Home သတင်း အသိမ်းခံ‌မြေယာ ဧက ၃‌ထောင်‌ကျော်အတွက် နစ်နာမှုရရှိရန် ‌ဒေသခံများ ‌တောင်းဆို

အသိမ်းခံ‌မြေယာ ဧက ၃‌ထောင်‌ကျော်အတွက် နစ်နာမှုရရှိရန် ‌ဒေသခံများ ‌တောင်းဆို

1872

ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‌ရေဘုတ်တမံ(‌ရေ‌လှောင်ဆည်)တည်‌ဆောက်ခြင်း‌ကြောင့် အသိမ်းခံထားရ‌သော လယ်‌မြေဧက ၃‌ထောင်‌ကျော် အတွက် အစားထိုး‌မြေ သို့မဟုတ် နစ်နာ‌ကြေးများ‌ပေးရန် လယ်‌မြေသိမ်းခံရသူ ‌ဒေသခံလယ်သမားများက ‌တောင်းဆို‌နေကြသည်။

လှိုင်းဘွဲမြို့နယ် ထီလုံရွာနှင့် ‌ရေပူရွာတို့မှ ‌ဒေသခံ ၁၀၀‌ကျော်တို့က ကရင်ပြည်နယ်၊ ပြည်သူ့လွှတ်‌တော်အမတ်နန်း‌စေအွာနှင့် ဖားအံမြို့နယ် ‌နောင်ကမြိုင်စံပြ‌ကျေးရွာတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးကာ အသိမ်းခံရသည့် လယ်ယာ‌မြေများကို အစားထိုးမှု ရရှိ‌ရေးနှင့် ပတ်သက်၍ လွှတ်‌တော်သို့ တင်ပြ‌ပေးရန် ဒီဇင်ဘာ ၁၉ရက်‌နေ့တွင် ‌တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

‌တွေ့ဆုံပွဲတွင် ပါဝင်ခဲ့‌သော လယ်ယာ‌မြေသိမ်းဆည်းခံရသူတစ်ဦးဖြစ်သည့် ဦးမြင့်‌အောင် “ကျ‌နော်တို့ လယ်သမား‌တွေ အစား ထိုး‌မြေ ရမလား၊ နစ်နာ‌ကြေးပဲ ရမလား ‌စောင့်လာခဲ့တာ ကြာပြီ။ အခု မထူးခြားတဲ့အတွက် နန်း‌စေးအွာက‌နေတဆင့် တင်ပြ‌ပေး ဖို့ ‌တောင်းဆိုတာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အသိမ်းခံရသည့် လယ်ယာ‌မြေများကို သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များက စီးပွား‌ရေး လုပ်ငန်းရှင်များအား ပြန် လည်‌ရောင်းစားမှုများရှိ‌နေပြီး ယင်းကိစ္စကို လွှတ်‌တော်အတွင်းသို့ တင်ပြရန်လည်း ၎င်း‌တွေ့ဆုံပွဲတွင် တက်‌ရောက်ခဲ့သည့် ၈၈ ‌ကျောင်းသားပြည်‌ထောင်စု အမျိုးသားနိုင်ငံ‌ရေး အဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေးအွာကို တိုက်တွန်းခဲ့ ‌ကြောင်းလည်း သိရသည်။

???????????????????????????????
လယ်သမားများကို လိုက်လံကူညီ‌ပေး‌နေသည့် အဆိုပါ ၈၈ ‌ကျောင်းသား ပြည်‌ထောင်စုအမျိုးသားနိုင်ငံ‌ရေး အဖွဲ့ချုပ်ပါတီဝင်ဖြစ် သူ ဦး‌ဇော်ထိုက်က “သမ္မတဦးသိန်းစိန်က ဘယ်ဌာနကဖြစ်ဖြစ် အဓမ္မသိမ်းဆည်းခံရတဲ့ ‌မြေ‌တွေကို ဥပ‌ဒေနှင့်အညီ ပြန်လည် ‌ပေးခိုင်းတာ ရှိတယ်။ ဒါ‌ကြောင့် ‌ဒေသခံ‌တွေ ရသင့်ရထိုက်တာ‌တွေကို ရဖို့ ကျ‌နော်တို့ အခုလို လိုက်လံ‌ဆောင်ရွက်‌နေတာပါ။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တွေ့ဆုံပွဲတွင် နန်း‌စေးအွာကလည်း ‌ရေဘုတ်တမံ တည်‌ဆောက်မှုတွင် ထိခိုက်ဆုံးရှုံးခဲ့ရသည့် လယ်‌မြေများ ရှိ မရှိ၊ ကွင်းဆင်း စစ်‌ဆေးပြီး ‌ဒေသခံများ၏ ပိုင်ဆိုင်မှု အ‌ထောက်အထားများ ‌တွေ့ရှိပါက ဥပ‌ဒေ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်‌ဆောင်‌ပေးသွား မည်ဖြစ်သလို ဆည်‌မြောင်းဌာနနှင့် ‌မြေစာရင်းဌာနတို့မှ တာဝန်ရှိသူများနှင့် ‌တွေ့ဆုံ၍ လယ်သမားများအတွက် မည်သို့‌ဆောင် ရွက်‌ပေးသွားရမည်ကို သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်မှူးများမှတဆင့် ‌ဆောင်ရွက်‌ပေးသွားရမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၅ခုနှစ်က ထီလုံ‌ရေဘုတ်တမံတည်‌ဆောက်ရန်အတွက် ကရင်ပြည်နယ် ဆည်‌မြောင်းဝန်ကြီးဌာနက အဆိုပါ ‌ဒေသရှိ ရွာသူရွာသားများ၏ လယ်ယာ‌မြေများကို သိမ်းယူကာ အစားထိုး‌မြေများ ပြန်‌ပေးမည်ဟု ကတိ‌ပေးထား‌သော်လည်း ဆည်တည်‌ဆောက်ပြီးသည့် ၂၀၀၆ခုနှစ်အထိ အစားထိုး‌မြေမ‌ပေးသကဲ့သို့ နစ်နာ‌ကြေးများလည်း တစုံတရာ မ‌ပေးဘဲ ရှိခဲ့သည်။

ထို‌ဒေသရှိ လယ်ယာ‌မြေများ အသိမ်းခံရ‌သော လယ်သမားများသည် စပါးစိုက်ပျိုးရန် အစားထိုး လယ်‌မြေမရှိ‌သော‌ကြောင့် စားဝတ်‌နေ‌ရေး အခက်ကြုံရသလို သားသမီးများ ‌ကျောင်းတက်ရန် ‌ထောက်ပံ့‌ပေးနိုင်မှု ‌လျော့နည်းလာကာ ပညာ‌ရေးထိခိုက်ရ သည်ဟုလည်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ဦးမြင့်‌အောင်က “ကျ‌နော်ငယ်ငယ်တုန်းက မိဘ‌တွေ ဒီလယ်‌မြေ‌တွေနဲ့ပဲ လုပ်‌ကျွေး‌ပေးတယ်‌လေ။ လယ်‌မြေအသိမ်းခံရပြီး ‌နောက် သားသမီး‌တွေလည်း ‌ကျောင်းထွက်ရတဲ့သူနဲ့၊ ထိုင်းမှာ အလုပ်သွားလုပ်ရတဲ့သူနဲ့ စုံ‌နေတာပဲ‌ပေါ့။”ဟု ဆက်လက် ‌ပြော ဆိုသည်။

ထီလုံ‌ရေဘုတ်တမံ တည်‌ဆောက်ခြင်း‌ကြောင့် အသိမ်းခံထားရ‌သော လယ်‌မြေဧက သုံး‌ထောင်‌ကျော်အတွက် ‌မြေအစားထိုးရရှိ ရန် သို့မဟုတ် နစ်နာ‌ကြေးများရရှိရန် လယ်‌မြေအသိမ်းခံရသည့် လယ်သမားများ စု‌ပေါင်း၍ ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေး အွာနှင့် ၈၈‌ကျောင်းသားပြည်‌ထောင်စု အမျိုးသားနိုင်ငံ‌ရေး အဖွဲ့ချုပ်ပါတီတို့ကို ယခုလို ‌တွေ့ဆုံ‌ဆွေး‌နွေးသည်မှာ ပထမဆုံးအ ကြိမ်ဖြစ်သည်။