Home သတင်း သန်း‌ခေါင်စာရင်း ‌ကောက်ယူရာတွင် မွန်ကရင် သတ်မှတ်ချက်ပယ်ဖျက်‌ပေးရန် ‌တောင်းဆို

သန်း‌ခေါင်စာရင်း ‌ကောက်ယူရာတွင် မွန်ကရင် သတ်မှတ်ချက်ပယ်ဖျက်‌ပေးရန် ‌တောင်းဆို

2129
ပုသိမ်မြို့၊ ပိုးကရင်နှစ်ခြင်း အသင်း‌တော်ဝန်းအတွင်းတွင် ကရင်လူမူအဖွဲ့အစည်းများ ‌တွေ့ဆုံပွဲ

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

သန်း‌ခေါင်စာရင်း ‌ကောက်ယူရာတွင် အစိုးရအဆိုပြုထားသည့် ကရင်မျိုးနွယ်စုထဲတွင် မွန်ကရင် (စာဖြူ) သတ်မှတ်ချက် ပယ်ဖျက်‌ပေးရန် ဧရာဝတီတိုင်း‌ဒေသကြီးရှိ ကရင်အမျိုးသားများက ‌ကြေငြာချက်ထုတ်ပြန် ‌တောင်းဆိုလိုက်သည်။

ဇန်နဝါရီ ၁၆ ရက်‌နေ့က ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်မြို့ရှိ ပိုးကရင်နှစ်ခြင်း အသင်း‌တော်ဝန်းအတွင်း ကရင် လူမူအဖွဲ့အစည်းများ‌တွေ့ဆုံ‌ဆွေး‌နွေးအပြီး အချက် ၅ ချက်ပါသည့် သ‌ဘောထား‌ကြေညာချက်တစ်‌စောင်ကို ထိုသို့ ထုတ်ပြန်‌တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု ယင်း‌ဆွေး‌နွေးပွဲတတ်‌ရောက်ခဲ့သည့် ကရင်အမျိုးသားစည်းလုံး ‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီဝင် မန်းသန်းဝင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မွန်ကရင်(စာဖြူ)ဆိုတာ ကရင်လူမျိုးအ‌နေနဲ့ အရင်အတည်းကမရှိဘူး။ စာဖြူဆိုတာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ‌တွေကို ရည်ညွှန်းတာ၊ အဲ့ဒါ‌ကြောင့် မျိုးနွယ်စုအ‌နေနဲ့ မရှိဘူး။ ဒါ‌ပေမယ့် အစိုးရအဆိုပြုထားတဲ့ ကရင်မျိုးနွယ်စုထဲမှာ ပါလာတယ်။ ဒါကို ဖြုတ်ပစ်ဖို့ ‌ကြေငြာချက်ထုတ်‌တောင်းဆိုလိုက်တာဖြစ်တယ်’’ဟု မန်းသန်းဝင်းဦးက ‌ပြောဆိုသည်။

ပုသိမ်မြို့၊ ပိုးကရင်နှစ်ခြင်း အသင်း‌တော်ဝန်းအတွင်းတွင် ကရင်လူမူအဖွဲ့အစည်းများ ‌တွေ့ဆုံပွဲ
ပုသိမ်မြို့၊ ပိုးကရင်နှစ်ခြင်း အသင်း‌တော်ဝန်းအတွင်းတွင် ကရင်လူမူအဖွဲ့အစည်းများ ‌တွေ့ဆုံပွဲ

၎င်းသ‌ဘောထားထုတ်ပြန်ချက်ထဲ၌ ဖားအံတွင် ကျင်းပခဲ့သည့် သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ရေး သ‌ဘောထား ထုတ်ပြန်ချက်အား သ‌ဘောတူလက်ခံ‌ကြောင်း၊ စ‌ကောကရင်၊ ပိုးကရင်အမည်နာမ ‌ဖော်ပြမှုထင်ရှား‌စေရန် ‌စော၊ ‌နော်၊ စ၊ မန်း၊ နန့်၊ ဂါ့ ဟု ‌ဖော်ပြရန်၊ ကရင်ကပြားများအတွက် မျိုးနွယ်စုအမည်‌ဖော်ပြရာတွင် အသက် ၁၅ နှစ် ပြည့်ပြီးသူတိုင်း ကိုယ်တိုင်ဆန္ဒအတိုင်းဖြစ်‌စေရန်နှင့် ၁၅နှစ် မပြည့်‌သေးသူဖြစ်ပါက မိဘနှစ်ပါး၏ ဆန္ဒအတိုင်း ဖြစ်‌စေရန်၊ ကရင်မျိုးနွယ် CODE နံပါတ်စဉ်ရာတွင် (၁)စ‌ကောကရင်၊ (၂) ပိုးကရင်ပြီးမှသာ အခြားကရင်မျိုးနွယ် စု အမည်‌ဖော်ပြရန် စသည့်အချက်များ ပါဝင်သည်။

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး မန်းသန်း‌ရွှေ ဦး‌ဆောင်၍ ပုသိမ်မြို့၌ ကျင်းပခဲ့သည့် ယင်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် တိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူမူအဖွဲ ့အစည်းများ၊ ဘာသာ‌ရေး ‌ခေါင်း‌ဆောင် များ၊ နိုင်ငံ‌ရေးပါတီ အချို့မှ ကိုယ်စားလှယ်များနှင့် ‌ဒေသခံများ စုစု‌ပေါင်း လူ ၇ဝ ဦး‌ကျော် တတ်‌ရောက် ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ဧရာတီတိုင်း‌ဒေသကြီးရှိ ကရင်ပြည်သူ့ပါတီ (KPP) ဥက္ကဌ မန်းထွန်းတင်က သန်း‌ခေါင်စာရင်း ‌ကောက်ယူရာတွင် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ကရင်လူဦး‌ရေစာရင်း အမှန်ရရှိ‌စေရန် လက်ရှိ ထုတ်ပြန်ချက်များကို ပုံစံတစ်ခုပြုလုပ်၍ ‌ကျေးရွာများသို့ ကွင်းဆင်အသိပညာ‌ပေး အကြိုစာရင်း‌ကောက်ယူမှုကို ယခုရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ‌ပြောဆိုသည်။

ဧရာဝတီတိုင်း‌ဒေသကြီးသည် နိုင်ငံအတွင်း လူ‌နေမှုအများဆုံးဖြစ်ကာ လူဦး‌ရေ ဆယ်သန်း‌ကျော် ‌နေထိုင် လျှက်ရှိ‌ကြောင်း၊ ယင်းအထဲတွင် ကရင်လူမျိုးအနည်းဆုံး‌လေးသန်းဝန်းကျင် ‌နေထိုင်သည့်တိုင်း‌ဒေသကြီး တစ်ခုဖြစ်‌ကြောင်း တရားဝင်ထုတ်ပြန်ဖူးသည့် စာရင်းများအရ သိရသည်။