Home သတင်း ပြည်တွင်းစစ်အဆုံးသတ်‌ရေး ငြိမ်းချမ်း‌သောနည်းလမ်းဖြင့် အ‌ဖြေရှာရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

ပြည်တွင်းစစ်အဆုံးသတ်‌ရေး ငြိမ်းချမ်း‌သောနည်းလမ်းဖြင့် အ‌ဖြေရှာရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

1413

ဇန်နဝါရီ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

မြန်မာနိုင်ငံတွင် နှစ်‌ပေါင်း (၆၀)‌ကျော်ကြာ ဖြစ်ပွား‌နေ‌သော ပြည်တွင်းစစ်အဆုံးသတ်‌ရေးကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အ‌ဖြေ ရှာရန် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုးက ယခု ဇန်နဝါရီ ၃၁ရက်‌နေ့တွင် ကျ‌ရောက်မည့် ၆၅ နှစ်‌မြောက် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့အတွက် ‌ပေးပို့သည့်မိန့်ခွန်းတွင် ‌ပြောကြားလိုက်သည်။

“ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး မိမိကရင်အမျိုးသားတို့၏ သမိုင်းနှင့် ပြည်‌ထောင်စုကြီး၏ သမိုင်းအပြင် နိုင်ငံ‌ရေးပဋိပက္ခများကို ငြိမ်းချမ်း‌သောနည်းလမ်းဖြင့် အ‌ဖြေရှာပြီး မိမိတို့‌နောင်လာ‌နောက်သားများနှင့် အနာဂတ်လူငယ်များ ‌မျှော်မှန်းထား‌သော ငြိမ်း ချမ်း‌ရေးနှင့် သာယာဝ‌ပြော‌ရေးကို လက်ဆင့်ကမ်း ‌ပေးအပ်လို‌သောစိတ်ထားဖြင့် ‌ရေးသားရန် လိုအပ်သည်”ဟု ၎င်း၏မိန့်ခွန်း တွင် ထည့်သွင်းထားသည်။

ထို့အပြင် ဒီမိုက‌ရေစီစနစ်ကို အ‌ခြေခံသည့် စစ်မှန်‌သော ပြည်‌ထောင်စုကြီးကို တည်‌ဆောက်နိုင်မှသာလျှင် စစ်မှန်‌သော ပြည် တွင်းငြိမ်းချမ်း‌ရေးနှင့် တိုင်းပြည်၏ အနာဂတ်သာယာဝ‌ပြော‌ရေးကို အာမခံနိုင်မည်ဖြစ်ပြီး နိုင်ငံ‌တော်၏ ‌ရေရှည်သာယာဝ‌ပြော ‌ရေးအတွက် ‌ဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံ‌ရေးပါတီနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး တည်‌ဆောက်လို‌သော အစိုးရအဖွဲ့အစည်းအသီးသီးမှ ‌ခေါင်း‌ဆောင်များနှင့် အတူတကွ လက်တွဲလုပ်‌ဆောင်ရန် အ‌ရေးကြီးသည်ဟု KNU ဥက္ကဌက ‌ပြောဆိုထားသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာ ချုပ်ကို လက်မှတ်‌ရေးထိုးနိုင်ရန်နှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုများ ပြုလုပ်ရန် စိတ်ဆန္ဒရှိ‌နေကြပြီး ဖြတ်သန်းလာခဲ့ရသည့် အ‌တွေ့အ ကြုံအရ တိုင်းရင်းသားလက်နက်ကိုင် ခုခံ‌တော်လှန်‌ရေး အဖွဲ့အစည်းများအ‌နေဖြင့် ပြည်တွင်းငြိမ်းချမ်း‌ရေးကို ဦးတည်ပြီး တည် ‌ဆောက်‌ရေးလုပ်‌ဆောင်ရာတွင် လိမ္မာပါးနပ်ပြီး အထူးသတိရှိရန်လည်း လိုအပ်‌ကြောင်း ယင်းမိန့်ခွန်းတွင် ပါရှိသည်။

စကင်္ာပူနိုင်ငံ‌ရောက် ကရင်အမျိုးသား ‌စောကပိက ‌ကေအဲန်ယူ ဥက္ကဌကြီး၏ မိန့်ခွန်းပါအတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုက‌ရေစီ ကို အ‌ခြေခံသည့် ပြည်‌ထောင်စုစစ်စစ်ကို တည်‌ဆောက်နိုင်ရန်လည်း အားလုံးတွင် တာဝန်ရှိ‌ကြောင်း ယခုလို ‌ပြောဆိုသည်။

“ကျ‌နော်တို့ရဲ့ အမျိုးသား‌ရေး လှုပ်ရှားမှုက ‌တော်လှန်‌ရေး အ‌နေအထားမှာပဲ ရှိ‌နေ‌သေးတယ်။ ဒါကို ကရင်တိုင်းက နားလည်ရ မယ်။ ‌ကေအဲန်ယူက ဦး‌ဆောင်တဲ့ ကရင့်အမျိုးသား ‌တော်လှန်‌ရေးပန်းတိုင်ဟာ အမျိုးသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိ ‌ရေးဖြစ်တဲ့အတွက်‌ကြောင့်မို့ ကရင်လူမျိုး‌တွေမှာလည်းပဲ ပြည်‌ထောင်စု မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်‌ရေးနဲ့ ကာကွယ်‌ရေးတို့မှာ တာဝန်ရှိတယ်လို့ ယူဆတယ်။”ဟု ‌စောကပိက ‌ပြောသည်။

၆၅နှစ်‌မြောက် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့သို့ ကရင်အမျိုးသမီးအစည်းအရုံးနှင့် ကရင်လူငယ်အစည်းအရုံးတို့ကလည်း သဝဏ်လွှာများ ‌ပေးပို့ခဲ့ကြရာ (KYO)၏ သဝဏ်လွှာထဲတွင် ကရင့်‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်များသည် အမျိုးသားလွတ်‌မြောက် ‌ရေးအတွက် အ‌ကောင်းဆုံး ကြိုးပမ်းခဲ့ပြီးဖြစ်သလို ‌ရှေ့ဆက်လည်း အ‌ကောင်းဆုံး ‌ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်‌ကြောင်း ‌ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်‌ရေးရရှိပြီး‌နောက်ပိုင်း ကရင်အမျိုးသားများသည် နိုင်ငံ‌ရေးလိုလားချက်နှင့် အမျိုးသားအခွင့်အ‌ရေး ရရှိ ရန်အတွက် အုပ်ချုပ်သူ ဖဆပလအစိုးရထံ ‌တောင်းဆိုရာတွင် အစိုးရဘက်က လက်မခံသဖြင့် ခရစ်နှစ် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် လက်နက်ကိုင်စွဲကာ စတင် ‌တော်လှန်ခဲ့ကြသည်။ ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ကျ‌ရောက်‌သော ၆၅ နှစ်‌မြောက် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့ကို ကရင်ပြည်နယ် အတွင်း KNU ထိန်းချုပ်ရာနယ်‌မြေများနှင့် ပြည်ပ‌ရောက် ကရင်လူမျိုးများကလည်း အသီးသီး ကျင်းပသွားမည် ဖြစ်သည်။