Home ဆောင်းပါး လက်‌တွေ့ကျပြီး တန်းတူရည်တူ၊ ‌သွေးရိုးသားရိုး၊ ညှိနှိုင်း‌ဆွေး‌နွေးကြရန်

လက်‌တွေ့ကျပြီး တန်းတူရည်တူ၊ ‌သွေးရိုးသားရိုး၊ ညှိနှိုင်း‌ဆွေး‌နွေးကြရန်

1849

(‌မောင်‌ကျော်စွာ)

၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၁ဝရက်

“တစ်ပြည်လုံးအပစ်အခတ်ရပ်စဲ‌ရေး”သည် အလှမ်း‌ဝေးလျက်ရှိ၏။ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ“ ပြင်ဆင်‌ရေးအတွက် ‌မေတ္တာရပ်ခံ ထားသည့် “၄ပွင့်ဆိုင်” ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ဆိုသည်ကလည်း ‌မျှော်လင့်ချက်မရှိ‌ချေ။ လမ်းပိတ်‌နေပြီ။ မည်သို့‌ရှေ့ဆက်ကြမည် နည်း။ ညှိနှိုင်း‌ဆွေး‌နွေးကြဖို့လိုပါသည်။ တန်းတူရည်တူ ‌သွေးရိုးသားရိုး ညှိနှိုင်း‌ဆွေး‌နွေးကြမည်ဆိုလျှင် ပိတ်‌နေ‌သောလမ်းပွင့်ပြီး ‌ရှေ့ခရီးဆက်နိုင်ပါလိမ့်မည်။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ပြင်ဆင်‌ရေးကို အာဏာရကြံ့ဖွံ့ပါတီမှ ဖွဲ့‌ပေးထားသည့် ၁၀၉ဦး‌ကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်းသာ လွှတ်‌တော်သို့တင်ပြီး လွှတ်‌တော်၌ အများစုဖြစ်‌သော ကြံ့ဖွံ့အမတ်များနှင့် စစ်သားအမတ်များက စိတ်ကြိုက် အဆုံးအဖြတ်‌ပေး မည်ဆိုလျှင် တစ်ဖက်သတ်ကျသည့်အ‌ဖြေသာ ထွက်လာမည်။ အင်အားစုအားလုံး လက်ခံနိုင်သည့် အ‌ဖြေမရနိုင်ပါ။ အတိုက်အ ခံပါတီကြီးဟုဆို‌သော ဒီချုပ်၏အမတ်များသည် ၁၀၉ဦး ‌ကော်မတီတွင်လည်း အနည်းစု ၇ဦးသာ ဖြစ်သည်။

တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေးတွင်လည်း အလားတူပင် ဖြစ်သည်။ နိုဝင်ဘာလ ၄ရက်‌နေ့က မြစ်ကြီးနားမြို့၌ အစိုးရဘက်မှ ‌ပေးအပ်လာသည့် “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်”တွင် ပါရှိ‌သော ရပ်တည်ချက်သ‌ဘောထားအတိုင်းသာ ဦးသိန်း စိန်ကြံ့ဖွံ့အစိုးရက ဆက်လက် ဆုပ်ကိုင်‌ဆွေး‌နွေးမည်ဆိုလျှင် တစ်ပြည်လုံးအပစ်ခတ်ရပ်စဲ‌ရေး ဖြစ်‌မြောက်လာနိုင်စရာအ ‌ကြောင်း လုံးဝ မရှိ‌တော့‌ချေ။ စာချုပ်ပါသ‌ဘောထားသည် လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများ ချွင်းချက်မရှိ လက်နက်ချ ပြီး “၂၀၀၈အ‌ခြေခံဥပ‌ဒေ”‌အောက် ‌ခေါင်းငုံ့ဝင်‌ရေးသာဖြစ်သည်။

လွှတ်‌တော်ထဲဝင်ပြီး ‌ဆောင်ရွက်လျှင် “တစ်စုံတစ်ရာ ဖြစ်နိုင်‌ကောင်းသည်”ဟု ဒီချုပ် အပါအဝင် အတိုက်အခံ နိုင်ငံ‌ရေးပါတီအ ချို့ ‌တွေးထင်စိတ်ကူး ‌မျှော်လင့်ခဲ့သမျှသည်လည်း သဲထဲ‌ရေသွန်သည့်ပမာ ထင်တိုင်းမ‌ပေါက်သည်ကို လွှတ်‌တော်တွင်း အတိုက် အခံ နိုင်ငံ‌ရေးပါတီများ၏ လက်‌တွေ့ဘဝက ထင်ထင်ရှားရှား အ‌ဖြေ‌ပေး‌နေပြီ ဖြစ်သည်။

မည်သူတင်သွင်းသည့် “အဆိုတစ်ရပ်” သို့မဟုတ် တိုင်းပြည်နှင့် လူမျိုးစုံပြည်သူများအတွက် မည်မျှပင် ‌ကောင်းမွန်သည့် “ဥပ‌ဒေ ကြမ်းတစ်ခု”ပင် ဖြစ်‌နေပါ‌စေ အများစုဖြစ်‌သော ကြံ့ဖွံ့ပါတီနှင့် စစ်သားအမတ်များ လက်မခံလျှင် အ‌ကောင်အထည်‌ပေါ်လာစရာ အ‌ကြောင်းမရှိ။ လွှတ်‌တော်တွင်း ဆုံးဖြတ်မှုမှန်သမျှကို အာဏာရပါတီ၏ လွှတ်‌တော်အမတ်များ ရာစုကသာ ဆုံးဖြတ်ခြင်းဖြစ် သည်။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ကို ပြင်ဆင်ခြင်း သို့မဟုတ် အသစ်‌ရေးဆွဲခြင်း မပြုနိုင်သမျှ ကာလပတ်လုံး ဒီမိုက‌ရေစီစံနှုန်း ပြည့်ဝ‌ရေး၊ ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေး၊ သမ္မတဖြစ်‌ရေးတို့သည်လည်း စိတ်ကူးအိပ်မက်အဖြစ်သာ ရှိမြဲရှိ‌နေပါလိမ့်မည်။

လွှတ်‌တော်တွင်း အတိုက်အခံ အမတ်ဦး‌ရေ စုစု‌ပေါင်းကလည်း အာဏာရပါတီကို ဖိအား‌ပေးနိုင်‌လောက်သည့် အင်အားမရှိ‌ချေ။ သို့ပါ၍ လွှတ်‌တော်တွင်း အင်အားချိနဲ့လှသည့် (အာဏာရပါတီအမတ်များ စုစု‌ပေါင်း၏ အစွန်းထွက်မျှပင် မရှိ‌သော) အတိုက်အ ခံပါတီများမှ အမတ်များမှာ “ကန့်ကွက်ပါသည်” ‌ပြောဆိုခြင်းထက် ဘာမျှပို၍ ‌ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်‌ချေ။ လွှတ်‌တော် တွင်း အတိုက်အခံပါတီအမတ်များ၏ “ကန့်ကွက်ပါသည်”ဆို‌သော ‌ပြောဆိုသံကပင် “၂၀၀၈အ‌ခြေခံဥပ‌ဒေနှင့် စည်းကမ်းပြည့်ဝ ‌သော ဒီမိုက‌ရေစီ”ကို အ‌ရောင်တင် အလှခြယ်‌ပေး‌နေခြင်းမျှသာ ဖြစ်‌နေ‌တော့သည်။

ဤအတိုင်းဆိုလျှင် လူမျိုးစုံပြည်သူများ လိုလား‌နေသည့် ပြည်တွင်းစစ်ရပ်စဲ‌ရေး၊ ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌ရေး၊ အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေး (သို့မဟုတ်) အသစ်‌ရေးဆွဲ‌ရေးတို့သည် လွှတ်‌တော်တွင်းနည်းလမ်းဖြင့် အ‌ကောင်အထည်‌ပေါ်လာနိုင်စရာ အ‌ကြောင်းမရှိ‌တော့‌ချေ။
အထင်အရှား မြင်‌တွေ့‌နေရ‌သောအချက်မှာ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ကို တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုက‌ရေစီ အင်အားစု များက လက်ခံနိုင်ခြင်းမရှိသည့် အချက်ဖြစ်သည်။ “၂၀၀၈အ‌ခြေခံဥပ‌ဒေ”ကို ပြင်ရမည် သို့မဟုတ် အသစ်ပြန်လည်‌ရေးဆွဲရမည် ဟူ၍ သ‌ဘောထား ထုတ်‌ဖော်‌နေကြသည်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများဘက်က နိုင်ငံ‌ရေး ‌ဆွေး‌နွေးလိုသည့်အချက်မှာလည်း ဒီမိုက‌ရေစီ‌ရေး၊ တန်းတူ‌ရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ‌သော ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးဖြစ်သည်။ ဒီမိုက‌ရေစီ အင်အားစုများဘက်ကလည်း ဒီမိုက‌ရေစီ‌ရေး၊ တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ‌သော ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးသာ ဖြစ်သည်။ အ‌ခြေခံ ခြင်း တူ‌နေပြီဖြစ်သည်။

တူ‌နေ‌သော အ‌ခြေခံ‌ပေါ်တွင် အင်အားစုအားလုံး အတူတကွ ‌လျှောက်လှမ်းနိုင်မည့် လက်‌တွေ့လုပ်ငန်းစဉ်တစ်ခု ချမှတ်ပြီး လူမျိုး စုံပြည်သူများထံ ရှင်းလင်းတင်ပြကာ လက်ရှိ ကြံ့ဖွံ့အစိုးရအ‌ပေါ် အ‌ရေးဆိုသင့်သည်။ အတိုက်အခံများအတွက် လမ်းမ‌ပေါ်က ပြည်သူများ၏ အင်အားသည်သာ မှီခိုအားထားစရာဖြစ်သည်။ လမ်းမ‌ပေါ်က ပြည်သူများအင်အား စွမ်းပကားကို ‌မေ့‌လျော့၊ ပစ် ပယ်၊ အ‌လေးမထားဘဲ ‌နေမည်ဆိုလျှင် အာဏာရအုပ်စိုးသူများ၏ ပြုသမျှ နုမြဲနု‌နေရ‌ပေလိမ့်မည်။

ယခုအခါ နိုင်ငံ‌ရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ ‌တွေ့ခွင့်၊ ဆုံခွင့်ရ‌နေကြပြီလည်း ဖြစ်သည်။ သို့ပါ၍ အတိုက်အခံ နိုင်ငံ‌ရေးပါတီများ၊ လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများ အလျင်အမြန် ‌ဆွေး‌နွေးတိုင်ပင် ညှိနှိုင်းကြသင့်ပြီ ဖြစ်ပါသည်။

အချိန်နှင့် ‌ငွေ‌ကြေးတို့ကို အလဟဿ ဖြုန်းတီး‌နေသည့် “လုပ်ငန်း‌ကော်မတီ၊ ဦး‌အောင်မင်းနှင့် MPC”တို့၏ ဗုံမဟုတ်၊ ပတ်မ ဟုတ် ပါမစ်ငြိမ်းချမ်း‌ရေး၊ မုသာဝါဒ ‌လေ‌ပွေဝဲက‌တော့ကို ချက်ချင်းရပ်ဆိုင်းပစ်ကာ လူမျိုးစုံပြည်သူများ၏ ‌မျှော်လင့်ချက်များအ တွက် လက်‌တွေ့ကျပြီး တန်းတူရည်တူ၊ ‌သွေးရိုးသားရိုး၊ ညှိနှိုင်း‌ဆွေး‌နွေးကြရန် တိုက်တွန်းနှိုး‌ဆော်လိုက်ရပါသည်။