Home သတင်း ကရင်လူငယ်ကွန်ယက် အမှတ်တံဆိပ်နှင့် လက်စွဲစာအုပ်မူကြမ်း အတည်ပြု

ကရင်လူငယ်ကွန်ယက် အမှတ်တံဆိပ်နှင့် လက်စွဲစာအုပ်မူကြမ်း အတည်ပြု

1381

‌ကောင်းမှု‌ကျေးရွာ၌ ပြုလုပ်ခဲ့‌သော ကရင်လူငယ်ကွန် ယက် နိုင်ငံလုံးဆိုင်ရာ ‌တွေ့ဆုံပွဲ

‌ဖေ‌ဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်လူငယ်ကွန်ယက်က ၎င်းတို့၏ အမှတ်တံဆိပ်နှင့် လက်စွဲစာအုပ်မူကြမ်းကို အတည်ပြု သတ်မှတ်လိုက်ပြီဖြစ်‌ကြောင်း ‌ဖေ‌ဖော်ဝါရီ ၃ရက်‌နေ့(ယ‌နေ့)တွင် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီ ၂၈ရက်မှ ၃ဝရက်‌နေ့အထိ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌ကောင်းမှု‌ကျေးရွာတွင် ကရင်လူငယ်ကွန်ယက်၏ နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ၏ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ပြုလုပ်ကျင်းပခဲ့ရာ၌ ယင်းသို့ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ကရင်လူငယ်ကွန်ယက်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌နော်အဲ့‌ဖောဝါးက “ဒီအချိန် လူငယ်‌တွေ့ဆုံပွဲမှာ အဓိက‌အောင်မြင်မှုက‌တော့ အဖွဲ့ရဲ့ အမှတ်တံဆိပ်နဲ့ စာအုပ်မူကြမ်းကို စု‌ပေါင်းပြီး ‌ရေးဆွဲနိုင်ခဲ့တယ်။ ဒါက ‌အောင်မြင်မှုပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို လူငယ်များ ‌တွေ့ဆုံခြင်းအားဖြင့် ကရင်လူငယ်ကိုယ်စားလှယ်များ ခင်မင်ရင်းနှီးမှု၊ အချင်းချင်း နားလည်မှုရရှိ‌ရေးနှင့် ကရင်အမျိုးသား‌ရေးအတွက် ‌ရှေ့ဆက်ပြီး စည်းလုံးညီညွတ်စွာဖြင့် ချိတ်ဆက်ပူး‌ပေါင်းလုပ်‌ဆောင်သွားနိုင်ရန်အတွက် အဖွဲ့၏ အမှတ်တံဆိပ်နှင့် လက်စွဲစာအုပ်မူကြမ်းကို စု‌ပေါင်း အတည်ပြုခဲ့ကြခြင်းဖြစ်သည်ဟုလည်း သူမက ဆက်‌ပြောသည်။

“စာအုပ်မူကြမ်းမှာပါတဲ့ အချက်အလက်‌တွေက ဖွဲ့စည်းပုံ၊ ‌ရှေ့လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်း၊ ဖွဲ့စည်းပုံထဲမှာ စည်းမျည်းစည်း ကမ်း၊ မူဝါဒ‌တွေ ပါတယ်”ဟု ‌နော်အဲ့‌ဖောဝါးက ‌ပြောဆိုသည်။

၎င်း‌ဆွေး‌နွေးပွဲသို့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း‌ဒေသကြီး၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ တနသာင်္ ရီတိုင်း‌ဒေသကြီး၊ အထက်မြန်မာပြည်နှင့် နယ်စပ်‌ဒေသများမှ ကရင်လူငယ်ကိုယ်စားလှယ်များနှင့် သမိုင်းပညာရှင်၊ ဥပ‌ဒေပညာ ရှင်၊ လူမှု‌ရေးပညာရှင်တို့ စုစု‌ပေါင်း ၄၀ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

‌ဆွေး‌နွေးပွဲဖြစ်‌မြောက်‌ရေး စီစဉ်သူ ‌စောထွန်းထွန်းက “‌ဒေသအသီးသီးက ကရင်လူငယ်များရဲ့ လုပ်‌ဆောင်ချက်‌တွေကို တစ်နိုင်ငံ လုံးက အခြားကရင်လူငယ်အဖွဲ့‌တွေ သိရှိ‌အောင် ချိတ်ဆက်‌ပေးတဲ့ အဖွဲ့ပါ။ ထူးခြားချက်တစ်ချက်က‌တော့ မူးယစ်‌ဆေးဝါးဆိုင်ရာ ကိစ္စကို လူငယ်‌တွေ အတူတကွ ပူး‌ပေါင်းတိုက်ဖျက်မယ်လို့လည်း ကျ‌နော်တို့ ဆုံးဖြတ်ထားတယ်”ဟု ‌ပြောသည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲတွင် ကရင်လူငယ်များ၏ အခန်းကဏ္ဍ၊ အကူးအ‌ပြောင်းကာလနှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ် စသည့်‌ခေါင်းစဉ်များ ကို အဓိက ‌ဆွေး‌နွေးခဲ့ကြပြီး လက်ရှိနိုင်ငံ‌ရေး ‌ရေစီး‌ကြောင်းအရ စစ်မှန်‌သော ပြုပြင်‌ပြောင်းလဲ‌ရေး၊ ဒီမိုက‌ရေစီကျ‌သော လူမှုအ သိုင်းအဝိုင်းကို ထူ‌ထောင်နိုင်‌ရေး၊ တရားမျှတ‌သော ပြည်‌ထောင်စု တည်‌ဆောက်ရာတွင် ပူး‌ပေါင်းပါဝင် ‌ဆောင်ရွက်သွားကြ‌ရေး အတွက် တက်‌ရောက်သူ ကရင်လူငယ်များက တညီတညွှတ်တည်း သ‌ဘောတူဆုံးဖြတ်‌ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာက ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌နောင်နိုင်းရွာတွင် ကရင်လူငယ်အစည်းအရုံး-KYO မှ ဦး‌ဆောင်၍ နှီး‌နှောဖလှယ်ပွဲတစ်ရပ်ကျင်းပခဲ့ကာ ကရင်လူငယ်များကွန်ယက်ကို ဖွဲ့စည်းခဲ့ပြီး‌နောက် ကရင်လူငယ်များအချင်းချင်း ၆လတစ် ကြိမ် ပုံမှန် ‌တွေ့ဆုံခဲ့ကြ‌ကြောင်း သိရသည်။