Home သတင်း ဖားအံလူထု ၅၀၀‌ကျော် ကမ္ဘာ့ HIV/AIDS တိုက်ဖျက်‌ရေး‌နေ့တွင် လမ်း‌လျှောက်ချီတက်

ဖားအံလူထု ၅၀၀‌ကျော် ကမ္ဘာ့ HIV/AIDS တိုက်ဖျက်‌ရေး‌နေ့တွင် လမ်း‌လျှောက်ချီတက်

2616

ဒီဇင်ဘာ ၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့၌ ဒီဇင်ဘာ ၁ရက်‌နေ့က ကျ‌ရောက်‌သော ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်‌ရောဂါ (HIV/ AIDS) တိုက် ဖျက်‌ရေး‌နေ့တွင် မြို့ခံလူငယ်များ အပါအဝင် လွှတ်‌တော်အမတ်များ၊ ပြည်နယ်ဝန်ကြီးများ စုစု‌ပေါင်း လူ ၅၀၀‌ကျော် လမ်း‌လျှောက်ချီ တက်ပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

ချီတက်ပွဲတွင် ပါဝင်သူများသည် HIV/AIDS တိုက်ဖျက်‌ရေး ဖဲကြိုးနီအမှတ်တံဆိပ်ပါ အကျင်္ီများဝတ်ဆင်ကာ ဆိုင်းဘုတ်များ ကိုင်‌ဆောင်၍ နံနက် ၄နာရီ၌ ဖားအံ-လှိုင်းဘွဲ-မြဝတီလမ်းခွ၊ ပြည်နယ်အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးရုံး‌ရှေ့နှင့် ဖားအံမြို့လယ် နာရီစင်တို့တွင် စု‌ဝေးခဲ့ကြပြီး နံနက် ၅နာရီ၌ ဖားအံမြို့ရှိ ‌အောင်သံလွင်အားကစားကွင်းသို့ ချီတက်လမ်း‌လျှောက်ခဲ့ကြခြင်းဖြစ်သည်။

ချီတက်လမ်း‌လျှောက်သူ နန်း‌အေးခိုင်က “ဒီ‌ရောဂါ‌ကြောင့် လူငယ်‌တွေက သား‌ကောင်ဖြစ်ကြရတယ်။ ဒီ‌ရောဂါ စု‌ပေါင်းကာကွယ် ဖို့ လူငယ်လူကြီးအားလုံး ပါဝင်သင့်တယ်။ ဒါ‌ကြောင့် ဒီလိုမျိုး စု‌ပေါင်းချီတက် လမ်း‌လျှောက်ခွင့်ရတာ ဝမ်းသာတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကမ္ဘာ့ခုခံအားကျဆင်း‌ရေးတိုက်ဖျက်‌ရေး‌နေ့ ချီတက်လာသူများအားလုံးက သံလွင်ကွင်းအ‌ရောက်တွင် လူငယ်များ ကျန်းမာ‌ရေး၌ စိတ်ဝင်စားလာ‌စေရန် ရည်ရွယ်၍ ကာယ‌လေ့ကျင့်ခန်းများ ကစားခဲ့ကြပြီး နံနက် ၈နာရီခွဲတွင် ချီတက်ပွဲ ပြီးဆုံးသွားခဲ့သည်။

ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီမြို့တို့တွင် ၂၀၁၃ခုနှစ်အထိ HIV/AIDS ‌ရောဂါ ကူးစက်ခံရသူ အမျိုးသား၊ အမျိုးသမီး‌ပေါင်း ၂၀၃၄ဦးရှိရာ ၎င်းတို့အနက် ‌ဝေဒနာရှင် ၄၂ဝဦးကို HIV/AIDS ‌ဆေးတစ်မျိုးဖြစ်သည့် ART ‌ဆေးတိုက်‌ကျွေးလျှက်ရှိ‌ကြောင်း ဖားအံမြို့ရှိ ‌ဒေါက်တာ‌ဒေါ်နိုင်နိုင်ထွန်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“HIV/AIDS ‌ဝေဒနာရှင်‌တွေကို ART ‌ဆေးတိုက်‌ကျွေး‌နေပါတယ်။ လာမယ့် ၂၀၁၄ မှာ‌တော့ ‌ရောဂါ‌ဝေဒနာရှင်တိုင်း ART ‌ဆေး ကို အားလုံး ‌သောက်သုံးနိုင်မယ်။ (‌ငွေ‌ကြေး)ဘတ်ဂျက်‌တွေကို‌တော့ နိုင်ငံ‌တော်နဲ့ INGO, NGO ‌တွေက ‌ထောက်ပံ့ကူညီ‌ပေးပါ တယ်။”ဟု ‌ဒေါက်တာနိုင်နိုင်ထွန်းက ရှင်းပြသည်။

လမ်း‌လျှောက်ချီတက်ပွဲတွင် ပါဝင်သည့် ART ‌ဆေး‌သောက်သုံး‌နေရသူ ဖားအံမြို့ခံလူငယ် HIV ‌ဝေဒနာရှင်တစ်ဦးက ကရင်ပြည် နယ်တွင် ကမ္ဘာ့ကိုယ်ခံအားကျဆင်းမှု တိုက်ဖျက်‌ရေး‌နေ့ကို အထိမ်းအမှတ်အ‌နေဖြင့် လုပ်‌ဆောင်‌ပေးသည့်အတွက် ‌ရောဂါ‌ဝေဒ နာရှင်များကိုယ်စား အတိုင်းမသိ ဝမ်းသာ‌ကြောင်း ‌ပြောဆိုသည်။

သူက “ကျ‌နော် ‌ရောဂါ‌ဝေဒနာရှင်အဖြစ် စတင် ကူးစက်ခံရတာ ၂နှစ်‌ကျော်ပြီ။ ဖားအံ‌ဆေးရုံက ဆရာ၊ဆရာမများရဲ့ ကုသမှုနဲ့ ART ‌ဆေးစားပြီး ကျန်းမာလာတယ်။ အခုလို လမ်း‌လျှောက်ပွဲမှာလည်း လာနိုင်တယ်။ အလုပ်‌တွေကိုလည်း အများနည်းတူ လုပ် နိုင်တယ်။ ဆရာ၊ ဆရာမ‌တွေလည်း လူနာ‌တွေအ‌ပေါ် ခွဲခြားဆက်ဆံမှုလည်း မရှိဘူး။”ဟု ဆိုသည်။

AIDS 1-13

ဖားအံမြို့တွင် ကမ္ဘာ့ HIV/AIDS တိုက်ဖျက်‌ရေး‌နေ့အထိမ်းအမှတ်အဖြစ် ချီတက်လမ်း‌လျှောက်ပွဲ ဖြစ်‌မြောက်ရန် ဖားအံလူငယ် များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ လူငယ်များနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ စု‌ပေါင်း၍ ပထမဆုံးအကြိမ် လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေးအွာ၊ မန်းကံညွှန့်နှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ‌စောခင်‌မောင်မြင့်တို့လည်း ပါဝင်ခဲ့ကြ သည်။