Home သတင်း မယ်လအူးစခန်းတွင် အ‌မေရိကန်နိုင်ငံ ခိုလှုံမှု ‌လျှောက်တင်ခွင့် ရပ်နားလိုက်ပြီ

မယ်လအူးစခန်းတွင် အ‌မေရိကန်နိုင်ငံ ခိုလှုံမှု ‌လျှောက်တင်ခွင့် ရပ်နားလိုက်ပြီ

1532

အ‌မေရိကန်သွားမည့် မယ်လအူးဒုက္ခသည်များ

ဇန်နဝါရီ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ထိုင်းနိုင်ငံ၊ မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ မယ်လအူးဒုက္ခသည်စခန်းမှ ဒုက္ခသည်များအတွက် အ‌မေရိကန်နိုင်ငံသို့ ‌ပြောင်း‌ရွှေ့‌နေထိုင် ခွင့် ‌ခေါ်ယူမှုအစီအစဉ်ကို ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာလ ‌နောက်ဆုံးထား၍ ရပ်နားသွားမည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီးရုံး(UNHCR)က တရားဝင် ‌ပြောဆိုထား‌သော်လည်း ယခု ဇန်နဝါရီ ၂၃ရက်‌နေ့က ရပ်နားလိုက်ပြီဟု သိရသည်။

ကရင်ဒုက္ခသည်‌ကော်မတီ(KRC)၏ ‌မြောက်ပိုင်း‌ဒေသ တာဝန်ခံ ‌စောတူးတူးက “တကယ်ဆိုရင် မယ်လအူးစခန်းမှာ ‌အောက်တို ဘာလကတည်းက အ‌မေရိကန်‌လျှောက်ခွင့်ပိတ်ဖို့ UNHCR က ‌ပြောထားတယ်။ ဒါ‌ပေမယ့် ‌လျှောက်တဲ့သူရှိဦးမယ်ဆိုပြီး အချိန် ထပ်တိုးလိုက်တာ။ အခု ဇန်နဝါရီမှာ‌တော့ တကယ်ပိတ်လိုက်ပါပြီ”ဟု ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

ထို့အပြင် မယ်လအူးစခန်းနှင့်နီးသည့် မယ်ရာမိုဒုက္ခသည်စခန်း၌လည်း အ‌မေရိကန်နိုင်ငံသို့ သွား‌ရောက်‌ပြောင်း‌ရွှေ့ အ‌ခြေချ သည့် ‌လျှောက်တင်ခွင့်ကို မယ်လအူးစခန်းနည်းတူ တပြိုင်နက်တည်း ရပ်နားလိုက်‌ကြောင်းလည်း ‌စောတူးတူးက ဆိုသည်။

အ‌မေရိကန်နိုင်ငံ ‌လျှောက်ခွင့်အတွက် ‌နောက်ဆုံးသတ်မှတ်ချိန်အထိ ‌လျှောက်တင်ခွင့်ရရှိသူများမှာ UNHCR မှ တရားဝင် အသိအမှတ်ပြု ခံထားရသည့် စခန်းများအတွင်းရှိ လူ‌ဟောင်းစာရင်းဝင်သူများနှင့် အ‌မေရိကန်နိုင်ငံသို့ ‌ပြောင်း‌ရွှေ့အ‌ခြေချနှင့် ပြီးသူများ၏ ‌ဆွေမျိုး‌တော်စပ်သူများကိုသာ ‌ခေါ်ယူခြင်းဖြစ်‌ကြောင်း သိရသည်။

မယ်လအူးဒုက္ခသည် ‌စောတီးဖိုးက “အ‌မေရိကန်နိုင်ငံ‌လျှောက်ခွင့် ပိတ်‌တော့မယ်ဆို‌တော့ ဒီလ ၂၃ရက်‌နေ့က UNHCR ‌နောက် ဆုံးလာသွားတဲ့အချိန် ကျ‌နော်တို့မိသားစု‌တွေ သွား‌လျှောက်လိုက်တယ်။ ဘာလို့လဲဆို‌တော့ အခြားနိုင်ငံ‌တွေ‌ခေါ်ဖို့လည်း မ‌သေချာ‌တော့ဘူး‌လေ။ အဲဒီ‌နေ့က သွား‌လျှောက်တဲ့သူ နှစ်ဆယ်‌လောက်ပဲရှိမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မယ်လအူးစခန်းတွင် အ‌မေရိကန်နိုင်ငံသို့ ‌ပြောင်း‌ရွှေ့အ‌ခြေချ‌ရေးအတွက် ပုံမှန်အားဖြင့် အပတ်စဉ် ကြာသပ‌တေး‌နေ့၌ မယ်လ အူးစခန်းရှိ ‌ဖွေး‌ဘောလူUNHCR ရုံးသို့ သွား‌ရောက်‌လျှောက်တင်နိုင်‌သော်လည်း ထို‌နေ့က ရပ်ကွက်(၈)သို့ သွား‌ရောက်‌လျှောက် တင်ရသည်ဟု ‌စောတီးဖိုးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်‌နေ့က ဒုက္ခသည်များဆိုင်ရာ အ‌မေရိကန်အကြီးအကဲ မစ္စတာ‌ဒေးဗစ်‌ရော်ဘင်ဆန်က မယ်လဒုက္ခသည်စခန်းသို့ သွား‌ရောက်ခဲ့စဉ် အ‌မေရိကန်နိုင်ငံသို့ ‌ပြောင်း‌ရွှေ့အ‌ခြေချသည့် အစီအစဉ်ကို ၂၀၁၃ခုနှစ်၊ ဇွန်လ ၅ရက်၌ ရပ်နားသွားမည်ဟု ကြိုတင်သတိ‌ပေး ‌ပြောဆိုသွားခဲ့ပြီးဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ထမ်းဟင်နှင့် ဘန့်ဒိုယမ်းစခန်းများမှ ဒုက္ခသည်များသည် UNHCR ၏ တတိယနိုင်ငံ ပို့‌ဆောင်သည့် အစီအစဉ်ဖြင့် ၂၀၀၆ခုနှစ်ကတည်းက အ‌မေရိကန်၊ က‌နေဒါ၊ ဩစ‌တြေးလျား၊ ‌နော် ‌ဝေး၊ ဆွစ်ဇာလန်၊ ဖင်လန်၊ ဂျပန်နိုင်ငံများသို့ ‌ပြောင်း‌ရွှေ့‌နေထိုင်ကြပြီးဖြစ်‌သော်လည်း ၎င်းစခန်းများ၌ လက်ရှိဒုက္ခသည်ဦး‌ရေ ‌ပေါင်း ၁၃၂,၀၀၀‌ကျော်ရှိသည်ဟု ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလထုတ် KRC ၏ မှတ်တမ်းအရ သိရသည်။