Home သတင်း SYCB ၁၈ နှစ်ပြည့် အခမ်းအနား ကျင်းပ

SYCB ၁၈ နှစ်ပြည့် အခမ်းအနား ကျင်းပ

1829

ဇန်နဝါရီ ၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် တိုင်းရင်းသားလူငယ် အဖွဲ့အစည်း ၁၃ဖွဲ့ဖြင့် စု‌ပေါင်းထားသည့် မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB) ဖွဲ့စည်းခြင်း ၁၈ နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားတစ်ရပ်ကို မဲ‌ဆောက်မြို့၊ စီဒီစီအထက်တန်း‌ကျောင်းတွင် ယ‌နေ့ ပြုလုပ်ကျင်းပခဲ့သည်။

နံနက် ၉နာရီခွဲမှ ‌နေ့လည် ၁၂နာရီအထိ ကျင်းပသည့် ယင်းအခမ်းအနားတွင် SYCB အဖွဲ့ဝင်များအပါအဝင် မဲ‌ဆောက်ရှိ ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသူ‌ကျောင်းသားများ၊ တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့အစည်း ‌ခေါင်း‌ဆောင်များ၊ ဒီမိုက‌ရေစီအင်အားစု ‌ခေါင်း‌ဆောင်များနှင့် ဧည်ပရိဿတ် ၂၀ဝ ‌ကျော် တက်‌ရောက် အား‌ပေးခဲ့သည်။

SYCB ၏ တွဲဘက်အတွင်း‌ရေးမှူး(၁) ‌စောဖို‌ခေက “ကျ‌နော်တို့ SYCB ရဲ့ ဖွဲ့စည်းခဲ့တာ အခုဆိုရင် ဆယ်ရှစ် နှစ်ပြည့်ပါပြီ။ ဒီအဖွဲ့ထဲမှာ ပါဝင်တဲ့ တိုင်းရင်းသားညီအစ်ကို အဖွဲ့အစည်းအားလုံးရဲ့ ကြိုးပမ်းမှု‌ကြောင့် အခုထိ ကျ‌နော်တို့ရပ်တည်နိုင်တာဖြစ်ပြီး‌တော့ အခုလို ဂုဏ်ပြုအခမ်းအနားကျင်းပနိုင်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၁၈နှစ်တာ ကာလအတွင်း SYCB ၏ အဖွဲ့အစည်းများအကြား လူ့အခွင့်အ‌ရေး၊ ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်‌ရေး ရာ စသည့် စွမ်းမြှင့်တင်‌ရေး သင်တန်းများနှင့် အခြားလှုပ်ရှားမှုများကို ကြိုးပမ်းလုပ်‌ဆောင်လာခဲ့ရာ လူငယ် အမျိုးသမီးပါဝင်မှု အားနည်း‌နေ‌သေးသည့် SYCB တွင် ယခုဆိုလျှင် လူငယ်အမျိုးသမီး စွမ်းရည်မြှင့်တင်‌ရေး များ ပိုမိုကြိုးပမ်းလုပ်‌ဆောင်လျှက်ရှိသည်ဟု ‌စောဖိုး‌ခေက ဆက်‌ပြောသည်။

???????????????????????????????
၎င်းအပြင် မြန်မာနိုင်ငံရှိ ‌ကျောင်းသားလူငယ် အင်အားစုနှင့် တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများအကြား အပြန်အလှန် နားလည်မှု၊ ညီညွှတ်မှုများ တည်‌ဆောက်ခြင်းဖြင့် စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးဟူ‌သော ရည်ရွယ်ချက်အတိုင်း အခက်အခဲများ‌ကျော်ဖြတ်ရင်း ယခုထိတိုင် SYCB ကို ရပ်တည်နိုင်ရခြင်းဖြစ်‌ကြောင်း ‌ကြေညာချက်တစ်‌စောင်ကိုလည်း SYCB က ယ‌နေ့ ထုတ်ပြန်ခဲ့သည်။

‌ကြေညာချက်အရ SYCB အ‌နေဖြင့် ‌နောက်လာမည့် နှစ်များတွင် ထပ်မံရင်ဆိုင်ကြုံ‌တွေ့ရမည့် စိန်‌ခေါ်မှုများ အတွက် ပြင်ဆင်ကာ မူလရည်မှန်းချက်ဖြစ်‌သော အနာဂါတ် ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေး ပန်းတိုင်သို့ ဒီမိုက‌ရေစီအင်အားစုများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်အတူ ဘုံမဟာဗျူဟာ‌ရေးဆွဲ ချမှတ်ပြီး တိုက်ပွဲဝင်သွားကြမည်ဖြစ်သည်ဟုလည်း ‌ဖော်ပြပါရှိသည်။

တဆက်တည်းမှာပင် ၁၈နှစ်ကာလအတွင်း SYCB ၏ လှုပ်ရှားမှု ဓါတ်ပုံများကိုလည်း အခမ်းအနားတွင် ပြသထားလျှက်ရှိသည်။

ယင်းအခမ်းအနားသို့ တက်‌ရောက်ခဲ့သူ ‌နော်‌မေဘယ်လ်ထူးက “SYCB ဆိုတာ လူငယ်ထု‌တွေ ပါဝင်တဲ့ အဖွဲ့အစည်းပါ။ အနာဂါတ်မှာ လူငယ်‌တွေ ဦး‌ဆောင်နိုင်ဖို့ SYCB ဖွဲ့စည်းနိုင်တာ ‌ကျေးဇူးတင်တယ်။ တချိန်ချိန်မှာ တိုင်းပြည်ရဲ့ ပခုံး‌ပြောင်းတာဝန်ကို SYCB က လူငယ်‌တွေကလည်း တတ်နိုင်တဲ့ဘက်က‌နေ ပါဝင်‌ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မြန်မာနိုင်ငံရှိ ကချင်၊ ကရင်၊ ကရင်နီ(ကယား)၊ မွန်၊ ဗမာ၊ ရခိုင်၊ သျှမ်း၊ ပအိုဝ့်၊ ပ‌လောင်၊ ထားဝယ် စသည့် တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများဖြင့် အ‌ခြေခံထားသည့် SYCB ကို ၁၉၉၆ခုနှစ်၊ ဇန်နဝါရီ ၈ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခင်က အဖွဲ့ဝင် ၁၅ ဖွဲ့ရှိ‌သော်လည်း အ‌ခြေအ‌နေမျိုးမျိုး‌ကြောင့် လက်ရှိတွင် ၁၃ဖွဲ့ဖြင့် ဆက်လက်လှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်။