေါင်း တစ်‌ထောင်ဝန်းကျင် ရှိသည်ဟု သိရသည်။

ထို့အပြင် ယခုနှစ် ရိုးရာမီးပုံပွဲ‌တော်တွင် ‌လောင်းကစားများ၊ မူးယစ်‌ဆေးဝါးများ မပါဝင်‌တော့သဖြင့် လူငယ်အများစုက မူးယစ် ‌သောက်စားမှု ‌လျှော့နည်းလာသလို ကရင်ရိုးရာယဉ်‌ကျေးမှုနှင့် သက်ဆိုင်သည့်ပြခန်းများ အစုံအလင် ‌ဖော်ပြခွင့် ရရှိလာသည့်အ တွက် နိုင်ငံခြားသားဧည့်သည်‌တော်များ အများအပြား လာ‌ရောက်‌လေ့လာကြ‌ကြောင်း ‌ဒေသခံ နန်းဖြူဖြူဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အရင်နှစ်‌တွေမျိုး မဟုတ်‌တော့ဘူး‌လေ။ ဒီလိုပါဝင်ခွင့်ရ‌တော့ လူငယ်‌တွေက ကိုယ်လုပ်နိုင်တာကို ပြသခွင့်ရသွားတယ်။ နိုင်ငံ ခြားသားဧည့်သည်‌တွေလည်း ဒီနှစ်မှာ အများဆုံး လာကြပြီး‌တော့ လူငယ်‌တွေက ရိုးရာအ‌ကြောင်းကို လိုက်လံရှင်းပြခွင့်ရ‌တော့ အကျိုးများစွာ ရ‌စေပါတယ်”ဟု နန်းဖြူဖြူဝင်းက ဆိုသည်။

ကရင်ရိုးရာမီးပုံပွဲ‌တော်သည် လွန်ခဲ့သည့် နှစ်တစ်ရာ‌ကျော်က “‌စောဖိုး‌သောကြာ”‌ခေါ် ရ‌သေ့တစ်ပါးက ကရင်လူမျိုးကို နတ်ကိုး ကွယ်ရာမှ ဗုဒ္ဒဘာသာသို့ ကူး‌ပြောင်းနိုင်ရန် စည်းရုံးခဲ့ရာမှ ရိုးရာမီးပုံပွဲ‌တော် စတင်ဖြစ်‌ပေါ်လာရခြင်းဖြစ်သည်။

ကျုံဒိုးမြို့တွင် ကရင်ရိုးရာ မီးပုံပွဲ‌တော်ကို နှစ်စဉ် မြန်မာလ တပို့တွဲလပြည့်‌နေ့တွင် ကျင်းပလာခဲ့ကြရာ၌ ယခုနှစ်တွင် ၁၈၈ကြိမ် ‌မြောက်ရှိလာခဲ့ပြီး ရိုးရာမီးပုံကြီးကို တပို့တွဲလပြည့်‌နေ့ နံနက် ၄နာရီအချိန်တွင် စတင် မီးရှို့ကာ ကျင်းပ‌နေကြခြင်းဖြစ်သည်။