Home သတင်း ဘိတ်-ထားဝယ်ခရိုင်တွင် KNU လူထု‌တွေ့ဆုံရှင်းလင်းပွဲပြုလုပ်

ဘိတ်-ထားဝယ်ခရိုင်တွင် KNU လူထု‌တွေ့ဆုံရှင်းလင်းပွဲပြုလုပ်

2802

ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီတိုင်း‌ဒေသကြီးရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင်က ထားဝယ်မြို့နယ်၊ ‌မေတ္တာမြို့နယ်ခွဲ၊ ‌ဖော့‌တော(‌ဖော်‌ဒေါ)‌ကျေးရွာတွင် လူထု‌တွေ့ဆုံရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ဝ ရက်မှ ၁၃ ရက်‌နေ့အထိ ပြုလုပ်သည့် ၎င်းရှင်းလင်းပွဲတွင် KNU ၏ ‌ရှေ့ဆက်လုပ်‌ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ကရင်လူထုများ သိမြင်နားလည်‌စေရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်သည်ဟု KNU ဘိတ်-ထားဝယ်ခရိုင် တွဲဖက်အတွင်း‌ရေးမှူးဖြစ်သူ ပဒို‌စောအဲ့နာက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌စောအဲ့နာက “ကျ‌နော်တို့ KNU ဘိတ်-ထားဝယ်ခရိုင်အ‌နေနဲ့ လက်ရှိ‌ဖော်‌ဆောင်‌နေတဲ့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်‌တွေကို လူထု‌တွေရှင်းရှင်းသိမြင်‌စေဖို့ရယ်၊ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်တဲ့အခါမှာ အစိုးရ၊ KNU၊ ပြည်သူလူထု‌တွေ ဘယ်လိုပူး‌ပေါင်း လုပ်‌ဆောင်သွားကြမလဲဆိုတာ ချပြ‌ဆွေး‌နွေးခြင်းဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

အဆိုပါလူထု‌တွေ့ဆုံရှင်းလင်းပွဲကို KNU ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒို‌စောဘီးလယ်အပါအဝင် အတွင်း‌ရေးမှူး၊ တွဲဖက်အတွင်း‌ရေးမှုးများ၊ ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်း ၈ ဖွဲ့နှင့်အတူ မြို့နယ်နှင့် ‌ကျေးရွာ‌ပေါင်း ၂ဝ ‌ကျော်တို့မှ လူထုကိုယ်စားလှယ် စုစု‌ပေါင်း ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

လူထုရှင်းလင်းပွဲအခမ်းအနားသို့ တက်‌ရောက်ခဲ့သည့် ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်းဖြစ်သည့် ကရင်သဘာဝ ပတ်ဝန်းကျင် လှုပ်ရှားမှုအဖွဲ့(KESAN)၏ ဒါရိုက်တာဖြစ်သူ ‌စော‌ပေါလ်စိန်ထွားက ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေ သည့် ကာလအတွင်း ဘိတ်-ထားဝယ်‌ဒေသတွင် ဖွံ့ဖြိုး‌ရေးစီမံကိန်းများ‌ကြောင့် ထိခိုက်လာနိုင်သည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာများကို ၎င်းတို့ချပြ‌ဆွေး‌နွေးခဲ့ကြ သည်ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“အခုဒီထားဝယ်ဘက်မှာ ဖွံ့ဖြိုး‌ရေး‌ကြောင့် ‌မြေယာဆုံရှုံးမှု ပြဿနာ‌တွေ အများဆုံးဖြစ်တယ်။ ဥပမာအ‌နေနဲ့ လမ်း‌ဖောက်တာတို့၊ သတ္တုတူး‌ဖော်တာတို့‌ပေါ့။ သတ္တုတူး‌ဖော်မှု‌တွေ‌ကြောင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်တာ‌တွေလည်း အများကြီး‌တွေ့ရတယ်”ဟု သူက ‌ပြောသည်။

ရှင်းလင်းပွဲသို့ တက်‌ရောက်‌သော မြို့နယ်၊ ‌ကျေးရွာအုပ်စု ‌ဒေသခံကိုယ်စားလှယ်များကလည်း ဘိတ်-ထားဝယ် ‌ဒေသ၌ ဖွံ့ဖြိုး‌ရေးစီမံကိန်း‌ကြောင့် ‌ဒေသခံများ မှီခို‌နေရ‌သော လယ်ယာ‌မြေများ၊ မြစ်‌ချောင်းအင်းအိုင်များ ‌နောက်ထပ်ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်‌နေကြ‌ကြောင်း ‌ဆွေး‌နွေးတင်ပြခဲ့ကြသည်ဟု သိရသည်။

‌ဒေသခံကိုယ်စားလှယ်များ၏ ‌ဆွေး‌နွေးတင်ပြချက်နှင့် ပတ်သက်၍ KNU ဘိတ်-ထားဝယ်ခရိုင် တွဲဖက်အတွင်း ‌ရေးမှူး ‌စောအဲ့နာက ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်စဉ်ကာလအတွင်း လက်ရှိ ဘိတ်-ထားဝယ်‌ဒေသ၌ လုပ်‌ဆောင်‌နေ သည့် ဖွံ့ဖြိုး‌ရေးစီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ‌ဒေသခံများ၏ ဘဝလုံခြုံမှု မထိခိုက်‌အောင် KNU မှ ချမှတ်ထားသည့်မူများနှင့်အညီ လုပ်‌ဆောင်သွားမည်ဟု ‌ပြောဆိုသည်။

KNU သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူ ညီချက်ရယူပြီး‌နောက် ကရင်လက်နက်ကိုင် အဖွဲ့များနှင့် ပြည်တွင်းကရင်နိုင်ငံ‌ရေးပါတီများပါဝင်သည့် ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး ‌ကော်မတီ(KUPC)ကို ဖွဲ့စည်းကာ ကရင်များ‌နေထိုင်ရာ တိုင်း‌ဒေသကြီးနှင့် မြို့နယ်များတွင် လူထုရှင်းလင်းပွဲများ ကျင်းပလာသည်နှင့်အမျှ KNU မှလည်း ၎င်းတို့ ထိန်းချုပ်နယ်‌မြေအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် အလျဉ်းသင့် သလို လူထုရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။