Home သတင်း ကရင်ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် ‌စောရှားထွန့်‌ဖောင် ဈာပနပြီးစီး

ကရင်ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် ‌စောရှားထွန့်‌ဖောင် ဈာပနပြီးစီး

1579

ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ်ဖြစ်သူ လက်ရှိ ကရင်ဒီမိုကရက် တစ်ပါတီ ဥက္ကဌ ‌စောရှားထွန့်‌ဖောင်သည် ဇန်နဝါရီလ ၁၁ရက်‌နေ့ည‌နေက ‌နေအိမ်တွင် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ ဈာပနအစီ အစဉ်ကို ဇန်နဝါရီ ၁၂ရက်‌နေ့က ပြုလုပ်ပြီးစီးသွားပြီဖြစ်သည်။

“သူ ရိုးတွင်းချဉ်ဆီ အားနည်း‌ရောဂါဖြစ်တာ တနှစ်‌ကျော်ရှိ‌နေပြီး။ ဘားအံ‌ဆေးရုံနဲ့ ရန်ကုန်‌ဆေးရုံမှာ ‌ဆေးကုသမှု‌တွေ ခံယူ တယ်။ စဖြစ်တုန်းက သူ့ကျန်းမာ‌ရေးကို သူ ဂရုမစိုက်လို့ အစားအစာကို မ‌ရှောင်တဲ့အတွက် အစားမှား‌တော့ ဝမ်း‌လျောပြီး ကွယ်လွန်သွားတာပါ”ဟု ၎င်း၏ဇနီး နန်း‌အေး‌အေးနွယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောရှားထွန့်‌ဖောင်သည် ကွယ်လွန်ချိန်တွင် အသက် ၃၉နှစ်အရွယ်သာ ရှိ‌သေးသည့်အ တွက် ၎င်း၏ KDP ပါတီအ‌နေဖြင့်‌သော်လည်း‌ကောင်း၊ နိုင်ငံ‌ရေး လုပ်‌ဖော်ကိုင်ဖက်တစ်ဦးအ‌နေဖြင့်လည်း‌ကောင်း စိတ်မ‌ကောင်း ဖြစ်မိ‌ကြောင်း ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှ ‌စောမင်း‌အောင်လင်းက မှတ်ချက်ပြု ‌ပြောဆိုသည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက “ပထမက‌တော့ သူက ဖလုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီကပဲ။ ‌နောက် ‌တော့ သူတို့‌ရွေး‌ကောက်ပွဲအပြီး တနှစ်‌လောက်မှာ ခွဲထွက်သွားပြီး ပါတီအသစ်‌ထောင်သွားတာ ဖြစ်တယ်”ဟု ‌ပြောဆိုသည်။

ကွယ်လွန်သူ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောရှားထွန့်‌ဖောင်သည် ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြု လှိုင်းဘွဲမြို ့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်အဖြစ် ‌ရွေး‌ကောက်ခံခဲ့ရသည်။

၎င်း‌နောက် ယင်းပါတီမှ ခွဲထွက်ကာ ကရင်ဒီမိုကရက်တစ်ပါတီတွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့် သား နှစ်ဦး ကျန်ရစ်ခဲ့သည်။