Home သတင်း စည်းလုံးညီညွှတ်‌ရေး ပြန်လုပ်‌ဆောင်ရန်လိုဟု ‌တော်လှန်‌ရေး‌နေ့၌ ‌ကေအဲန်ယူ ‌ပြောဆို

စည်းလုံးညီညွှတ်‌ရေး ပြန်လုပ်‌ဆောင်ရန်လိုဟု ‌တော်လှန်‌ရေး‌နေ့၌ ‌ကေအဲန်ယူ ‌ပြောဆို

1626

ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ယ‌နေ့ကျ‌ရောက်‌သော ၆၅နှစ်‌မြောက် ကရင်အမျိုးသား ‌တော်လှန်‌ရေး‌နေ့ကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မ ဟာ(၇)ဌာနချုပ်၌ ကျင်းပခဲ့သည့် အခမ်းအနားတွင် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ကရင်အမျိုးသားများ စည်းလုံးညီညွှတ်‌ရေးအတွက် ပြန်လည်လုပ်‌ဆောင်ရန် လိုအပ်‌ကြောင်း ‌ပြောဆိုလိုက်သည်။

“စည်းလုံးညီညွှတ်မှုဟာ ကျ‌နော်တို့ ပြန်ပြီး‌တော့ လုပ်‌ဆောင်ဖို့လိုတယ်။ ကျ‌နော်တို့ ရည်ရွယ်၊ ကြိုးစားလုပ်‌ဆောင်လာခဲ့တာပဲ။ ဘီဂျီအက်ဖ်ဟာလည်း ‌ပြောရမယ်ဆို တချိန်တုန်းက ကျ‌နော်တို့ ‌ကေအဲန်ယူရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီ‌ကေဘီ‌အေလည်း အဲလို ပါပဲ။ ဒါ‌ကြောင့်မို့ ကျ‌နော်တို့ဟာ လက်နက်ကိုင်အဖွဲ့အစည်း‌တွေ အကုန်လုံး ပြန်ပြီး‌တော့ နားလည်မှုရှိရှိနဲ့ ကျ‌နော်တို့ အမျိုးသား အကျိုးနဲ့ နိုင်ငံအတွက်‌တော့ လုပ်‌ဆောင်သွားရမှာပဲ”ဟု ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

အဆိုပါ အခမ်းအနားကို မနက် ၇နာရီတွင် စစ်‌ရေးချီတက်ခြင်း အစီအစဉ်ဖြင့် စတင်ခဲ့ကြပြီး ‌ကေအဲန်ယူ ဥက္ကဌနှင့် အရပ်ဖက်၊ တပ်ဖက်ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၊ နယ်ခြား‌စောင့်တပ်မှ တပ်မှူးတပ်သားအချို့ အပါအဝင် လူထုပရိဿတ် သုံး‌ထောင်နီးပါး လာ‌ရောက်ဆင်နွဲခဲ့ကြပြီး ကရင်အမျိုးသမီးအစည်းအရုံး၊ ကရင်လူငယ်အစည်းအရုံးတို့ အပြင် ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ၊ ရခိုင်အမျိုးသား‌ကောင်စီတို့မှ သဝဏ်လွှာများ ‌ပေးပို့ခဲ့ကြသည်။

ထို‌နေ့ကို ဂုဏ်ပြုသည့်အ‌နေဖြင့် နာမည်ကြီးကရင်အဆို‌တော် ကဗျာဘွဲ့မှူးကလည်း ‌တော်လှန်‌ရေး‌နေ့ စတိတ်ရှိုးပွဲ၌ ဇန်နဝါရီ ၃ဝ ရက်‌နေ့ညက လာ‌ရောက်သီဆို‌ပေးခဲ့သကဲ့သို့ နယ်ခြား‌စောင့်တပ်(၁၀၁၅)တပ်ရင်း၏ ဇာတ်အဖွဲ့တစ်ဖွဲ့ကလည်း ဇန်နဝါရီလ ၂၉ ရက်မှစ၍ သုံးညတိုင် လာ‌ရောက်ကပြခဲ့သည့်အပြင် ‌တော်လှန်‌ရေး‌နေ့ အခမ်းအနားအပြီး၌ ဒုံးအကများဖြင့် ‌ဖျော်‌ဖြေခဲ့ကြသည်။
DSC01760

BGF (၁၀၁၅)တပ်ရင်းမှူး ဗိုလ်မှူး‌စောဝင်းနိုင်စိန်က “ကိုယ့်လူထုအတွက်၊ ကိုယ့်လူမျိုးအတွက် သင့်မြတ်ညီညွှတ်ဖို့ကို ကျ‌နော်တို့ လည်း ခံယူထားပါတယ်။ ကျ‌နော်တို့ မိခင်အဖွဲ့အစည်းက ‌ကေအဲန်ယူပဲ။ အရင်က ကျ‌နော်တို့‌တွေဟာ ‌သွေးခွဲခံရတယ်။ ကရင် အချင်းချင်း ဖြစ်‌ပေမဲ့ မျက်နှာမကြည့်နိုင်ကြဘူး။ အခု အတူတကွ ရှိ‌နေကြတယ်‌လေ။ ‌တော်လှန်‌ရေး‌နေ့ပွဲကို လာရတာ စိတ်ရွှင် လန်းတယ်။ တချိန်မှာ ကျ‌နော်တို့ကရင်‌တွေအားလုံး ညီညွှတ်ဖို့ မျှတဖို့ကို ကျ‌နော် ရည်စူးပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အခမ်းအနား အစီအစဉ်‌နောက်ဆုံးတွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော ‌ဂျော်နီ အပါအဝင် တက်‌ရောက်လာသူ ကရင်လက်နက်ကိုင်‌ခေါင်း‌ဆောင်များက ကရင်အမျိုးသားအလံကို တစ်ပြိုင်နက်တည်း အ‌လေးပြုခဲ့ကြသည်။

အလားတူ ‌ကေအဲန်ယူ ဖာပွန်ခရိုင်ရှိ ‌ဒေးပူနိုနယ်‌မြေ၌လည်း ‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကို ကျင်းပရာ အနီးတဝိုက်ရှိ ကရင် ‌ကျေးရွာများမှ ကရင်လူထု ၅၀၀ဝနီးပါးတက်‌ရောက်ခဲ့ကြပြီး ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်နှင့် KNLA ဒုတိယ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်‌စော‌ဘော‌ကျော်ဟဲတို့ ပါဝင်ခဲ့သည်ဟု သိရသည်။

‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က “ကရင့်‌တော်လှန်‌ရေးရာ ၆၅နှစ်ကြာသွားပြီး ဒါ‌ပေမယ့် ကျမတို့ လိုလားတဲ့ ပန်းတိုင်ကို မ‌ရောက်‌သေးဘူး။ ၁၉၄၉ရဲ့ စိတ်ကို မ‌မေ့ကြပါနဲ့။ ကျမတို့‌တော်လှန်‌ရေးဟာ မပြီးဆုံး‌သေးဘူး။ လုပ်‌ဆောင်တိုက်ပွဲဝင်ဆဲကာလ ဖြစ်တယ်။ အဲဒါ‌ကြောင့် ကျမတို့‌တွေ အားလုံး ဆက်လက်လုပ်‌ဆောင်သွားရမယ်”ဟု ဖာပွန်ခရိုင် ‌တော်လှန်‌ရေး‌နေ့ အခမ်း အနားတွင် မိန့်ခွန်း‌ပြောကြားခဲ့သည်။

တပ်မဟာ(၇)တွင် ကျင်းပသည့် ၆၅နှစ်‌မြောက် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့၏ စစ်‌ရေးပြ အစီအစဉ်၌ ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ) တပ်ဖွဲ့ဝင်များလည်း ပူးတွဲပါဝင်မည်ဟု သိရှိခဲ့ရ‌သော်လည်း ‌လေ့ကျင့်ပြင်ဆင်ချိန် မ‌လောက်ငှမှု ‌ကြောင့် လုပ်‌ဆောင်နိုင်ခဲ့ခြင်း မရှိ‌ကြောင်း ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီက ‌ပြောဆိုသည်။ သို့‌သော် ခွဲထွက် ကရင်လက်နက်ကိုင် အဖွဲ့များအ‌နေဖြင့် မိမိတို့၏ ယူနီ‌ဖောင်း၊ လက်နက်အပြည့်အစုံဖြင့် တက်‌ရောက်ခွင့်ရှိ‌ကြောင်း သိရသည်။