Home တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးကဏ္ဍ

အင်တာဗျူးကဏ္ဍ

1879

ကရင်အမျိုးသမီး စာ‌ရေးဆရာမ နမ့်မြတ်နိုးသွယ်နှင့် ကရင်သတင်းဌာန ဆက်သွယ်‌မေးမြန်းခြင်း

‌မေး ။ ။ ဆရာမခင်ဗျာ၊ ပထမဦးဆုံးအ‌နေနဲ့ စာ‌ပေ‌လောကကို ဝင်‌ရောက်ခဲ့ပုံနဲ ့ဖြတ်သန်းခဲ့တာ‌လေးကို ရှင်းပြ‌ပေးပါ။
‌ဖြေ ။ ။ မဂင်္လာပါရှင်….‌ဝေါင်မုတ်မုတ်။
ပထမ‌မေးခွန်းကို မ‌ဖြေခင် ကျမ‌ပြောချင်တဲ့ စကား‌ပြော‌နေကျ စကားစု‌လေးကို ‌ပြောပါရ‌စေ‌နော်။ အဲ့ဒါက ဘာလို့လဲဆိုရင် မြတ် နိုးသွယ်ဆိုတဲ့ ပိုးကရင် စာ‌ရေးဆရာမ နမ့်မြတ်နိုးသွယ်ဟာ စာ‌ပေနယ်ပယ် စာ‌ပေ‌လောကထဲကို မ‌ယောင်မလည်နဲ့ မ‌တော်တဆ ဝင်‌ရောက်ခဲ့သူ မဟုတ်ဘူး‌နော်။
စာ‌ရေးခြင်း အတတ်ပညာကို အင်မတန် (ခ‌ရေစီ)ဖြစ်ပြီး အ‌သေအချာ ဝင်‌ရောက်ခဲ့သူတစ်‌ယောက် ဖြစ်တယ်ဆိုတာပါပဲ။ စာ‌ပေ နယ်ထဲဝင်‌ရောက်ခဲ့တဲ့ အစကို ‌ပြောရမယ်ဆိုရင် ကျမက “ မြင်ကွင်း”မဂ္ဂဇင်းမှာ “ရင်ထဲက စကားထာ” ဝတ္ထုတို‌လေးက‌နေ စခဲ့ ပြီးမှ စာ‌ပေ‌လောကနဲ့ ခဏ‌ဝေးသွားတယ်‌ပေါ့။ ‌ဝေးသွားတာ‌လေ။ စာက‌တော့ ‌ရေး‌နေတုံးပဲ။ မုန်တိုင်းပဲတိုက်တိုက် မီး‌တောက်ပဲ ‌ပေါက်ကွဲကွဲ‌လေ စာက‌တော့ မရအရ ‌ရေးပါတယ်။ ဖတ်ပါတယ်။ နမ့်မြတ်နိုးသွယ် ရှင်သန်‌နေတယ်ဆိုတာ အဲဒီစာ‌ရေးခြင်းဆိုတဲ့ ဝါသနာရှိ‌နေလို့ အသက်ရှင်‌နေတာပါ။ ဖြတ်သန်းခဲ့ရတဲ့ အချိန်‌တွေကို ‌ပြောရရင်‌တော့‌လေ လုံးဝ ပန်းခင်းလမ်း မဟုတ်သလို ဒူးရင်းသီး‌တောထဲ တိုးဝင်ရသလိုလည်း မဟုတ်ဘူး။ အဆင်မ‌ပြေခြင်း ‌ပြေခြင်းဆိုတဲ့ကြားမှာ ကံ၊ ဉာဏ်၊ ဝီရိယကို အသုံးချပြီး ဖြတ်‌ကျော်ခဲ့ရတာပဲ‌ပေ့ါ‌နော်။ ကြိုးစား‌နေသူတိုင်းအတွက်က‌တော့ အခက်အခဲ၊ အတိုက်အခိုက်၊ အ‌နှောက်အယှက်ဆိုတာ မလွဲ မ‌သွေ ကြုံ‌တွေ့ကြရမှာပဲ‌လေ။ ဘယ်လိုပဲဖြစ်ဖြစ်‌ပေါ့။ မကျိုးသ‌ရွေ့‌တော့ ထ‌လျှောက်ကြရမှာပါပဲ။ ဒါမှလည်း မိမိအလိုရှိတဲ့ ဆန္ဒ အိမ်ကို ‌ရောက်ကြမှာ‌လေ။ အဲ့ဒီအတွက် ဘာလိုအပ်သလဲဆိုရင် စိတ်ဓါတ်ခွန်အားပါပဲ။ ဒုက္ခအားလုံးကို ဂျုံတစ်တုံးလို လုံး‌ချေပစ် နိုင်ဖို့ဆိုတာ စိတ်အာဟာရ၊ စိတ်ရိက္ခာ ပြည့်ဝ‌နေဖို့‌တော့ အများကြီးလိုအပ်ပါတယ်ရှင်။ အဲ့ဒီအတွက် သက်လုံ‌ကောင်းဖို့က စာ များများဖတ်ထားဖို့ (စရဏ)ဆိုတဲ့ စိတ်အကျင့်လည်းကျင့်ထားဖို့‌တော့ လိုအပ်ပါတယ်။ ဆိုလိုတာက‌တော့‌လေ စိတ်ဆိုတဲ့ ဓားတစ်လက်ကို ‌လောကဓံဆိုတဲ့ ‌ကျောက်တုံးနဲ့ ‌နေ့စဉ် ထိ‌တွေ့ ‌သွေး‌နေဖို့‌တော့ လိုပါလိမ့်မယ်။ အဲ့ဒီအရာကို သိမှမြင်မှလည်း ကိုယ်‌လျှောက်မယ့်လမ်းက တည့်မတ်ပါလိမ့်မယ်။

‌မေး ။ ။ လက်ရှိ‌ပေါ့‌လေ။ စာ‌ပေ‌လောကမှာ အမျိုးအစားစုံစာအုပ်‌တွေ ထွက်‌နေ‌ပေမဲ့ ‌ခေတ်ကိုထင်ဟပ်တဲ့ ရသစာ‌ပေ‌တွေ အားနည်းတယ်။ ဒီအ‌ပေါ် ဆရာမအမြင်‌လေး ‌ပြောပြ‌ပေးပါ။
‌ဖြေ ။ ။ စာ‌ပေ‌လောကထဲမှာ အမျိုးအစားစုံစာအုပ်‌တွေ‌တော့ ထွက်လာပါရဲ့။ ဒါ‌ပေမဲ ့‌ခေတ်ကိုထင်ဟပ်‌စေမဲ့ ရသစာ‌ပေ‌တွေ အားနည်းတယ်ဆိုတာက‌တော့‌လေ။ အဲ့ဒီအပိုင်းက စာဖတ်သူပရိဿတ်နဲ့ ဆိုင်ပါလိမ့်မယ်။ ကျမက‌တော့ အဲ့ဒီလိုပဲထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စာဖတ်သူပရိဿတ်ရဲ့ ‌ရွေးချယ်စာဖတ်မှုအားဟာ ရသစာ‌ပေမှာလား၊ အ‌ပျော်ဖတ်မှာလား၊ ဘယ်ဖက်မှာ အားများသလဲဆိုတဲ့အ‌ပေါ်မှာ မှုတည်ပြီး ထုတ်‌ဝေသူက လှုပ်ရှားသွားကြတာပဲ‌လေ။ ကျမ‌တော့ ဒီလိုပဲမြင်ပါတယ်။

‌မေး ။ ။ အခုစာ‌ပေ‌တွေကို လွတ်လွတ်လပ်လပ် ‌ရေးခွင့်ရှိလာပါတယ်။ ဒါ‌ပေမဲ့ တိုင်းရင်းသားယဉ်‌ကျေးမှု စာ‌ပေဆိုင်ရာ‌တွေ ‌ပေါ်ထွက်လာတာ အားနည်း‌နေတာ ‌တွေ ့ရတယ်။ ဒီအ‌ပေါ်မှာ‌ရော ဆရာမအမြင်ကို ‌ပြောပြပါဦး။
‌ဖြေ ။ ။ စာ‌ပေ‌တွေကို လွတ်လပ်စွာ ‌ရေးရတယ်လို့ ဘယ်လိုပဲ‌ပြော‌ပြော‌ပေါ့ရှင်။ အင်(အတု)မဟုတ်တဲ့ တစ်ကယ့် စာ‌ရေး ဆရာအစစ်တစ်‌ယေက်ဟာ မြန်မာပြည်မှာ‌တော့ ‌ခေါက်ရိုးကျိုး‌နေပြီလို့ ဆိုရမလားပဲ။ ဒါမှမဟုတ်လည်း အချိုမှုန့် သုံးစွဲ‌နေတဲ့ မြန်မာ‌တွေလို စွဲ‌နေပြီး ‌ပြောရမလားမသိဘူး။ ‌ဘောင်‌ကျော်ပြီး ပရမ်းပတာ‌ရေးတဲ့သူမျိုး‌တော့ ကျမ မ‌တွေ့မိ‌သေးပါဘူး၊ ချစ်ဖို့ ‌ကောင်း‌လောက်‌အောင် ‌ခေါက်ရိုးကြီးအတိုင်းသွား‌ရေကြတုန်းပါပဲ။
ဘယ်လိုပဲ လွတ်လွတ်စွာ ‌ရေးခွင့်ရှိလာ‌ပေမဲ့လည်း တိုင်းရင်းသားယဉ်‌ကျေးမှုဆိုင်ရာစာ‌ပေ‌တွေ ‌ပေါ်ထွက်လာမှု အားနည်းတယ် ဆိုတာက‌တော့ စာဆိုတဲ့အရာမျိုးဟာ စိတ်ကူး‌ပေါက်မှ ထလုပ်လို့ရတဲ့ အရာမျိုးမဟုတ်ဘူး‌လေ။ စာတစ်ပိုဒ်၊ စာတစ်အုပ် ထွက် ‌ပေါ်လာဖို့ဆိုတာ အဲ့ဒီစာ‌ရေးသူမှာ စိတ်ဝမ်းစာ၊ စိတ်အာဟာရ၊ စိတ်ရိက္ခာ စု‌ဆောင်း၊ စုထား ထုဆစ်ထားတာ ဘယ်‌လောက်ရှိ ‌နေလဲ။ အဲ့ဒီအ‌ပေါ်မှာ သိပ်ကိုမှုတည်‌နေပါတယ်။ ‌ပြောရရင် ကျမတို့ကရင် လူမျိုး‌တော်‌တော်များများဟာ စာဖတ်အား အင်မတန် နည်းကြပါတယ်ရှင့်။ ဒါ‌ကြောင့်လည်း စာ‌ပေနယ်ပယ်မှာ ကရင်လူမျိုး စာ‌ရေးဆရာ၊ဆရာမ ဘယ်နှစ်‌ယောက်ရှိ‌သေးလို့လဲရှင်။ တကယ် စာ‌ရေးဆရာ‌ကောင်းတစ်‌ယောက် ဖြစ်ဖို့ဆိုတာက‌လေ မလွယ်ကူပါဘူး။ စာများများမဖတ်ထားရင် အ‌တွေး‌ကောင်းဆို တာ ‌ပေါ်မလာပါဘူး။ အ‌တွေးမ‌ပေါ်လာမှ‌တော့ ဘယ်လိုလုပ် စာ‌ရေးနိုင်မှာ၊ ဖန်တီးနိုင်မှာတဲ့လဲရှင့်။ စကားပုံ‌တောင် ရှိ‌သေးတာပဲ။ စာ‌ရေးမခက်‌ပေမဲ့ ငါ‌ရေးခက်တယ် ဆိုတာ‌လေ။ အဲ့ဒါ‌ကြောင့် ‌ရောက်တဲ့‌နေရာတိုင်း ကျမလူမျိုး‌တွေကို ‌ပြောဖြစ်တာက စာများ များဖတ်ကြပါလို့။

‌မေး ။ ။ လူငယ်‌တွေအ‌နေနဲ့ အကျိုးရှိတဲ့စာအုပ်‌တွေ ‌ရွေးဖတ်ရ ပိုခက်တယ်လို့ ‌ပြောကြတာရှိပါတယ်။ ဒါကို ဘယ်လိုအကြံ ‌ပေးချင်ပါသလဲ။
‌ဖြေ ။ ။ စာဆိုတာမျိုးက‌တော့ ဘယ်စာမျိုးမဆို ဖတ်ရမှာပါပဲ။ ဖတ်ရင်းနဲ့ပဲ ‌ရွေးချယ်သွားရတာ‌လေ။ တစ်‌ယောက်နဲ့တစ် ‌ယောက် အကြိုက်ခြင်း၊ အ‌တွေးခြင်းကမှ မတူကြတာ‌လေ။ ပြီး‌တော့ ဒီ‌နေရာမှာ ‌ပြောချင်တာက‌လေ။ လူကြီးဖြစ်ဖြစ် လူငယ်ဖြစ် ဖြစ်‌ပေါ့။ ကိုယ့်ဆန္ဒသာ ပြင်းပြပါ‌စေ။ ရှာ‌ဖွေရင် ‌တွေ့ရှိတယ်ဆိုတာ သိပ်လက်‌တွေ့ကျပြီး မှန်ကန်တဲ့စကားစုပဲ‌လေ။ လက်ရှိ ကျမကိုယ်တိုင်က က‌လောင်‌လေး‌ချောင်းနဲ့ အပြင်စာ‌ပေ‌လောကမှာ‌ရော လူမျိုး‌ရေးစာ‌ပေထဲမှာပါ ဖြန့်ကျက်‌နေတဲ့‌နေရာမှာ ဘယ် သူကမှ ကျမကို (Guide)လုပ်ခဲ့တာမဟုတ်ဘူး။ ကျမဆန္ဒရှိလို့၊ ကျမဝါသနာပါလို့၊ ဝါသနာပါလွန်းလို့ ဒုက္ခခံ ကြိုးစားရှာ‌ဖွေ ဖတ်ရှု ခဲ့လို့လည်း အခုလိုက‌လောင်‌တွေကို ပိုင်ဆိုင်ထားနိုင်တာ‌လေ။ ‌မှော်‌အောင်ပြီး ‌ဆေးကြိမ်လုံးနဲ့ ရိုက်ယူထားတာမှ မဟုတ်တာပဲ ‌လေ။ ‌ပြောချင်တာက ဝန်းကျင်မှာ လူဝင်ဆံ့သူဖြစ်ချင်ရင် အသုံးကျချင်ရင် ကြိုးစားရမှာက လူငယ်‌တွေအလုပ်ပဲ‌လေ။ ဒီ‌နေရာမှာ ကျမရဲ့လက်ကိုင်ဒဿန‌လေးကို ‌ပြောချင်ပါတယ်။ ကျမအတွက်ပဲ‌ပြောတာ‌နော်။ သူများ‌တွေကို မဆိုလိုဘူး။ အဲဒါက‌တော့ “‌လောကကြီးထဲမှာ အသုံးကျရင် ဆက်‌နေ၊ အသုံးမကျရင်‌သေ‌ပေါ့”ရှင်။ ကြိုးစားတဲ့‌နေရာမှာလည်း ‌နောက်ထပ် အ‌ရေးကြီးတဲ့အ ရာ ရှိပါ‌သေးတယ်။ အဲဒါက‌တော့ ကိုယ်ကျင့်တရားနဲ့ စည်းကမ်းပါပဲ။ အဲ့ဒီအချက်‌တွေမပါဘဲ ‌အောင်မြင်ခဲ့ရင်လည်း ဒီလို‌အောင် မြင်မှုမျိုးဟာ အနှစ်မဲ့ပါတယ်။ သက်တမ်းလည်း မရှည်နိုင်ပါဘူး။

‌မေး ။ ။ အခု‌ပေါ့‌နော်။ တိုင်းရင်းသား‌ဒေသ ‌နောက်ခံရသစာအုပ် အထွက်နည်းတာက ဘာ‌ကြောင့်လဲ ရှင်းပြပါဦး။
‌ဖြေ ။ ။ အင်း အဲ့တာ‌ရေးတဲ့ သူမရှိသ‌လောက် နည်း‌နေ‌သေးလို့‌ပေါ့ရှင့်။ ပြီး‌တော့ အဲလိုစာအုပ်မျိုးအတွက် ထုတ်‌ဝေသူ မရှိ ‌သေးတာရယ်နဲ့ လုံးဝ ဆိုင်‌နေပါလိမ့်မယ်။ အဲဒီကိစ္စက‌တော့ ကရင်လူမျိုးတိုင်းနဲ့ သက်ဆိုင်ပြီး ကြိုးစားအားထုတ်မှု‌တွေ အများ ကြီး လို‌နေပါ‌သေးတယ်။

‌မေး ။ ။ စာအုပ်‌ဈေးကွက်က ရန်ကုန်မှာပဲ အဓိကလို ဖြစ်‌နေတယ်။ နယ်‌တွေကို ပြန့်နှံ့ဖို့ဆို ဘယ်လိုအခက်အခဲရှိတယ်၊ ဘာ ‌တွေလိုအပ်‌နေတယ်ဆိုတာ ရှင်းပြ‌ပေးပါ။
‌ဖြေ ။ ။ အဲဒီကိစ္စ ကျမအမြင်က‌တော့ နယ်ဘက်‌တွေမှာလည်း ဖြန့်ချိသူ‌ကောင်းဆိုတာ လိုအပ်တာပဲ‌လေ။ ဒါ‌ပေမဲ့ အခုလက်ရှိ အထိက‌တော့ အဲ့သလို တာဝန်ယူနိုင်သူ၊ တာဝန်သိသူ တကယ်အလုပ်လုပ်နိုင်သူ၊ ပါးစပ်က‌ပြောတာထက် လက်‌တွေ့လုပ်ပြနိုင် သူ နည်း‌နေ‌သေးတဲ့အတွက်လည်း စာအုပ်‌ဈေးကွက်က တစ်‌နေရာထဲမှာ ရပ်တန့်‌နေသလို ဖြစ်‌နေတာ‌ပေါ့။

‌မေး ။ ။ တိုင်းရင်းသားလူငယ်စာ‌ရေးဆရာ‌တွေ ‌ပေါ်ထွက်လာဖို့ ဆရာမဘယ်လိုတိုက်တွန်းချင်လဲဆိုတာ ရှင်းပြ‌ပေးပါ။
‌ဖြေ ။ ။ ကျမတို ့တိုင်းရင်းသားစာ‌ရေးဆရာ၊ဆရာမ‌တွေ ‌ပေါ်ထွက်လာဖို့အတွက် လက်ရှိမှာ ကျမကိုယ်တိုင် မြို့‌ပေါ်‌ရော၊ နယ် ‌တွေပါ ဆင်းပြီး ပို့ချစည်းရုံးတိုက်တွန်း‌နေတာပါ။ ဒါ‌ပေမဲ ့ဝမ်းနည်းစရာ‌ကောင်း‌လောက်‌အောင်ကို ရှာမရ ဖြစ်‌နေပါ‌သေးတယ်။ တစ်ချို့‌တော့ ရှိပါတယ်။ ကြိုးစားပြီး‌တော့ ‌ရေးဖွဲ့‌နေကြတာပါပဲ။ အဲ့ဒါက လူမျိုး‌ရေးမဂ္ဂဇင်း အနည်းအကျဉ်း‌လောက်မှာပဲ အဆုံး သတ်သွားပြီး အပြင်စာ‌ပေ‌လောကထဲကို မထိုး‌ဖောက်နိုင်ကြ‌သေးဘူး။ အဲ့ဒီအ‌ကြောင်းအရာနဲ့ ပတ်သက်ပြီး ကျမက‌မေး‌တော့ သူတို့ရဲ့အ‌ဖြေက မ‌ရေးနိုင်တာရယ်၊ မ‌ရေးတတ်တာရယ်၊ မ‌ရေးရဲတာရယ်၊ ဒါကို အ‌ကြောင်းပြချက်‌ပေးလာတယ်။ အဲ့ဒီအတွက် ‌တော့ ဒီကဏ္ဍက‌နေပြီး ကရင်လူငယ်‌မောင်မယ်‌လေး‌တွေကို ပါးချင်တဲ့ စကားလက်‌ဆောင်ရှိပါတယ်။ ပြီးခဲ့တဲ့ ‌အောက်တိုဘာ ၁၅ရက်‌နေ့မှာ တွံ‌တေးမြို့၊ ‌ညောင်ဝိုင်းကျမ်းစာသင်‌ကျောင်း နှစ်ပတ်လည် မဂ္ဂဇင်းမှာ ကျမပို့ချ‌ပေးတဲ့ Massage က မိမိသာ သာ၊ မိမိလူမျိုး၊ မိမိတို့ရဲ့စာ‌ပေ၊ စကား၊ ယဉ်‌ကျေးမှုများအတွက် ရင်ထဲရှိတဲ့ဆန္ဒအတိုင်း ‌ပြောချင်၊ ထုတ်ပြချင်၊ ပြုလုပ်ချင်‌သော် လည်း ဘယ်လို၊ ဘယ်ပုံ၊ ပြုလုပ်၊ ‌ဖော်ထုတ်ပုံ‌ဖော် ဖန်တီးရမှန်းမသိဘဲ ‌ဒေါသထွက် စိတ်ဓါတ်ကျ စိတ်အားငယ်‌နေမယ့်အစား ‌ဖြေရှင်းနည်းကို ရှာဖို့ပါပဲ။ အဲ့ဒီ‌ဖြေရှင်းနည်းက စိတ်ကိုဖြူ‌အောင်ထားပါ။ လူမျိုးကို အမှန်တကယ် ချစ်ခင်တန်ဖိုးထားသူဖြစ်ပါ‌စေ။ ဘယ်လိုစာမျိုးမဆို များများဖတ်ပါ။ များများ‌တွေးပါ။ လက်ကလည်း များများ‌ရေးပါ။ တကယ့်စာ‌ရေးဆရာတစ်‌ယောက် ဖြစ်လာ တဲ့အထိ မှန်ကုန်တဲ့၊ ကြိုးစားမှု ‌ကောင်းမွန်တဲ့၊ စည်းကမ်းရှိတဲ့ ကိုယ်ကျင့်တရားနဲ့အတူ လုံ့လဝီရိယ၊ ကံဉာဏ်အပြင် စိတ်ရှည် သည်းခံမှုကြီးကြီးထားပါ။ ကျင့်သုံးပါ။ တကယ့် စာ‌ရေးဆရာတစ်‌ယောက်မှသာလျှင် မိမိလူမျိုးနှင့် စာ‌ပေယဉ်‌ကျေးမှု‌တွေကို မိမိ အလိုရှိသည့်အတိုင်း ပြုလုပ်သွားနိုင်ပါလိမ့်မယ်။
‌နောက်တစ်ခု‌ပြောချင်တာက စာ‌ရေးဆရာကြီး “‌ဂေါ်ကီ”‌ပြောခဲ့တဲ့ စကားစုများနဲ့ သူ့ကိုရည်ညွန်းတဲ့ စာ‌ရေးဆရာ ‘ချက်‌ကော့’ရဲ့ စကားစု‌တွေပါပဲ။ ဆရာကြီး‌ဂေါ်ကီက ‌ပြောပါတယ်။ “တစ်ကယ့်စာ‌ရေးခြင်းဆိုတာ တိုက်ခိုက်ခြင်းပါပဲ။ ကျ‌နော်လူဖြစ်လာတာ ဆန့်ကျင်တိုက်ဖျက်ဖို့ဖြစ်၏”တဲ့‌လေ။ ချက်‌ကော့ကလည်း ‌ဂေါ်ကီဟာ ပျက်စီးအပ်သမျှ တရားစုကို သူဟာ ဖျက်ဆီးပစ်မှာပဲ။ အဲ့ လိုပျက်စီးရာမှာလည်း သူဟာ စွမ်းအားသိပ်ကြီးတဲ့သူ၊ ဒီလိုပျက်စီးနိုင်တာမို့လည်း စာ‌ရေးဆရာတစ်‌ယောက် ဖြစ်လာတာပဲတဲ့ ‌လေ။
သိပ်ကိုမှန်ကန်တဲ့ စကားစု‌တွေပါပဲ။ ကျမလူမျိုး ကရင်လူငယ်‌မောင်မယ်အားလုံးကို ‌ပြောချင်တာ‌လေးရှိ‌နေပါ‌သေးတယ်။ အဲ့ဒါက ဆရာမနမ့်မြတ်နိုးသွယ်ဟာ သူ့လူမျိုး၊ သူ့စာ‌ပေစကားနဲ့ ယဉ်‌ကျေးမှုအတွက်ဆိုပါရင် လိုအပ်လာရင် အမြဲတမ်းရှူ‌နေတဲ့ ‌အောက် ဆီဂျင်အပြင် ကာဗွန်‌အောက်ဆိုဒ်ကိုလည်း ရှူသင့်တယ်ထင်ရင် ရဲရဲကြီး ရှူနိုင်ပါတယ်လို့။

# ရန်ကုန်တိုင်း‌ဒေသကြီး တွံ‌တေးမြို့သူ ဆရာမနမ့်မြတ်နိုးသွယ်သည် ၁၉၉၆ခုနှစ်တွင် စာ‌ပေ‌လောကထဲသို့ ဝင်‌ရောက်လာသူ ဖြစ်သည်။ အမည်ရင်းမှာ ခွါညိုဖြစ်ပြီး မြတ်နိုးသွယ်၊ ကြည်‌အေးခင်၊ သဒ္ဒါဖြူနှင့် အချစ်ချို စသည့်က‌လောင်အမည် ‌လေးခုဖြင့် စာ‌ပေ‌ရေးသား‌နေသူ ကရင်အမျိုးသမီး စာ‌ရေးဆရာမဖြစ်သည်။ လက်ရှိအချိန်အထိ ဝတ္တုတို‌ပေါင်း အပုဒ်‌ရေ ၅၀‌ကျော် အပါအ ဝင် အချစ်၊ အိမ်‌ထောင်‌ရေး၊ ဘဝ၊ သုတ၊ ရသ၊ စိတ်ဓာတ်ခွန်အားဆိုင်ရာ လုံးချင်းစာအုပ်များကိုလည်း ‌ရေးသား‌နေသူဖြစ်သည်။
ထို့အပြင် လက်ရှိ ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံ‌တေးမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမူ‌ကော်မတီ၌ အတွင်း‌ရေးမှူးတာဝန်ကို ယူ ထားသည့်အပြင် ကရင်လူငယ်‌မောင်မယ်များအတွက် တွံ‌တေးနှင့် အခြားမြို့နယ်များ၌လည်း ဝတ္တုတို၊ ‌ဆောင်းပါး၊ လုံးချင်းဝတ္ထု ‌ရေးသားနည်းများကိုလည်း သင်ကြားပို့ချ‌ပေးလျှက်ရှိသည်။