Home သတင်း သမ္မတနှင့် ကာချုပ်တို့နှင့် ‌တွေ့ဆုံရန် KNU ခရီးစဉ်စတင်

သမ္မတနှင့် ကာချုပ်တို့နှင့် ‌တွေ့ဆုံရန် KNU ခရီးစဉ်စတင်

1377

ဇန်နဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်‌သော ကိုယ်စားလှယ်အဖွဲ့ ၁ဝဦး‌ကျော်သည် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်း‌အောင်လှိုင်တို့နှင့် သွား‌ရောက်‌တွေ့ဆုံ‌ဆွေး‌နွေးရန် ယ‌နေ့ည‌နေ ၄နာရီ‌ကျော်တွင် ထိုင်း-မြန်မာနယ်စပ်မှ ထွက်ခွါသွားပြီဖြစ်သည်။

KNU တွဲဘက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက “အခုခရီးစဉ်မှာ KNU ဟာ အထူးသဖြင့် သမ္မတနဲ့ ကာကွယ်‌ရေးဦးစီးချုပ်ကို ‌နေပြည်‌တော်မှာ ‌တွေ့ဆုံဖို့ရှိတယ်။ အပစ်အခတ်ရပ်စဲ‌ရေးနဲ့ ‌ရှေ့ဆက်နိုင်ငံ‌ရေး ‌ဆွေး‌နွေးဖို့အတွက် ဘယ်လိုသွားမလဲဆိုတာ ‌ဆွေး‌နွေးသွားမှာပါ”ဟု ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

ယခုခရီးစဉ်၌ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ ကာကွယ်‌ရေးဌာန တာဝန်ခံ ပဒို‌စော‌ရောဂျာခင်၊ ဗဟိုအလုပ်အမှု‌ဆောင် ပဒို‌စောတာဒိုမူးနှင့် စစ်‌ထောက်ချုပ် ဗိုလ်ချုပ်‌စောအိုင်းဇက် အပါအဝင် တပ်မှူးအချို့ လိုက်ပါသွားပြီး ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး လုပ်ငန်းစဉ်နှင့် နိုင်ငံ‌ရေး ‌ဆွေး ‌နွေးပွဲဆိုင်ရာများကို မြန်မာအစိုးရနှင့် ‌ဆွေး‌နွေးမည်ဖြစ်သည်ဟု ယ‌နေ့ထုတ်ပြန်သည့် KNU ‌ကြေညာတွင် ‌ဖော်ပြပါရှိသည်။

၎င်း KNU ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်သို့ အရင်ဦးစွာ‌ရောက်ရှိမည်ဖြစ်ပြီး မနက်ဖြန် ဇန်နဝါရီ ၄ရက်‌နေ့တွင် မြန်မာငြိမ်းချမ်း ‌ရေးစင်တာမှ ဝန်ကြီးဦး‌အောင်မင်း ဦး‌ဆောင်သည့်အဖွဲ့နှင့် ‌တွေ့ဆုံပြီး‌နောက် ၅ရက်နှင့် ၆ရက်‌နေ့များတွင် သမ္မတတို့နှင့် ‌တွေ့ဆုံ သွားမည်ဖြစ်‌ကြောင်း သိရသည်။

ယခု ခရီးစဉ်တွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး လုပ်ငန်းစဉ်အဆင့်ဆင့်၌ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အခန်း ကဏ္ဍကိုလည်း သက်ဆိုင်ရာ တပ်မ‌တော် အကြီးအကဲများ၊ အစိုးရအဆင့်မြင့်အရာရှိများနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး ရလဒ်များကို KNU အဖွဲ့အစည်းနှင့် တိုင်းရင်းသားအဖွဲ့အစည်းများထံသို့ ပြန်လည်ချပြကာ သတင်းထုတ်ပြန်သွားမည်ဟုလည်း အဆိုပါ‌ကြေ ညာချက်တွင် ‌ဖော်ပြထားသည်။

ပဒိုမန်းမန်းမန်းက “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်‌တွေမှာ တပ်ပိုင်းဆိုင်ရာဟာ အဓိကဖြစ်တဲ့အတွက် လာမဲ့ ‌လော်ခီးလာ(KNU ဌာနချုပ်)မှာ လုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ညီလာခံထဲမှာ ‌ဆွေး‌နွေးကြရင် အထစ်အ‌ငေါ့ မရှိ‌အောင် ဒီခရီးစဉ်မှာ ‌ပြေလည်မှု တစုံတရာရရှိဖို့ ညှိနှိုင်းတဲ့သ‌ဘောလည်း ပါပါတယ်”ဟု ‌ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ရက်‌နေ့က အစိုးရဘက်က ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း၊ လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီတို့ပါဝင်‌သော အဖွဲ့သည် KNU ‌ခေါင်း‌ဆောင်အချို့နှင့် ထိုင်း-မြန်မာနယ်စပ်တွင် ‌တွေ့ဆုံခဲ့‌ကြောင်း ‌ကေအဲန်ယူ အသိုင်းအဝိုင်းများထံမှ သိရသည်။

ယခုခရီးစဉ်အပြီး ဇန်နဝါရီလ ၂ဝရက်‌နေ့တွင် KNU ဖားအံခရိုင်အတွင်းရှိ ‌လော်ခီးလာ(‌လေးဝါး)ဌာနချုပ်၌ ဒုတိယအကြိမ် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို ကျင်းပသွားမည်ဖြစ်ပြီး ‌ကေအဲန်ယူနှင့် အစိုးရတို့၏ ၂၀၁၄ခုနှစ်အတွင်း ပထမဆုံး ‌တွေ့ဆုံခြင်းဖြစ်သည်။