Home သတင်း ဖလုံ-စ‌ဝေါ် မျက်နှာစုံညီ ‌ဆွေး‌နွေးပွဲတွင် ‌ရှေ့လုပ်ငန်း (၁၁)ချက် ချမှတ်

ဖလုံ-စ‌ဝေါ် မျက်နှာစုံညီ ‌ဆွေး‌နွေးပွဲတွင် ‌ရှေ့လုပ်ငန်း (၁၁)ချက် ချမှတ်

1776

ဇန်နဝါရီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့အ‌ခြေစိုက် ကရင်ပါတီကြီးတစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က ဇန်နဝါရီလ ၁၈ ရက်‌နေ့တွင် ၎င်းတို့ပါတီ ‌ရှေ့ဆက် လုပ်‌ဆောင်ရမည့် လုပ်ငန်းစဉ်အတွက် ရည်ရွယ်၍ အချက် (၁၁)ပါသည့် ‌ရှေ့လုပ်ငန်းတစ်ရပ် ကို တညီတညွှတ်တည်း ချမှတ်လိုက်သည်။

ထို‌နေ့က ဖားအံမြို့၊ ‌တောင်က‌လေး‌ကျေးရွာ ကရင်နှစ်သစ်ကူးကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့‌သော ပထမအကြိမ် PSDP ၏ ပါတီ မျက်နှာစုံညီပွဲ‌တော်တွင် နိုင်ငံ‌ရေး‌ရှေ့လုပ်ငန်းစဉ် ၄ချက်၊ စီးပွား‌ရေး ၃ချက်၊ လူမှု‌ရေး ၃ချက်နှင့် အ‌ထွေ‌ထွေကဏ္ဍ ၁ချက်တို့ကို ချမှတ်ခဲ့ကြခြင်းဖြစ်သည်။

PSDP ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုးက “ကျ‌နော်တို့ ပါတီမျက်နှာစုံညီပွဲ‌တော်မှာ ‌ရှေ့လုပ်ငန်းစဉ် (၁၁)ချက်ကို ချမှတ်နိုင်ခဲ့ တယ်။ ဒီ‌ရှေ့ဆက်လုပ်ငန်းစဉ်ကို အ‌ခြေခံပြီး၂၀၁၅ မတိုင်ခင်မှာ ပါတီစည်းရုံး‌ရေးတို့၊ ‌ရွေး‌ကောက်ပွဲကိစ္စတို့၊ ပါတီကျစ်လစ်ခိုင်မာ ဖို့‌တွေကို တစ်ဆင့်ချင်း လုပ်‌ဆောင်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ချမှတ်ထားသည့်အချက်များအနက် နိုင်ငံ‌ရေးလုပ်ငန်းစဉ်အချက်များထဲတွင် နိုင်ငံ‌တော်ကို စစ်မှန်သည့် ပြည်‌ထောင်စု စနစ်ဖြင့် တည်‌ဆောက်သွားရန် ကြိုးပမ်းသွားမည်ဖြစ်‌ကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေးရရှိ‌ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အ စည်းများနှင့်အတူ လက်တွဲ‌ဆောင်ရွက်မည်ဖြစ်‌ကြောင်း ပါရှိသည်။
DSC00268

PSDP ပါတီသည် ကရင်ပြည်နယ်တွင် အ‌ခြေစိုက်သည့် ပါတီတစ်ခုဖြစ်ပြီး ‌ဒေသခံလူထု၏ ယုံကြည်မှုများကို ရရှိထားသည့် ပါတီ လည်းဖြစ်‌သော‌ကြောင့် ၎င်းတို့ချမှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း လူထု၏ လိုအပ်ချက်များကို ‌ဆောင်ရွက်‌ပေးနိုင်ရန် လိုအပ်သည်ဟု ဒုံးဆရာတစ်ဦးဖြစ်သူ ‌စောမြင့်သူက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဖလုံ-စ‌ဝေါ်ပါတီထဲမှာ လွှတ်‌တော်အမတ်အချို့‌လောက်သာ ‌ဒေသခံအတွက် လိုက်လံ‌ဆောင်ရွက်‌ပေးနိုင်တာ ‌တွေ့ရတယ်။ ပါတီ အ‌နေနဲ့ အခု ချမှတ်လိုက်တဲ့ ‌ရှေ့လုပ်ငန်းစဉ်‌တွေအတိုင်းလုပ်ပြီး လူထုယုံကြည်မှု ပြန်ရလာ‌အောင် ဒီထက် လုပ်‌ပေးနိုင်ဖို့ လိုပါ တယ်”ဟု ‌စောမြင့်သူက ၎င်း၏အမြင်ကို ‌ပြောဆိုသည်။

အဆိုပါ ပါတီမျက်နှာစုံညီပွဲ‌တော်သို့ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ပြည်ထဲ‌ရေးဌာနတာဝန်ခံ ပဒို‌စောအားတိုး တက်‌ရောက်ခဲ့ပြီး ကရင်ပြည်နယ်အတွင်း မြဝတီ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ သံ‌တောင်နှင့် ဖားအံမြို့နယ်များရှိ PSDP ပါတီဝင်များ အပါအဝင် ‌ဒေသခံလူထု‌ပေါင်း တစ်‌သောင်း‌ကျော် တက်‌ရောက်ခဲ့ကြသည့်အပြင် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ၊ ကရင့်ရိုးရာလက်‌ဝှေ့ပွဲ၊ ‌ဈေးပွဲ‌တော်နှင့် ‌ပျော်ပွဲရွှင်ပွဲများကိုလည်း သုံးရက်တိုင် ဆင်နွှဲကျင်းပခဲ့သည်။

၂၀၁ဝခုနှစ်၊ ဇွန်လ ၄ရက်‌နေ့တွင် စတင်ဖွဲ့စည်းတည်‌ထောင်ခဲ့သည့် PSDP သည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ၌ မဲဆန္ဒနယ် ၁၈‌နေရာ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ၉‌နေရာ အနိုင်ရရှိခဲ့သည်။