Home သတင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးကိစ္စ အကြိတ်အနယ် ‌ဆွေး‌နွေးဆဲ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးကိစ္စ အကြိတ်အနယ် ‌ဆွေး‌နွေးဆဲ

1183

SSPP အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ခွန်စိုင်း အဖွင့်အမှာစကား ‌ပြောကြား‌နေစဉ်

ဇန်နဝါရီ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံ မြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာနယ်‌မြေ ‌လော်ခီးလာ (‌လေးဝါး)‌နေရာ၌ ယ‌နေ့ တတိယ‌နေ့အဖြစ် ကျင်းပ‌နေသည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ ကွန်ဖရင့်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးကိစ္စနှင့် ပတ်သက်၍ ဆက်လက်‌ဆွေး‌နွေး‌နေဆဲဖြစ်သည်ဟု သိရသည်။

“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးကိစ္စ လက်မှတ်ထိုးဖို့၊ မထိုးဖို့ ကျ‌နော်တို့ ဆက်လက်‌ဆွေး‌နွေးဆဲပါ။ ဘယ်လိုအ‌ဖြေထွက်လာမလဲဆိုတာက‌တော့ အစည်းအ‌ဝေးပြီးမှ သိရလိမ့်မယ်”ဟု KNU တွဲဘက်အတွင်း ‌ရေးမှူး(၁) ပဒို ‌စော‌သောသီဘွဲက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၈)ဖွဲ့ တက်‌ရောက်သည့် ၎င်းကွန်ဖရင့်၌ ယ‌နေ့ အစည်းအ‌ဝေးအစီအစဉ် အရ သဘာပတိအဖြစ် SSPP အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ခွန်းစိုင်း၊ အရံသဘာပတိ(၁) UNLD-LA ဥက္ကဌ ခွန်းမာဂ်ကိုဘန်၊ အရံသဘာပတိ(၂) ANC နယက ဦးခင်‌မောင်ကြည်တို့က တာဝန်ယူခဲ့ကြသည်။

ယ‌နေ့ သဘာပတိအဖြစ် တာဝန်ယူ‌နေသည့် SSPP အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ခွန်စိုင်းက ယခု ကွန်ဖရင့်မှ ရလဒ်‌ကောင်းများ ရယူနိုင်ကြလိမ့်မည်ဟု ‌မျှော်လင့်‌ကြောင်းနှင့် ‌ရှေ့ဆက်ပြီး တိုင်းရင်းသား ‌တော်လှန်‌ရေးအဖွဲ့များအ‌နေဖြင့် စည်းလုံးညီညွှတ်မှု တည်‌ဆောက်သည့်အခါ မူအ‌ပေါ် ရပ်တည်၍ စည်းလုံး ညီညွှတ်ကြရန် အဖွင့်အမှာစကား ‌ပြောကြားခဲ့သည်။
???????????????????????????????

ဗိုလ်မှူးကြီး ခွန်စိုင်းက “ကျ‌နော်တို့‌တွေဟာ ဘဝတူ‌တွေ ဖြစ်ပါတယ်။ ကျ‌နော်တို့ တိုင်းရင်းသားအဖွဲ့‌တွေ အစိုးရနဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု‌တွေကို ‌အောင်မြင်ချင်ရင် မူရှိတဲ့ စည်းလုံးညီညွှတ်မှုရှိမှ ဖြစ်မယ်။ အဲဒါမှ ကျ‌နော်တို့‌တွေ အင်အားဖြစ်မယ်။ မူမရှိတဲ့၊ ဟန်‌ဆောင်တဲ့ စည်းလုံးညီညွှတ်မှုဟာ မခံပါဘူး”ဟု ‌ပြောဆိုသည်။

ထို့အပြင် ယ‌နေ့ အစည်းအ‌ဝေး အစီအစဉ်၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (မူကြမ်း)အ‌ပေါ် သက်ဆိုင်ရာအဖွဲ့အလိုက် အချိန်ယူ ‌ဆွေး‌နွေးညှိနှိုင်းခြင်း အပါအဝင် NCA မူးကြမ်းနှင့် ပတ်သက်၍ လိုအပ်‌သော အ‌ကြောင်းအရာများကို NCCT မှ ရှင်းလင်းတင်ပြခြင်း၊ တစ်ဖွဲ့ချင်းစီ၏ ‌ဆွေး‌နွေး ချက်များအား တင်ပြခြင်းနှင့် တစ်ဖွဲ့ချင်းစီ၏ တင်ပြချက်များအား ကွန်ဖရင့်မှ စုစည်းခြင်းတို့ကို ‌ဆွေး‌နွေးသွား မည်ဖြစ်သည်။

တဆက်တည်းမှာပင် ယမန်‌နေ့ ဒုတိယ‌နေ့၌ ကွန်ဖရင့်တက်‌ရောက်‌နေကြသည့် တိုင်းရင်းသား‌ခေါင်း‌ဆောင် ကိုယ်စားလှယ်များသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအမည်ကို တိုင်းရင်းသား‌တော်လှန်‌ရေး အဖွဲ့အစည်းအဖြစ် ‌ပြောင်းလဲ‌ခေါ်‌ဝေါ်သွားရန် သ‌ဘောတူညီခဲ့ကြသည်။

ယခု ဒုတိယအကြိမ် ကွန်ဖရင့်ကို မူလက သုံးရက်ကြာ ပြုလုပ်ကျင်းပသွားမည်ဟု KNU ဘက်မှ စီစဉ်ထား ‌သော်လည်း ‌ဆွေး‌နွေးချက် မပြီးပြတ်‌သေးဘဲ မနက်ဖြန် ဇန်နဝါရီ ၂၃ရက်‌နေ့အထိ ဆက်လက်‌ဆွေး‌နွေးရ ဖွယ်ရှိ‌ကြောင်း သိရသည်။

KNU ထိန်းချုပ်ရာနယ်‌မြေ ‌လော်ခီးလာ၌ ကျင်းပသည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ‌တော် လှန်‌ရေးအဖွဲ့များ၏ ကွန်ဖရင့်သည် ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာ ၃ဝ မှ နိုဝင်ဘာ ၂ရက်‌နေ့အထိ ရရှိခဲ့သည့် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(မူကြမ်း)ကို ပြန်လည်‌ဆွေး‌နွေးခြင်းဖြစ်ပြီး လိုအပ်ပါက ပြင်ဆင်ဖြည့်စွက်သွားမည်ဟုလည်း သိရသည်။