Home သတင်း ကရင်‌ကျောင်းသားကွန်ယက်အဖွဲ့ ညီလာခံ ပြည်တွင်း၌ ပထမဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့

ကရင်‌ကျောင်းသားကွန်ယက်အဖွဲ့ ညီလာခံ ပြည်တွင်း၌ ပထမဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့

1871

ဇန်နဝါရီ ၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

အပစ်အခတ် ရပ်စဲ‌ရေးကာလ ကရင်ပြည်နယ်အတွင်း သွားလာမှုများ အနည်းငယ် လွတ်လပ်လာသည့်အ‌ပေါ် ထိုင်း-မြန်မာနယ် စပ်အ‌ခြေစိုက် ကရင်‌ကျောင်းသားကွန်ယက်အဖွဲ့(KSNG)၏ (၂)နှစ်တစ်ကြိမ် ညီလာခံကို ကရင်ပြည်နယ်၊ ပိုင်ကျုြံမို့နယ် ထီးက ‌ဟော‌ကျေးရွာ၌ ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၂ရက်မှ ၄ရက်‌နေ့အထိ ပြုလုပ်ကျင်းပခဲ့သည်။

KSNG ဥက္ကဌအသစ် ‌နော်ပရီဆဲလာ‌တောက “အခုက ကျမတို့ (မြန်မာ)ပြည်တွင်းမှာ သွားလာရတာ နည်းနည်း အဆင်‌ပြေလာ ပြီဆို‌တော့ ကရင်‌ဒေသမှာ တစ်ခါမှ မလုပ်ဖူး‌သေးတဲ့ ဒီညီလာခံကို သွားလုပ်ဖြစ်သွားတဲ့သ‌ဘောပါ။ အခုလို သွားလုပ်‌တော့ ‌တွေ့ သွားတဲ့ လူငယ်နဲ့ ‌ဒေသခံလူကြီး‌တွေ ကျမတို့ကို အ‌တော်‌လေး အား‌ပေးတာ‌တွေ့ရတယ်”ဟု ဆိုသည်။

သုံးရက်ကြာ ကျင်းပခဲ့သည့် ၎င်းညီလာခံတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများမှ KSNG အဖွဲ့ဝင် ကိုယ်စားလှယ် များ၊ ယခင် KSNG အဖွဲ့ဝင်‌ဟောင်းများနှင့် အကြံ‌ပေးပုဂ္ဂိုလ်များ စုစု‌ပေါင်း ၁၀ဝခန့် တက်‌ရောက်ခဲ့ကြပြီး ညီလာခံကာလအတွင်း KSNG နှစ်ကုန်အစည်းအ‌ဝေးနှင့် ‌ကော်မတီအသစ် ပြန်လည်‌ရွေး‌ကောက်တင်‌မြှောက်ခြင်းကို ပြုလုပ်ခဲ့ကြသည်။

ယခုနှစ် ညီလာခံ၌ KSNG ဥက္ကဌအဖြစ် ‌နော်ပရီဆဲလာ‌တော၊ ဒုဥက္ကဌ ‌စောဆာ့က‌ဆော၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးအဖြစ် ‌စော ‌လေးပွယ်၊ တွဲဘက်အတွင်း‌ရေးမှူးအဖြစ် ‌နော်ဗစ်တိုးရီးယား‌ဘောနှင့် ဘဏ္ဍာ‌ရေးမှူး ‌စောခယ် အပါအဝင် KSNG ၏ အဓိကဌာန သုံးခုဖြစ်‌သော ရုံး၊ ပညာ‌ရေးနှင့် မီဒီယာဌာနမှူးတို့ကို ‌ရွေးချယ်တင်‌မြှောက်ခဲ့ကြသည်။

မီဒီယာဌာနမှူးအဖြစ် ‌ရွေး‌ကောက်ခံရသူ ‌စော‌လောဒူးက “ဒီတစ်ကြိမ် ‌ရွေးချယ်တင်‌မြှောက်ပွဲက အရင် လုပ်ရိုးလုပ်စဉ်အတိုင်းပါ ပဲ။ အ‌ရွေးခံရတဲ့သူအားလုံးက မဲ‌ပေးလို့ တက်လာတဲ့သူ‌တွေ‌ပေါ့။ ထူးခြားတာက ပြည်တွင်းမှာသွားလုပ်တာ‌ပေါ့‌နော်။ လုပ်ငန်းနဲ့ ပတ်သက်လို့က‌တော့ KSNG ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း ကျ‌နော်တို့ ‌ဆောင်ရွက်သွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း KSNG သည် ၂၀၁၃ခုနှစ်က ပြည်တွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေ သထုံ၊ ‌ညောင်‌လေးပင်နှင့် ဖာပွန်ခရိုင်များ၌ စိုက်ပျိုး‌ရေး၊ ဖ‌ယောင်းတိုင်နှင့် ဆပ်ပြာချက်လုပ်နည်း စသည့် အသက်‌မွေးဝမ်း‌ကျောင်းဆိုင်ရာ အတတ်ပညာ များကို ‌ကျောင်းသား‌ကျောင်းသူများအား ရက်တိုသင်တန်းများ ပို့ချ‌ပေးခဲ့ပြီး ယခုနှစ်အတွင်း ထိုခရိုင်များသို့ ထပ်မံ သွား‌ရောက် ရန်ရှိ‌သေး‌ကြောင်း သိရသည်။

ထို့အပြင် ယခင်က မသွားဖူး‌သေး‌သော KNU ဘိတ်/ထားဝယ်ခရိုင်ရှိ ‌ဒေသအချို့ရှိ ကရင်‌ကျောင်းသား‌ကျောင်းသူများကို ချစ်ကြည်‌ရေးအဖြစ် ယခု ၂၀၁၄ခုနှစ်အတွင်း ‌တွေ့ဆုံသွားရန်ရှိသည်ဟု ‌နော်ပရီဆဲလာ‌တောက ဖြည့်စွက်‌ပြောဆိုသည်။ ထို့အ ပြင် လာမည့် KSNG ညီလာခံကို ကရင်ပြည်နယ်အတွင်း၌ပင် ‌ဆောင်ရွက်သွားရန် လျာထားသကဲ့သို့ အဖွဲ့‌ရှေ့လုပ်ငန်းကိုလည်း ပြည်တွင်းကရင်‌ဒေသ၌ပင် ကျယ်ပြန့်‌အောင် တိုးချဲ့‌ဆောင်ရွက်သွားမည်ဟုလည်း သူမက ဆက်လက်‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများနှင့် ပြည်တွင်းပြည်ပရှိ ကရင်‌ကျောင်းသူ‌ကျောင်းသားများ အချင်းချင်း ဆက်သွယ်ကာ အ‌တွေ့အကြုံ၊ ဗဟုသုတများ ‌ဝေငှကြရန် ရည်ရွယ်၍ KSNG ကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ ၆ရက်‌နေ့၌ မယ်လဒုက္ခသည်စခန်းတွင် စတင် ဖွဲ့စည်းခဲ့ပြီး ၎င်းတို့၏‌ရွေး‌ကောက်ပွဲများကို ယခင်နှစ်များက ဒုက္ခသည်စခန်းများ၌သာ အလှည့်ကျ ပြုလုပ်‌လေ့ရှိခဲ့သည်။