Home သတင်း ကရင်လူငယ်ကွန်ယက် သန်း‌ခေါင်စာရင်းပညာ‌ပေးလက်ကမ်းစာ ‌စောင်‌ရေတစ်‌သောင်း ဖြန့်‌ဝေ

ကရင်လူငယ်ကွန်ယက် သန်း‌ခေါင်စာရင်းပညာ‌ပေးလက်ကမ်းစာ ‌စောင်‌ရေတစ်‌သောင်း ဖြန့်‌ဝေ

1718

‌ဖေ‌ဖေါ်ဝါရီ ၂၄ရက်၊၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ရန်ကုန်ရှိ ကရင်လူငယ်ကွန်ယက်က ဦး‌ဆောင်၍ သန်း‌ခေါင်စာရင်းအသိပညာ‌ပေး လက်ကမ်းစာ ‌စောင်‌ရေတစ်‌သောင်းကို ကရင်တိုင်းရင်းသားများ‌နေထိုင်ရာ ‌ဒေသများသို့ ယ‌နေ့မှစ၍ စတင်ဖြန့်‌ဝေလိုက်ပြီးဖြစ်‌ကြောင်း ကွန်ယက်အဖွဲ့ဝင်များက ‌ပြောဆိုသည်။

ကနဦး စတင်ဖြန့်‌ဝေသည့် လက်ကမ်းစာ‌စောင်တစ်‌သောင်းကို အခြား‌ဒေသရှိ ကရင်လူငယ်ကွန်ယက်အဖွဲ့များနှင့်အတူ ပူး‌ပေါင်းပြီး ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ မအူပင်၊ ဓနုဖြူ၊ ပန်းတ‌နော်၊ ‌မြောင်းမြမြို့နယ်နှင့် ပဲခူးတိုင်း‌ဒေသကြီး ဖဒို၊ ‌တောင်ငူစသည့် မြို့နယ်များရှိ ‌ကျေးရွာများသို့ ဖြန့်‌ဝေသွားမည်ဟု ၎င်းကွန်ယက်အဖွဲ့က ဆိုသည်။

ရန်ကုန် ကရင်လူငယ်ကွန်ယက်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌စောထွန်းထွန်းက “အခု စာ‌စောင်ဖြန့်‌ဝေမယ့်အ‌ကြောင်း အရင်က သန်း ‌ခေါင်စာရင်း‌ကောက်တဲ့အခါမှာ ကရင်လူမျိုး‌တွေက ကိုယ့်ရဲ့ကရင်ဖြစ်‌ကြောင်း၊ ပြီး‌တော့ ကိုယ့်ရဲ့မျိုးနွယ်စုအမှန်ကို ကိုယ်ထည့်နိုင် ဖို့၊ အဓိကက‌တော့ ကိုယ့်ရဲ့ကရင်‌တွေက ‌မေးခွန်း‌တွေကို သိထားဖို့ ဖြန့်‌ဝေရခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းလက်ကမ်းစာ‌စောင်ထဲတွင် ကရင်အမျိုးသားများ သိသင့်သိထိုက်သည့် အချက်အလက်များ၊ သန်း‌ခေါင်စာရင်း‌မေးခွန်းတွင် ပါဝင်‌သော ‌မေးမြန်းမည့် ‌မေးခွန်းများကို ‌ဖြေဆိုရာတွင် အ‌ထောက်အကူပြုရန်နှင့် ‌အောက်‌ခြေကရင်လူထုများ သိရှိရန် ရည်ရွယ် သည်ဟုလည်း သူက ဆက်‌ပြောသည်။

ယခုဖြန့်‌ဝေ‌ပေးသည့် လက်ကမ်းစာ‌စောင်များကို ‌ကျေးလက်‌ဒေသရှိ ကရင်လူထုအတွင်းသို့ ဖားအံနှင့် ရန်ကုန်ရှိ ကရင်လူငယ် ကွန်ယက်အဖွဲ့ဝင်များမှတဆင့် ချိတ်ဆက်ဖြန့်‌ဝေသွားရန် စီစဉ်ထားပြီး လက်ကမ်းစာ‌စောင်ကုန်ကျစရိတ်များကို လက်ရှိ ကရင် အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအသင်း(KWEG)က ကုန်ကျခံထား‌ကြောင်း ၎င်းအဖွဲ့၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ‌နော်စူစဲနာလှလှစိုးက ‌ပြောသည်။

“အခု လူငယ်‌တွေလုပ်မယ့် အစီအစဉ်ကို ကျမတို့အဖွဲ့က တတ်နိုင်သ‌လောက် လက်ကမ်းစာ‌စောင် အ‌ရေအတွက်တစ်‌သောင်းဖိုး ကို စိုက်ထုတ်‌ပေးပါတယ်။ လိုအပ်ချက်နဲ့ လုပ်နိုင်တဲ့အ‌ပေါ်မှာမူတည်ပြီး လက်ကမ်းစာ‌စောင်‌တွေ ထပ်ရိုက်ဖို့ကိုလည်း စီစဉ်ထား တာ ရှိပါတယ်”ဟု ‌နော်စူစဲန်နာလှလှစိုးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မကြာမီ ‌ကောက်ခံ‌တော့မည့် သန်း‌ခေါင်စာရင်းလုပ်ငန်းစဉ်တွင် ကရင်လူမျိုးအများစု ‌နေထိုင်ရာ‌ဒေသများမှ လူဦး‌ရေစာရင်းအ မှန် ရရှိ‌ရေးအတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများ ကျင်းပ‌နေ‌သော်လည်း အထက်မြန်မာပြည်ရှိ ကရင်လူမျိုး‌နေထိုင်ရာ‌ဒေသများတွင်မူ ယခုအချိန်ထိ အသိပညာ‌ပေးခြင်းများ မရှိ‌သေး‌ကြောင်းနှင့် လက်ကမ်း‌စော‌စောင် ဖြန့်‌ဝေမှုကို လုပ်‌ဆောင်‌ပေးမည်ဆိုပါက ကြို ဆို‌ကြောင်းလည်း ပြင်ဦးလွင်မြို့မှ ကရင်လူငယ်ကွန်ယက်အဖွဲ့ဝင် ‌စောဟဲခ‌လေးဒီက ‌ပြောသည်။

ပြည်တွင်းပြင်ပရှိ ကရင်လူငယ်များသည် အမျိုးသား‌ရေးလုပ်ငန်းများတွင် ကွန်ယက်ချိတ်ဆက်ပြီး စု‌ပေါင်းပါဝင် လုပ်‌ဆောင်ကြ ရန်ရည်ရွယ်၍ KYN ကွန်ယက်အဖွဲ့ကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး‌နောက်ပိုင်း ရန်ကုန် ကရင်လူငယ်ကွန်ယက်ကို ရန်ကုန်မြို့အနီးတစ်ဝိုက်ရှိ ကရင့်‌ရေးရာ စိတ်ဝင်စားသူ လူငယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။