Home သတင်း ဒုံသမိ‌ချောင်းတစ်‌လျှောက်ရှိ လယ်ခင်းများ စပါးထွက်နှုန်း ‌လျှော့နည်း

ဒုံသမိ‌ချောင်းတစ်‌လျှောက်ရှိ လယ်ခင်းများ စပါးထွက်နှုန်း ‌လျှော့နည်း

2010

ဇန်နဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စပ်ရှိ ဒုံသမိ‌ချောင်း၏ အ‌ရှေ့အ‌နောက် မြစ်ကမ်းတစ်‌လျှောက်ရှိ လယ်ခင်းများ၌ ယခုနှစ်တွင် စပါးထွက်နှုန်း အလွန်‌လျှော့ကျသည့်အတွက် စားသုံးရန် ဆန်လုံ‌လောက်မှု မရှိနိုင်‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ဖားအံမြို့နယ်ဘက်ခြမ်း ဒုံသမိ‌ချောင်းအ‌ရှေ့ဘက် ကြ‌သောင်းဆိပ်ရွာသူ ‌နော်ယားပူက “ဒီနှစ် စပါးရာသီက‌တော့ စပါးထွက်နှုန်းဟာ ၄ဝရာခိုင်နှုန်း‌လောက် ကျဆင်းသွားတယ်လို့ ခန့်မှန်းရပါတယ်။ စပါး‌တွေက အသီးသီးကတည်းက အပင်က စိမ်းလန်းမ‌နေဘူး။ အဝါ‌ရောင်သန်း‌နေတယ်။ ဒါ‌ကြောင့် ထွက်နှုန်း‌လျှော့တာ။ ဒီနှစ်က‌တော့ လူအ‌တော်များများ ဆန်ဝယ်စားရမယ့် အ‌နေအထားမှာ ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ စပါးအထွက်နှုန်း နည်းရသည်မှာ ပြီးခဲ့သည့် မိုးရာသီအတွင်းက ယင်း‌ဒေသ၌ ‌ရေလွှမ်းမိုးခံရပြီး လယ်စပါးများမှာ အပင်ရှင်သန်မှု အားနည်းသွား သည်နှင့်အမျှ စပါးဖျက်ပိုးပါ ကျ‌ရောက်‌သော‌ကြောင့် ယခင်က ပျမ်းမျှအားဖြင့် လယ်တစ်ဧကလျှင် စပါးထွက်နှုန်း ၃၅တင်းရှိ‌သော လယ်မှာ ယခုနှစ်တွင် စပါးတင်း ၂၀‌အောက်သာ ထွက်ရှိ‌တော့‌ကြောင်း သူမက ‌ပြောဆိုသည်။

ဒုံသမိ‌ချောင်း၏ အ‌ရှေ့ဘက်ခြမ်း ဖားအံမြို့နယ်နှင့် အ‌နောက်ဘက်ခြမ်း ဘီးလင်းမြို့နယ်အတွင်းရှိ ကြ‌သောင်းဆိပ် (အ‌ရှေ့ဘက် ကမ်း)၊ ကြ‌သောင်းဆိပ်(အ‌နောက်ဘက်ကမ်း)၊ ပျဉ်းမပင်ဆိပ်(အ‌ရှေ့ဘက်ကမ်း)၊ ပျဉ်းမပင်ဆိပ် (အ‌နောက်ဘက်ကမ်း)၊ ‌ကော့ ဖိုးခို၊ ‌လေး‌ခေါ့ထိ၊ ထီးဖါဒို့ခီး၊ ‌ထော်က‌လော့ထာ့၊ မြစ်ကျိုး၊ သူးကဘီး၊ ကြိုးဝိုင်းရွာကြီး၊ ကြိုးဝိုင်းရွာ‌လေး၊ ‌လေး‌ကေ၊ မင်း‌ဇော၊ တ‌ကေး‌လောင်း၊ ‌ကျောက်ဖျာ စသည့်‌ကျေးရွာ‌ပေါင်း ၃ဝခန့်မှ ‌ဒေသခံလယ်ယာ‌မြေများတွင် စပါးထွက်နှုန်း ‌လျှော့ကျသွားခြင်း ဖြစ်သည်။

ဘီးလင်းမြို့နယ် ကြ‌သောင်းဆိပ်‌ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ကျမတို့‌ဒေသမှာ အရင်ကလည်း မိုးရာသီမှာ ‌ရေကြီးဘူးတယ်။ ဒါ‌ပေမယ့် ဒီလို စပါး‌တွေပျက်စီးသွားတာမျိုး သိပ်မရှိလိုဘူး။ ဒီနှစ်က‌တော့ အဆိုးဆုံးပဲလို့ ‌ပြောလို့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ စပါးထွက်ရာသီပြီး‌နောက် လက်ရှိအချိန်၌ ၎င်း‌ဒေသတွင် စပါးဆယ်တင်းလျှင် ကျပ်‌ငွေ ၃၅,၀၀ဝ မှ ၄၀,၀၀ဝအထိ ‌ဈေးနှုန်းရှိ‌သော်လည်း စပါး‌ရောင်းမည့်သူ အလွန်နည်းပါး‌ကြောင်း သိရသည်။

ဒုံသမိ‌ချောင်းမှာ ပြည်နယ်နှစ်ခုကို နယ်နိမိတ်ခြားထားကာ အ‌ရှေ့ဘက်ခြမ်းတွင် ဖားအံမြို့နယ်နှင့် အ‌နောက်ဘက်ခြမ်းတွင် ဘီးလင်းမြို့နယ်တို့ဖြစ်ပြီး ကရင်‌ကျေးရွာအများစု အ‌ခြေစိုက်လျက်ရှိသည့် ဒုံသမိ‌ချောင်းကမ်းနံ‌ဘေးတစ်‌လျှောက် ‌နေထိုင်ကြသူများမှာ စပါး အပါအဝင် နှမ်း၊ ကြံ၊ ပဲအမျိုးမျိုးနှင့် သခွါး စသည့်စိုက်ပျိုးသီးနှံများကို ရာသီအလိုက် နှစ်စဉ် စိုက်ပျိုး‌လေ့ရှိကြသည်။