Home ထိပ်တန်းသတင်း တိုင်းရင်းသားများ၏ ‌ထောက်ခံမှုကို လိုချင်‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောဆို

တိုင်းရင်းသားများ၏ ‌ထောက်ခံမှုကို လိုချင်‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောဆို

2296
ဖားအံလူထုများအား ‌ဒေါ်‌အောင်ဆန်းစုကြည် မိန့်ခွန်း‌ပြော‌နေစဉ်

ဇန်နဝါရီ ၂ဝ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပြင်ဆင်ရာတွင် တိုင်းရင်းသားများ၏ ‌ထောက်ခံမှုကို လိုချင်‌ကြောင်း အမျိုးသား ဒီမိုက‌ရေ စီအဖွဲ့ချုပ် ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က ဇန်နဝါရီ ၁၈ ရက်‌နေ့၊ ဖားအံမြို့ သံလွင်အားကစားကွင်း၌ ကျင်းပည့် ဖွဲ့စည်းပုံအ‌ခြေခံပြင်ဆင်‌ရေး လူထုရှင်းလင်းပွဲ အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

“ကျမတို့နိုင်ငံဟာ တိုင်းရင်းသား‌ပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့အ‌လျောက် တိုင်းရင်းသားပြည်သူ‌တွေ ‌ထောက်ခံမှုရမှ ရည်ရှည်မှာ ကျမတို့ ‌အေးချမ်းမယ်၊ တိုးတတ်နိုင်မယ်၊ ချမ်းသာကြွယ်ဝနိုင်မယ်။ ဒါ‌ကြောင့် တိုင်းရင်းသားပြည်သူများရဲ့ ‌ထောက်ခံမှုဟာ ကျမတို့အတွက် အများကြီး အ‌ရေးကြီးပါတယ်”ဟု ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောဆိုသည်။

လက်ရှိ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးကိစ္စမှာ အချို့က ဗမာ၊ ဗမာ ချင်းဖြစ်သည့် ပြဿနာဟု ‌ပြောဆို‌နေမှု များရှိ‌ကြောင်း၊ ယင်းနှင့်ပတ်သက်၍ ရှင်းပြလိုသည်မှာ NLD အ‌နေဖြင့် ဖက်ဒရယ်ပုံစံကို နှစ်‌ပေါင်း ၂ဝ ‌ကျော် ကတည်းက လက်ခံထားပြီဖြစ်‌ကြောင်း၊ ဖက်ဒရယ်သည် စစ်မှန်သည့် ပြည်‌ထောင်စုစနစ်သာဖြစ်‌ကြောင်းနှင့် သူမအ‌နေဖြင့် စစ်မှန်သည့် ဒီမိုက‌ရေစီစနစ် ဖြစ်ကိုဖြစ်ရမည်ဟူသည့်မူကို ချမှတ်ထား‌ကြောင်းလည်း ‌ဒေါ်‌အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ လူထု တစ်‌သောင်းဝန်းကျင် တတ်‌ရောက်ခဲ့ပြီး ရှင်းလင်းပွဲအပြီးတွင် ဖွဲ့စည်းပုံပြင်ဆင်‌ရေးနှင့် အသစ်‌ရေးဆွဲ‌ရေးတို့အတွက် တတ်‌ရောက်လာသူများ၏ သ‌ဘောထားရယူရာတွင် အများစုက ပြင်ဆင်‌ရေးအတွက် ‌ထောက်ခံခဲ့ကြ‌ကြောင်း သိရသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်ကို ‌စောင့်‌နေကြသည့် ဖားအံလူထုများ မြင်ကွင်း
‌ဒေါ်‌အောင်ဆန်းစုကြည်ကို ‌စောင့်‌နေကြသည့် ဖားအံလူထုများ မြင်ကွင်း

ထို့အပြင် ရှင်းလင်းပွဲတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပြင်ဆင်ခြင်းဖြင့် နိုင်ငံတွင် လိုအပ် ‌နေသည့် အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေးများ တိုးတတ်နိုင်မည်ဖြစ်‌ကြောင်း၊ ယင်းကိစ္စ မ‌အောင်မြင်ပါက နိုင်ငံတိုးတတ်‌ရေး ခက်ခဲလိမ့်မည်ဖြစ်‌ကြောင်း တက်‌ရောက်လာသည့် လူထုများအား ‌ပြောကြားသွားခဲ့သည်။

ရှင်းလင်းပွဲအခမ်းအနား တက်‌ရောက်သည့် လူငယ်တစ်ဦးဖြစ်သူ နန်း‌စေ‌စော‌ဖောင်က “‌ဒေါ်‌အောင်ဆန်းစုကြည့် အ‌နေနဲ့ ဖွဲ့စည်းပုံပြင်ဖို့ တိုင်းရင်းသား‌တွေရဲ့ ‌ထောက်ခံမှုကို ရ‌စေချင်ရင် တိုင်းရင်းသားတန်းတူအခွင့်အ‌ရေးကို အာမခံဖို့ လိုတယ်။ ဒီခရီးစဉ်ဟာ ကရင်လူထု‌တွေအတွက် ဘယ်‌လောက်အကျိုးရှိမယ်ဆိုတာ မသိနိုင်‌သေးဘူး။ ဘာပဲဖြစ်ဖြစ် အခုလို ‌ဒေါ်စု လာ‌ရောက်တာ ကျမတို့ ဝမ်းသာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် ၂၀၁ဝခုနှစ်၊ နိုဝင်ဘာလက ‌နေအိမ်အကျယ်ချုပ်မှ လွှတ်‌မြောက်ပြီး‌နောက် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးကိစ္စ ရှင်းလင်းရန် ပထမဆုံးအကြိမ်အဖြစ် ကရင်ပြည်နယ်သို့ ယခုနှစ် ဇန်နဝါရီ ၁၈ မှ ၁၉ ရက်‌နေ့အထိ လာ‌ရောက်ခဲ့ပြီး ခရီးစဉ်တွင် ဖားအံမြို့အပြင် လှိုင်းဘွဲ့မြို့နယ်သို့လည်း လူထုရှင်းလင်းပွဲများ သွား‌ရောက်ကျင်းပခဲ့သည်။

ထို့အပြင် ခရီးစဉ်အတွင်း၌ ပြည်နယ်အတွင်းရှိ မြို့နယ်၊ ခရိုင် NLD ပါတီ စည်းရုံး‌ရေးမှူးများနှင့်လည်း အစည်းအ‌ဝေး ကျင်းပခဲ့‌ကြောင်း သိရသည်။