Home သတင်း ‌စောဘဦးကြီး ပုံပန်းချီကား ‌နောက်ခံမျက်နှာဖုံးဖြင့် ကရင့်‌ကြေးမုံမဂ္ဂဇင်း ထပ်မံပုံနှိပ်

‌စောဘဦးကြီး ပုံပန်းချီကား ‌နောက်ခံမျက်နှာဖုံးဖြင့် ကရင့်‌ကြေးမုံမဂ္ဂဇင်း ထပ်မံပုံနှိပ်

2597

‌စောဘဦးကြီး ပုံပန်းချီကား ပါသည့် ကရင်‌ကြေးမုံမဂ္ဂဇင်း မျက်နှာဖုံး

ဇန်နဝါရီ ၂၃ ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသား‌ခေါင်‌ဆောင် ‌စောဘဦးကြီး ပုံပန်းချီကား ‌နောက်ခံမျက်နှာဖုံးဖြင့် ထုတ်‌ဝေထားသည့် ယခုနှစ် အတွက် ကရင့်‌ကြေးမုံမဂ္ဂဇင်းကို ဒုတိယအကြိမ် ထုတ်‌ဝေဖြန့်ချိရန် အုပ်‌ရေ ၅၀ဝ ကို ယခုအပတ်အတွင်း ထပ်မံ ပုံနှိပ်‌နေပြီဖြစ်‌ကြောင်း ရန်ကုန်ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို‌ကော်မတီက ‌ပြောဆိုလိုသည်။

“နိုင်ငံ‌ရေးပွင့်လင်းလာတဲ့အချိန်မှာ စမ်းသပ်သ‌ဘောနဲ့ မျက်နှာဖုံးကို ကရင့်‌ခေါင်‌ဆောင် ‌စောဘဦးကြီးပုံကို ပန်းချီဆရာနဲ ့တိုင်ပင်ပြီး‌တော့ လုပ်ခဲ့တာပါ။ ဒီမျက်နှာဖုံးကို ကြိုက်တဲ့သူ များတယ်လို့ ပြန်ကြားရ‌တော့ ဝမ်းသာ တယ်။ ဒါ‌ကြောင့် အခုလို ပြန်ထုတ်တာပါ။”ဟု ရန်ကုန်ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောလှထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်နှစ်သစ်ကူး‌နေ့အထိမ်းအမှတ်အဖြစ် နှစ်စဉ် တစ်နှစ်တစ်ကြိမ် ထုတ်‌ဝေဖြန့်ချိသည့် ကရင့်‌ကြေးမုံမဂ္ဂဇင်းကို ယခုနှစ်အတွက် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလတုန်းက ပထမအကြိမ် အုပ်‌ရေ ၂၀၀ဝ ထုတ်‌ဝေ‌ရောင်းချခဲ့ရာ ကရင် နှစ်သစ်ကူး‌နေ့အပြီးတွင် ‌ရောင်းကုန်သ‌လောက် ဖြစ်သွားသည့်အတွက် ဒုတိယအကြိမ် ထပ်မံပုံနှိပ်ပြီး ‌ရောင်းချ သွားမည်ဖြစ်‌ကြောင်း ‌စောလှထွန်းက ဆက်‌ပြောသည်။

ယခုနှစ်ထုတ်‌ဝေသည့် ကရင့်‌ကြေးမုံမဂ္ဂဇင်းတွင် ဖက်ဒရယ်အ‌ကြောင်း၊ သန်း‌ခေါင်းစားရင်းကိစ္စ၊ ပြည်တွင်းငြိမ်း ချမ်း‌ရေးဆိုင်ရာ ‌ဆောင်းပါးများ၊ သမိုင်းဆိုင်ရာ ‌ဆောင်းပါးများ၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမူ၊ အနုပညာ၊ အမျိုး သား‌ရေး ကဗျာ၊ ဝထ္ထုတို စသည့် ကဏ္ဍစုံပါဝင်ပြီး တစ်အုပ်လျှင် ကျပ် ၂၀၀ဝ ‌ရောင်းချလျက်ရှိပြီး တစ်ဆင့်ပြန် လည်‌ရောင်းချမည့်သူများကို ကျပ် ၁၅၀ဝ နှုန်းဖြင့် ‌ကော်မတီက ‌ရောင်းချ‌ပေး‌ကြောင်း သိရသည်။

‌စောဘဦးကြီး ပုံပန်းချီကား ပါသည့် ကရင်‌ကြေးမုံမဂ္ဂဇင်း မျက်နှာဖုံး

‌စောဘဦးကြီး ပုံပန်းချီကား ပါသည့် ကရင်‌ကြေးမုံမဂ္ဂဇင်း မျက်နှာဖုံး

ကရင့်‌ကြေးမုံမဂ္ဂဇင်းဝယ်ဖတ်သူ တစ်ဦးဖြစ်သည့် ပုသိမ်မြို့ခံ မန်းစိုးမိုးက “ဒီနှစ်ထုတ်တဲ့ ကရင့်‌ကြေးမုံမဂ္ဂဇင်းကို ကြိုက်တယ်။ နှစ်တိုင်းလည်း ဝယ်သိမ်းထားတယ်။ မျက်နှာဖုံးပုံက‌တော့ ‌ပြောစရာမလိုဘူး‌ပေါ့။ အခု ပုသိမ်ကို မ‌ရောက်‌သေးဘူးလို့ ကြားတယ်။ ရန်ကုန်က အသိတစ်‌ယောက်‌ပေးလို့ အတီး‌တော့ ရထားပြီးသွားပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သမိုင်းခဝဲခြံမှ ကရင်အမျိုးသားတစ်ဦးဖြစ်သူ ‌စော‌မောင်မျိုးကလည်း ယင်းမဂ္ဂဇင်းနှင့်ပတ်သက်၍ ယခုနှစ်ထုတ်‌ဝေသည့် ကရင်‌ကြေးမုံမဂ္ဂဇင်းသည် မျက်နှာဖုံးနှင့် မဂ္ဂဇင်းအတွင်း ပါဝင်သည့် အ‌ကြောင်းအရာများမှာ ယခင်နှစ်ထက် ကဏ္ဍစုံ‌ကြောင်း၊ လိုအပ်ချက်အနည်းငယ် ရှိ‌နေ‌သေး‌သော် လည်း ကရင်အမျိုးသားများ ဝယ်ယူသိမ်းဆည်းထားသင့်သည့် စာအုပ်ဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကရင့်‌ကြေးမုံမဂ္ဂဇင်းကို ရန်ကုန် ကရင်နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီက တစ်နှစ်တစ်ကြိမ်ထုတ်‌ဝေခဲ့ရာ ယခုနှစ်တွင် ၁၅ အုပ်‌မြောက်ထုတ်‌ဝေခြင်းဖြစ်ပြီး ရန်ကုန်တိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း ‌ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖြန့်ချိလျက်ရှိ‌ကြောင်း သိရသည်။