Home သတင်း ပဲခူးတိုင်း‌ဒေသကြီး၌ လာမည့်ပညာသင်နှစ်တွင် ကရင်စာ‌ပေ တစ်‌ပြေးညီ စတင် သင်ကြားမည်

ပဲခူးတိုင်း‌ဒေသကြီး၌ လာမည့်ပညာသင်နှစ်တွင် ကရင်စာ‌ပေ တစ်‌ပြေးညီ စတင် သင်ကြားမည်

1737

ဒီဇင်ဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီးတွင် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ အစိုးရအ‌ခြေခံပညာ‌ကျောင်းများ၌ ကရင်စာ‌ပေကို တစ်‌ပြေး ညီ စတင် သင်ကြားသွားမည်ဖြစ်‌ကြောင်း ၎င်းတိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောဂျူးဗလီစံလှက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပဲခူးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးရုံးခန်း၌ ပဲခူးတိုင်း ကရင်စာ ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ၊ တိုင်းအဆင့်ပညာ‌ရေးဌာန တာဝန်ရှိသူများနှင့် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးတို့ ဒီဇင်ဘာ ၉ ရက်‌နေ့တွင် အစည်းအ‌ဝေးပြုလုပ်ပြီး‌နောက် ယင်းသို့ သင်ကြားရန် သ‌ဘောတူဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဝန်ကြီး‌စောဂျူးဗလီစံလှက “ကရင်စာ‌ပေသင်ကြားဖို့က သက်ဆိုင်ရာက ခွင့်ပြုလိုက်ပါပြီး။ ဒီ‌တော့ တိုင်း‌ဒေသကြီးအတွင်းမှာရှိ တဲ့ ကရင်‌ကျောင်းသားဦး‌ရေ ပုံနှိပ်စာအုပ်ရိုက်နှိပ်‌ရေး၊ သင်ကြားဖို့ ဆရာဆရာမ‌တွေ ဒါ‌တွေကို ပြင်ဆင်ဖို့အချိန်နဲ့ တွက်ပြီး‌တော့ လာမဲ့ပညာသင်နှစ်မှာ စသင်ဖို့ ‌ကော်မတီက သ‌ဘောတူလိုက်တယ်။ ‌ကော်မတီဝင်‌တွေအားလုံး သ‌ဘောထားနဲ့ ဆုံးဖြတ်လိုက် တာပါ။”ဟု ‌ပြောသည်။

ထိုသို့သင်ကြားရာတွင် ကရင်စာသင်ကြား‌ပေးမည့် ဆရာ၊ဆရာမများ မရှိသည့်‌ကျောင်းများအတွက် သက်ဆိုင်ရာမြို့နယ်ရှိ ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများက ကရင်စာသင်ကြား‌ပေးနိုင်သူများရှိသည့် ဘာသာ‌ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ရှာ‌ဖွေသွားရန်ကိုလည်း ၎င်းအစည်းအ‌ဝေးတွင် သ‌ဘောတူခဲ့ကြသည်။

“ကရင်စာ‌ပေ သင်‌ပေးမဲ့ ဆရာ၊ ဆရာမကို သက်ဆိုင်ရာက တစ်လကို ‌ထောက်ပံ့‌ကြေး ကျပ်သုံး‌သောင်းချီးမြှင့်မယ်။ ဒါကိုသင်တဲ့ ဆရာဆရာမ‌တွေရရှိဖို့ကိုလည်း လုပ်‌ဆောင်‌ပေးသွားမယ်။”ဟု ‌ညောင်‌လေးပင်မြို့နယ်၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ၏ အမှတ်(၁) တိုင်း‌ဒေသကြီးလွှတ်‌တော် ကိုယ်စားလှယ် ‌စောလင်း‌အောင်က ‌ပြောဆိုသည်။

လက်ရှိအချိန်တွင် ‌နေရာအများစု၌ ကရင်စာ‌ပေကို ‌နွေရာသီ‌ကျောင်းပိတ်ရက်အတွင်း နှစ်လခန့် သင်ကြား‌ပေးမှုများ ရှိ‌သော် လည်း အားရ‌ကျေနပ်မှုမရှိ‌ကြောင်း၊ ယခုကဲ့သို့ စာသင်‌ကျောင်းများတွင် တနှစ်လုံးနီးပါး ဖတ်စာအုပ်ဖြင့် သင်ယူမည်ဆိုပါက ‌ကောင်းမွန်သည့်အပြင် ကရင်‌ကျောင်းသားမိဘအများစုကလည်း သင်ကြား‌စေရန် ဆန္ဒရှိသည်ကို‌တွေ့ရ‌ကြောင်း ပဲခူးတိုင်း‌ဒေသ ကြီးအ‌နောက်ခြမ်း ကြို့ပင်‌ကောက်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ နာယကအသင်းအုပ်ဆရာ ‌စောညီညီစန်းက ‌ပြောသည်။

လက်ရှိ ပဲခူးတိုင်း‌ဒေသကြီးအတွင်း ‌ညောင်‌လေးပင်နှင့် ‌ပေါက်‌ခေါင်းမြို့နယ်များရှိ စာသင်‌ကျောင်းတချို့တွင် ‌ကျောင်းချိန်ပြင်ပ ကရင်စာ‌ပေသင်ကြား‌ပေးမှုများရှိ‌သော်လည်း သင်ကြားသည့် ပုံနှိပ်စာအုပ်၊ ဆရာဆရာမများကို ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် သာ လုပ်‌ဆောင်‌နေခြင်းဖြစ်‌ကြောင်း သိရသည်။

အစိုးရအ‌ခြေခံပညာ‌ကျောင်းများတွင် တိုင်းရင်းသားစာ‌ပေများကို မူလတန်း‌အောက်အဆင့် သူငယ်တန်းမှ ဒုတိယတန်းအထိ ‌ကျောင်းချိန်ပြင်ပတွင် တရားဝင် သင်ကြားခွင့်‌ပေး‌ကြောင်း ၂၀၁၂ခုနှစ်၊ နှစ်လယ်ပိုင်း၌ အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။