Home လူငယ့်အသံ လူငယ့်အမြင် လူငယ်စကားလက်‌ဆောင်

လူငယ်စကားလက်‌ဆောင်

2048

‌စော‌စေးသီထူး ၂ဝနှစ်

ဝါသနာ နိုင်ငံ‌ရေး၊ ဂီတ
ပညာအရည်အချင်း ဆယ်တန်း

ကျ‌နော်က‌တော့ ကရင်ပြည်နယ်၊ ‌တောင်ငူခရိုင် ‌ဘောဂလိကြီး ‌ကျေးရွာဇာတိပါ။ အ‌ဖေ ‌စောဒါးဒါးနဲ့ အ‌မေက ‌နော်ဖါ့လိုဖြစ်ပါ တယ်၊။ ‌မောင်နှမ‌လေး‌ယောက်မှာ ကျ‌နော်က အငယ်ဆုံးပါ။ ကျ‌နော်တို့က‌တော့ ဓညင်းသီး၊ ကွမ်းသီး၊ မင်းကွတ်နဲ့ ဖာလာ စတဲ့ ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထားပြီး အသက်‌မွေးဝမ်း‌ကြောင်း လုပ်ကြပါတယ်။

မှုလတန်းကို‌တော့ ရွာမှာရှိတဲ့ မှုလတန်း‌ကျောင်းမှာပဲ ပညာသင်ခဲ့ပါတယ်၊။ ‌နောက်‌တော့ ရွာ‌တွေ ‌ရွှေ့‌ပြောင်းရတာနဲ့ ‌ကျောင်း တနှစ်‌လောက် ‌အောက်သွားတယ်။ အဲဒီမှာ အမှတ်ရစရာ‌တွေက‌တော့ ရွာထဲမှာ အ‌ခြေအ‌နေမ‌ကောင်းဘူးလို့ကြားရင် ကျ‌နော် တို့‌တွေ ရွာနဲ့‌ဝေးတဲ့‌နေရာမှာ စားစရာ‌တွေ၊ အိုးခွက်ပန်းကန်‌တွေကအစ တွင်းတူးပြီး ဝှက်ထားရတယ်။ စစ်တပ်(အစိုးရတပ်)‌တွေ ရွာထဲဝင်လာရင်လည်း ၂ရက်တစ်ခါ၊ ၃ရက်တစ်ခါ အိမ်က‌မွေးထားတဲ့ ကြက်‌တွေကို အလကား သွားသွား‌ပေးရတယ်။ တစ်ခါက ဆို ရွာထဲမှာ ‌ပေါ်တာ‌ခေါ်တာ ‌ယောက်ျား‌လေး‌တွေ ‌ခေါ်မရလို့ဆိုပြီး မိန်းမအ‌ယောက် ၂၀‌ကျော်ကို ‌ပေါ်တာအဖြစ် ဖမ်း‌ခေါ်သွား တယ်။ အဲဒီထဲမှာ ဗိုက်ကြီးသည်တစ်‌ယောက်ပါသွားတယ်။ အဲဒါ‌တော့ မှတ်မှတ်ရရရှိ‌နေတယ်။

‌တောင်ငူ၊ အထက(၄)မှာ ကျ‌နော် ဆယ်တန်းအထိ ပညာသင်ကြားခဲ့တာ ဆယ်တန်း‌ရောက်တဲ့အထိ ကျ‌နော့်မိဘ‌တွေက စက်ဘီး‌လေးတစ်စီးပဲ ဝယ်‌ပေးနိုင်တယ်။ ပညာဆက်သင်ဖို့လည်း အခက်အခဲရှိ၊ စာ‌မေးပွဲလည်း ဆက်မ‌ဖြေချင်‌တော့တာနဲ့ မိသားစု စားဝတ်‌နေ‌ရေးအတွက် ‌ဘောဂလိကြီးနဲ့ ‌တောင်ငူကို မင်းကွတ်သီး၊ ဒူးရင်းသီး ကယ်ရီဆွဲခဲ့ပါတယ်။ ၂၀၁၂ခုနှစ်၊ ဇွန်လ ‌လောက်မှာ ကရင်အမျိုးသားအစည်းအရုံးက‌နေ ၁၈လကြာ ဖွင့်လှစ်တဲ့ မျိုးဆက်သစ်ပြုစုပျိုး‌ထောင်‌ရေးအစီအစဉ် New Generation Program (2012-2013) ကို တက်‌ရောက်ခဲ့ပါတယ်။ အရင်တုန်းက ကျ‌နော်တို့ရွာထဲမှာ စစ်တပ်‌ရော၊ KNU ‌ရော တလှည့်စီ ရှိတဲ့အခါကျ‌တော့ ဘယ်သူ့ကိုမှ အမြင်မကြည်ဘူး။ အစားအ‌သောက်‌တွေ ‌တောင်းတယ်။ လက်နက်အားကိုးနဲ့ အနိုင် ကျင့်တယ်‌ပေါ့။ အဲဒါကိုလည်း သိချင်ပြီး ကိုယ့်ကရင်အတွက် တစ်ခုခု လုပ်‌ပေးချင်တယ်။ ကရင့်‌တော်လှန်‌ရေး သမိုင်း‌ကြောင်း ‌တွေလည်း သိချင်တာ‌ကြောင့် ဒီ‌ကျောင်းကိုတက်ဖြစ်တာပါ။

ဒီ‌ကျောင်းကိုတက်လိုက်ရ‌တော့ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှုဆက်ဆံ‌ရေး၊ အ‌ခြေခံစစ်သင်တန်း၊ ကရင့်သမိုင်း‌တွေ ‌တော်လှန်‌ရေး သမိုင်း‌တွေ မှုဝါဒလမ်းစဉ်‌တွေကို သင်ကြားရပါတယ်။ ကိုယ့်ကရင်‌တော်လှန်‌ရေးရဲ‌ဘော်‌တွေက သူများ‌တွေလို လစာစားပြီး လုပ် ‌နေရတဲ့သူ‌တွေမဟုတ်ဘဲ ကိုယ့်အမျိုးအတွက် လုပ်‌နေကြတာ‌တွေ့ရ‌တော့ ပိုပြီးနားလည်လာတယ်။ ‌ရှေ့ဆက်ပြီးလည်း သင်ယူ စရာ‌တွေ အများကြီးရှိပြီး‌တော့ တတ်စွမ်းသမျှ လုပ်‌ဆောင်သွားဖို့ကို ရည်ရွယ်ထားပါတယ်။ ကျ‌နော်တို့လို ကရင်လူငယ်‌တွေကို ‌ပြောချင်တာက ‌နောင်တစ်ချိန်မှာ ကျ‌နော်တို့လူငယ်‌တွေ အလှည့်ကို ‌ရောက်လာလိမ့်မယ်။ အဲဒီအခါကျရင် မ‌ရှောင်လွှဲဖို့နဲ့ စည်း စည်းလုံးလုံးနဲ့ ကိုယ့်ရဲ့သမိုင်း‌ပေးတာဝန်ကို ‌ကျေပွန်‌အောင် ထမ်း‌ဆောင်သွားကြဖို့ လိုအပ်တယ်လို့ ‌ပြောချင်ပါတယ်။