Home သတင်း ပျံလွန်‌တော်မူသွားသည့် ‌ကော့မူးရာ ဆရာ‌တော်၏ အရိုးနှင့် ပြာမှုန့်ကို အုတ်ဂူသွင်း

ပျံလွန်‌တော်မူသွားသည့် ‌ကော့မူးရာ ဆရာ‌တော်၏ အရိုးနှင့် ပြာမှုန့်ကို အုတ်ဂူသွင်း

1850

ဒီဇင်ဘာ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရခရိုင် အုန်းဖျန်ကရင်ဒုက္ခသည်စခန်း၌ စက်တင်ဘာလက ပျံလွန်‌တော်မူသွားသည့် အထင်ကရ ဆရာ‌တော် တစ်ပါးဖြစ်‌သော ‌ကော့မှူးရာ‌ကျောင်းတိုက်ဆရာ‌တော် အရှင်ဉာဏဝရ၏ ရုပ်ကလပ်ကို မီးသၤဂြိုလ်ပြီး‌နောက် ကျန်ရှိသည့် အရိုးနှင့် ပြာအမှုန့်ကို ဂူသွင်းလိုက်ပြီးဖြစ်သည်။

မီးသၤဂြိုလ်၍ ကျန်ရှိ‌သော ဆရာ‌တော် အရှင်ဉာဏဝရ၏ အရိုးနှင့် ပြာအမှုန့်ကို ယူကာ ရက်(၁၀၀)အကြာတွင် ဗုဒ္ဓဘာသာဓ‌လေ့ထုံးတမ်းနှင့်အညီ ‌သောင်ရင်းမြစ်အတွင်းသို့ သွား‌မျှောမည်ဟု မူလက စီစဉ်ထား‌သော်လည်း သွားလာ‌ရေးအခက်အခဲ‌ကြောင့် အုန်းဖျန်ဒုက္ခသည်စခန်းမှာပင် ပွဲ‌တော်ပြုလုပ်ပြီး ဒီဇင်ဘာ ၁၅ရက်‌နေ့က အုတ်ဂူသွင်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ပျံလွန်‌တော်မူသွားသည့် အရှင်ဉာဏဝရကို ရဟန်းပြု‌ပေးခဲ့‌သော ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ဘုန်းကြီးရမ်ဘို (‌ခေါ်) ဦးဇဝနက “အစက‌တော့ သူ့ရဲ့ပြာမှုန့်ကို ‌သောင်ရင်းမြစ်ထဲ သွား‌မျှောမယ်‌ပေါ့။ ဟိုမှာ သွားရင် သွားလာ ‌ရေးအတွက် စီစဉ်ရတာ မလွယ်သလို သွားချင်တဲ့သူ‌တွေ အကုန်မသွားနိုင်ဘူး။ ဒါ‌ကြောင့် ဒီအုန်းဖျန်စခန်းမှာ ပဲ ဂူသွင်းဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ‌ကေအိုင်စီသို့ မြွတ်ကြားသည်။

အရှင်ဉာဏဝရအား ရည်စူး၍ ၎င်း၏ အရိုးနှင့် ပြာမှုန့် အုတ်ဂူသွင်းခြင်း မပြုလုပ်မီ အုန်းဖျန်စခန်းရှိ ဘုန်းကြီး ‌ကျောင်း၌ ညဘက် ၇နာရီမှ ၉နာရီအထိ နှစ်ရက်ဆက်တိုက် တရားပွဲ‌တော် ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

DSC07267
ထို့အပြင် အရိုးနှင့် ပြာမှုန့် အုတ်ဂူသွင်းသည့်‌နေ့တွင် ပြည်တွင်းပြည်ပနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဗုဒ္ဓဘာသာ ဘုန်း‌တော်ကြီး‌ကျောင်း ၇ဝ ‌ကျော်မှ ဆရာ‌တော်၊ သံဃာ‌တော်များအပါအဝင် ရပ်‌ဝေးရပ်နီး ဒကာ၊ ဒကာမ‌ပေါင်း (၂,၀၀၀)‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု အုန်းဖျန်ဒုက္ခသည်စခန်း ဥက္ကဌလည်းဖြစ်၊ အရှင်ဉာဏဝရ၏ ဒကာ တစ်ဦးလည်းဖြစ်သူ ‌စောဝါးထီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောဝါးထီးက “ဒီအုန်းဖျန်မှာပဲ ဂူသွင်းပွဲလုပ်တဲ့အတွက် လူ‌တွေ ‌တော်‌တော်လာနိုင်ကြတယ်။ ‌နောက် ဆရာ ‌တော်ရဲ့ ‌မောင်နှမ၊ ‌ဆွေးမျိုးသားချင်း‌တွေလည်း လာကြတယ်။ ဂူသွင်းတဲ့‌နေ့မှာ ဒုံးယိမ်းအက ခုနှစ်ဖွဲ့ကလည်း လာ‌ရောက် ‌ဖျော်‌ဖြေကပြခဲ့တယ်”ဟု ‌ပြောဆိုသည်။

အုန်းဖျန်ဒုက္ခသည်စခန်းရှိ ဘုန်းကြီး‌ကျောင်း၌ အရှင်ဉာဏဝရ ပျံလွန်‌တော်မူသွားပြီး‌နောက် ‌ကျောင်းထိုင် ဆရာ‌တော်အသစ် ရှာရန် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလတွင် ထိုင်း-မြန်မာနယ်စပ်ရှိ သံဃာ‌တော်များနှင့် ဒကာ၊ ဒကာမများက ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း ‌စောဝါးထီးက ဆက်‌ပြောသည်။

ပျံလွန်‌တော်မူချိန်၌ သက်‌တော် ၅၇နှစ်၊ ဝါ‌တော် ၃၇ဝါရှိပြီဖြစ်‌သော ဆရာ‌တော် အရှင်ဉာဏဝရသည် ကရင့် ‌တော်လှန်‌ရေးအ‌ပေါ် သစ္စာရှိသူဟု သတ်မှတ်ခံရသူဖြစ်သလို သာသနာ‌ရေးနှင့် ကရင့်စာ‌ပေတိုးတက်မြှင့်မား‌ရေး အတွက် ကြိုးပမ်း‌ဆောင်ရွက်ရင်း ‌နောက်ဆုံး ၎င်းသတင်းသုံး‌နေထိုင်ရာ အုန်းဖျန်ကရင်ဒုက္ခသည်စခန်း ဘုန်းကြီး‌ကျောင်း၌ စက်တင်ဘာ ၃ရက်‌နေ့က ‌သွေးတိုး‌ရောဂါဖြင့် ပျံလွန်‌တော် မူခဲ့ခြင်းဖြစ်သည်။